Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို ကျူးကျော်ပုံမျိုး တရုတ် စစ်ရေးလေ့ကျင့်နေတယ်လို့ အမေရိကန် စွပ်စွဲ

တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို ဝင်ရောက် တိုက်ခိုက်မယ့် ပုံစံမျိုး စီစဉ်ထားပြီး တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ အမြောက်အမြားကို စေလွှတ်ခဲ့တာ တွေ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ကို ကျူးကျော်ပုံမျိုး တရုတ် စစ်ရေးလေ့ကျင့်နေတယ်လို့ အမေရိကန် စွပ်စွဲ
ထိုင်ဝမ်ကို ကျူးကျော်ပုံမျိုး တရုတ် စစ်ရေးလေ့ကျင့်နေတယ်လို့ အမေရိကန် စွပ်စွဲ

ထိုင်ဝမ်ကျွန်းကို ကျူးကျော် သိမ်းပိုက်တဲ့ ပုံစံမျိုး သရုပ်တူ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ တရုတ်ကို အမေရိကန်က ရှုတ်ချ ဝေဖန်လိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်အပြီး တရုတ် ရေတပ်နဲ့ လေတပ်က ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေတာ ၄ ရက်ဆက်တိုက် ရှိခဲ့ပြီးပါပြီ။ အဲဒီ စစ်ရေး လေ့ကျင့်မှုတွေရဲ့ ပုံစံနဲ့ သဘောသဘာဝက တရုတ် အနေနဲ့ ထိုင်ဝမ်ကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ဖို့ ပြင်ဆင်သလို ဖြစ်နေကြောင်း အမေရိကန်က ပြောပါတယ်။

ထိုင်ဝမ်ဟာ ဒီမိုကရေစီ ထွန်းကားပြီး အမှီအခိုကင်းတဲ့ ကိုယ်ပိုင် နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်လိုပေမယ့် တရုတ်ကတော့ ပိုင်နက် နယ်မြေ တစ်ခုအဖြစ် သတ်မှတ် ယူဆထားပါတယ်။ ပလော့စီက တရုတ်ရဲ့ ခွင့်ပြုချက် မရဘဲ ထိုင်ဝမ်ကို တစ်ရက်ကြာ သွားရောက်ခဲ့ခြင်းက တရုတ်အတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ စစ်ရေးအရ ကန့်သတ် တုံ့ပြန်မှုတွေ ရှိလာစေမယ်လို့ တရုတ်က ကြုံးဝါးခဲ့ပြီး ထိုင်ဝမ်ကျွန်း တဝိုက်မှာ ဒုံးကျည် ပစ်ခတ်မှုတွေ အပါအဝင် အင်အားပြ စစ်ရေး လေ့ကျင့်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။ တရုတ် စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု သဘောထားတွေက ရန်လိုပြီး တာဝန်မဲ့လွန်းရာ ရောက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ တရုတ် စစ်တပ်ဟာ ထိုင်ဝမ်နဲ့ အမေရိကန်ကြားက အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကိုပါ ပိတ်ဆို့နေတယ်လို့ သူက စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ် စစ်တပ်ကလည်း တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား ပြင်ဆင် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို ဝင်ရောက် တိုက်ခိုက်မယ့် ပုံစံမျိုး စီစဉ်ထားပြီး တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ အမြောက်အမြားကို စေလွှတ်ခဲ့တာ တွေ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်ပေမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထိုင်ဝမ် ဝန်ကြီးချုပ် ဆူဆန်ချန်းက တရုတ်ဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေမယ့် စစ်ရေး လေ့ကျင့်မှုတွေကို တစ်ဖက်သတ် လုပ်ဆောင်နေတယ်လို့ ဝေဖန်သွားပါတယ်။ တရုတ်ဖက်ကတော့ ပလော့စီရဲ့ ခရီးစဉ်ကသာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှုတွေကို ဖျက်ဆီးပစ်ခဲ့တာလို့ စွပ်စွဲ ပြစ်တင်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ဝါဒကို တကျော့ပြန် အသက်သွင်းနေကြောင်း တရုတ်ရဲ့ စွပ်စွဲချက်အပေါ် ဂျပန်က ကန့်ကွက် ငြင်းဆိုသွားခဲ့ပါတယ်။

သတင်း

ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းက နာဂါဆာကီ ကမ်းလွန်က ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်မှာ ငါးခိုးဖမ်းနေတယ်လို့ ယုံကြည်ရတဲ့ တရုတ် ငါးဖမ်းလှေကို ဂျပန် ငါးလုပ်ငန်း အေဂျင်စီ တာဝန်ရှိသူတွေက ရပ်တန့်စေခဲ့ပါတယ်။ ဒါပေမဲ့ ရေယာဉ်မှူးက မနာခံဘဲ မောင်းပြေးခဲ့တာကြောင့် သူ့ကို ဖမ်းဆီးခဲ့တာ...

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီ အမေရိကန်က နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စီး ထပ်မံ စေလွှတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေ လျှို့ဝှက် စမ်းသပ်ခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။

Facebook