Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ဟိုက်ပါဆောနစ် ဒုံးကျည် သိပ္ပံပညာရှင်တစ်ဦး သစ္စာဖောက်မှုနဲ့ အဖမ်းခံရ

ရုရှား အစိုးရ မီဒီယာတွေက ဒေါက်တာ အလက်ဇန္ဒား ရှစ်ပလီယုခ် အဖမ်းခံရတဲ့ သတင်းကို ဩဂုတ် ၅ ရက်မှာ အတည်ပြု ဖော်ပြခဲ့ကြပါတယ်။ သူဟာ ရုရှား သိပ္ပံ အကယ်ဒမီရဲ့ ဆိုက်ဘေးရီးယား ဌာနခွဲမှာ သီအိုရီနဲ့ ဖြည့်စွက် စက်မှုနည်းပညာဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

ရုရှား ဟိုက်ပါဆောနစ် ဒုံးကျည် သိပ္ပံပညာရှင်တစ်ဦး သစ္စာဖောက်မှုနဲ့ အဖမ်းခံရ
ရုရှား ဟိုက်ပါဆောနစ် ဒုံးကျည် သိပ္ပံပညာရှင်တစ်ဦး သစ္စာဖောက်မှုနဲ့ အဖမ်းခံရ

နိုင်ငံရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာဆိုင်ရာ ဦးဆောင် သိပ္ပံပညာရှင် တစ်ဦးကို သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ရုရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ရုရှား အစိုးရ မီဒီယာတွေက ဒေါက်တာ အလက်ဇန္ဒား ရှစ်ပလီယုခ် အဖမ်းခံရတဲ့ သတင်းကို ဩဂုတ် ၅ ရက်မှာ အတည်ပြု ဖော်ပြခဲ့ကြပါတယ်။ သူဟာ ရုရှား သိပ္ပံ အကယ်ဒမီရဲ့ ဆိုက်ဘေးရီးယား ဌာနခွဲမှာ သီအိုရီနဲ့ ဖြည့်စွက် စက်မှုနည်းပညာဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

အခုနှစ် နွေရာသီမှာ ရုရှားက သိပ္ပံပညာရှင်တွေကို သစ္စာဖောက်အဖြစ် စွပ်စွဲ ဖမ်းဆီးတာ အခုဆိုရင် ၃ ဦးထိ ရှိလာခဲ့ပါပြီ။ ရှစ်ပလီယုခ် မတိုင်ခင် ဇွန်လကုန်က ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာဆိုင်ရာ တခြား ဦးဆောင် သုတေသီ တစ်ဦးဖြစ်တဲ့ အနာတိုလီ မက်စ်လော့ဗ်လည်း သစ္စာဖောက်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။ ရှစ်ပလီယုခ်ဟာ ဒုံးကျည်တွေရဲ့ ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းမှုမှာ အထောက်အကူ ဖြစ်စေတဲ့ လေစီးကြောင်းပြွန် ဒီဇိုင်းတွေကို အဓိက ဖန်တီးခဲ့သူလို့ ဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မက်စ်လော့ဗ်နဲ့ ရှစ်ပလီယုခ်တို့အပြင် ဇွန်လ ၃၀ တုန်းကလည်း ရုရှားရဲ့ လေဆာ ရူပဗေဒ သိပ္ပံ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒီမစ်ထရီ ကိုလ်ကာ အဖမ်းခံခဲ့ရပါတယ်။ သူဟာ တရုတ် ထောက်လှမ်းရေး ဌာနအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ခဲ့ရပြီး ပြင်းထန်တဲ့ ကင်ဆာ ရောဂါ ခံစားနေရတာကြောင့် အချုပ်အနှောင် ကာလမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ လက်နက် အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဟာ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာကို အပြိုင်အဆိုင် တီထွင် အဆင့်မြှင့်နေကြပါတယ်။ ဟိုက်ပါဆောနစ် နည်းပညာဟာ အနာဂတ် လက်နက် အားပြိုင်မှု နယ်ပယ်သစ်လို့ ညွှန်းဆိုခံရပြီး ရုရှားက ဦးဆောင်နေတယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။ ဟိုက်ပါဆောနစ် လက်နက်တွေဟာ အသံထက် ၅ ဆကျော် မြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို ပထမဆုံးအကြိမ် လက်တွေ့ အသုံးချ ပစ်ခတ်ခဲ့ပြီးပါပြီ။

လက်ရှိ အပြိုင်အဆိုင် တီထွင်နေတဲ့ ဟိုက်ပါဆောနစ် နည်းပညာဟာ အရမ်းမြင့်မားတဲ့ မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ လျှပ်ပြေးယာဉ် (HGV)ပုံစံ လက်နက်တွေ တည်ဆောက်ရေးအတွက် ဖြစ်ပါတယ်။ ရုရှားဟာ HGVဒီဇိုင်း ဟိုက်ပါဆောနစ် လက်နက်တွေကို အမှန်တကယ် ပိုင်ဆိုင်နေပြီလို့ ယုံကြည်ရပါတယ်။ ၂၀၁၈ တုန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ သူတို့ရဲ့ Avangardလို့ နာမည်ပေးထားတဲ့ ဟိုက်ပါဆောနစ် လက်နက် စီမံကိန်းရဲ့ ဒုံးကျည်တွေကို ဘယ်နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စနစ်ကမှ ကြားဖြတ် ဟန့်တားနိုင်မှာ မဟုတ်ကြောင်း ကြွေးကြော်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။