Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျော်ဒန် ဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်ပြီး ၁၁ ဦးထက်မနည်း သေဆုံး

အက်ကာဘာရဲ့ တောင်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား လာရောက် အပန်းဖြေရာ ကမ်းခြေတစ်ခုကိုလည်း ယာယီ ပိတ်ထားပြီး ကမ်းခြေမှာ ရှိနေသူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဂျော်ဒန် ဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်ပြီး ၁၁ ဦးထက်မနည်း သေဆုံး
ဂျော်ဒန် ဆိပ်ကမ်းတစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်ပြီး ၁၁ ဦးထက်မနည်း သေဆုံး

ဂျော်ဒန် နိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ ကလိုရင်း ဓာတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၂၅၀ ကျော် ဆေးရုံ ရောက်ခဲ့ရကြောင်း သိရပါတယ်။

ဇွန်လ ၂၇ ရက်က ဓာတုပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကွန်တိန်နာ တစ်လုံးဟာ ကရိန်း ချွတ်ယွင်းမှုကြောင့် အမြင့်က ပြုတ်ကျပြီး ဓာတ်ငွေ့တွေ ပျံ့နှံ့ခဲ့တာလို့ ပြောပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ကွန်တိန်နာဟာ လေထဲမှာ တန်းလန်းကြီး ဖြစ်နေရာက ရုတ်တရက် ပြုတ်ကျလာပြီး ပွင့်ထွက်သွားတာ တွေ့ရပါတယ်။

ချက်ချင်းဆိုသလို အဝါရောင် ဓာတ်ငွေ့တွေက ပတ်ဝန်းကျင်အနှံ့ ဖုံးလွှမ်းသွားပြီး လူတွေက ဘေးလွတ်ရာကို သွေးရူးသွေးတမ်း ထွက်ပြေးနေတာ တွေ့ရပါတယ်။ ဆေးရုံ ရောက်သွားသူတွေထဲက ၂၀၀ လောက်ဟာ ရက်အတန်ကြာ ဆက်လက် ကုသမှု ခံယူဖို့ လိုအပ်ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်ကြောင်း အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

ကလိုရင်းဟာ စက်မှုလုပ်ငန်းတွေနဲ့ အိမ်သုံး သန့်ရှင်းရေး ပစ္စည်းတွေမှာ သုံးစွဲလေ့ရှိတဲ့ ဓာတ်ပစ္စည်းတစ်ခုပါ။ ပုံမှန်ဆိုရင် စိမ်းဝါရောင်ရှိတဲ့ ဓာတ်ငွေ့ကို သယ်ယူပို့ဆောင်တဲ့ အခါမှာ ဖိအားပေးပြီး အေးခဲထားလေ့ ရှိပါတယ်။ ကလိုရင်းကို ရှူသွင်းမိရင်၊ မျိုချမိရင်၊ အရေပြားနဲ့ တိုက်ရိုက် ထိတွေ့မိရင် ရေနဲ့ ဓာတ်ပြုပြီး အက်ဆစ်ဓာတ် ဖြစ်ပေါ်လာရာက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက် ပျက်စီးစေပါတယ်။

Public Service Announcement

Public Service Announcement

ကလိုရင်း ဓာတ်ငွေ့ကို အမြောက်အမြား ရှူသွင်းမိရင်တော့ အဆုတ်ထဲမှာ အရည်တွေ ပြည့်သွားပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အဆင့်ထိ ရောက်သွားတတ်ပါတယ်။ ဆိပ်ကမ်းမှာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပြီးတဲ့နောက် ၁၀ မိုင်လောက် အကွာက အက်ကာဘာ မြို့ထဲမှာ ဒေသခံတွေကို အိမ်အပြင် တတ်နိုင်သလောက် မထွက်ကြဖို့ အာဏာပိုင်တွေက အကြံပြု တိုက်တွန်းထားပါတယ်။

အက်ကာဘာရဲ့ တောင်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား လာရောက် အပန်းဖြေရာ ကမ်းခြေတစ်ခုကိုလည်း ယာယီ ပိတ်ထားပြီး ကမ်းခြေမှာ ရှိနေသူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဆိပ်ကမ်းမှာတော့ အခုလို ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ပွားတဲ့ ကိစ္စကို စုံစမ်းမှုတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။ ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ ကွန်တိန်နာရဲ့ သံမဏိ ဆိုင်းကြိုးတစ်ချောင်း ပြတ်တောက်သွားတာလို့ သိရပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်ခဲ့တဲ့ ကွန်တိန်နာဟာ ကလိုရင်းဓာတ်ငွေ့ ၂၅ တန်ကနေ တန် ၃၀ ကြားလောက် သိုလှောင်ထားပြီး ဂျဘူတီး နိုင်ငံကို တင်ပို့ဖို့ စီစဉ်ထားခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။