Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ

ရုရှားနဲ့ ဘီလားရုစ်တို့ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဗြိတိန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံထားရပြီး မြန်မာနိုင်ငံကလည်း ရိုဟင်ဂျာ ပြဿနာ၊ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။

ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ
ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ

အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပနကို တက်ရောက်ဖို့ ဖိတ်ကြားမယ့် နိုင်ငံတွေ စာရင်းမှာ ရုရှား၊ ဘီလားရုစ်နဲ့ မြန်မာတို့ ပါဝင်လာမှာ မဟုတ်ကြောင်း သိရပါတယ်။

ဈာပန အခမ်းအနား စီစဉ်မှုနဲ့ နီးစပ်တဲ့ အရာရှိတွေက ဗြိတိန် အစိုးရဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှား၊ ရုရှားရဲ့ မဟာမိတ် ဘီလားရုစ်နဲ့ စစ်အာဏာရှင် ကြီးစိုး အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံတို့က ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ဘီလားရုစ်တို့ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဗြိတိန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံထားရပြီး မြန်မာနိုင်ငံကလည်း ရိုဟင်ဂျာ ပြဿနာ၊ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။

လန်ဒန်မှာ ပြုလုပ်မယ့် နိုင်ငံတော် ဈာပနကို နိုင်ငံတကာက ကိုယ်စားလှယ်ပေါင်း ၅၀၀ ဝန်းကျင်လောက်ထိ တက်ရောက်မယ်လို့ ယုံကြည်ရပါတယ်။ ဗြိတိန် အစိုးရနဲ့ သံတမန် အဆက်အဆံ ရှိနေတဲ့ နိုင်ငံတွေ အားလုံးလိုလိုကို ဖိတ်ကြားထားပြီး နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင် အခမ်းအနား တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် သီတင်းပတ် အစောပိုင်းမှာ ပြုလုပ်မယ့် နိုင်ငံတော် ဈာပမ အခမ်းအနားကို တက်ရောက်ကြဖို့ စာရင်းပေးထားတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပြင် ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်တို့က ဝန်ကြီးချုပ်တွေလည်း ပါဝင်နေပြီး နှစ်ပေါင်း အတော်များများအတွင်း ဗြိတိန်မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ အရေအတွက် အများဆုံး စုဆုံဖြစ်ကြမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

နိုင်ငံတကာ

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။