Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပဲ့ထိန်း ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို မြောက်ကိုရီးယားက ပင်လယ်ပြင်ဖက် ပစ်လွှတ်

မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံးလို့ ယုံကြည်ရတဲ့အရာ ပျံတက်လာချိန် ကတည်းက လုံခြုံရေးအတွက် အပြည့်အဝ တပ်လှန့် ပြင်ဆင်ထားခဲ့သလို မဟာမိတ် အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းပြီး ပျံသန်းမှု လမ်းကြောင်းကို အချိန်ပြည့် စောင့်ကြည့်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ပဲ့ထိန်း ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို မြောက်ကိုရီးယားက ပင်လယ်ပြင်ဖက် ပစ်လွှတ်
ပဲ့ထိန်း ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို မြောက်ကိုရီးယားက ပင်လယ်ပြင်ဖက် ပစ်လွှတ်

တောင်ကိုရီးယားက စစ်တပ်က အဆိုပါ ပစ်ခတ်မှုကို ထောက်လှမ်း စောင့်ကြည့်ခဲ့ကြောင်း အတည်ပြုပါတယ်။ တကယ်သာ မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တာ မှန်ရင် ဇွန်လနောက်ပိုင်း ဒီလို မဟာဗျူဟာ လက်နက် စမ်းသပ်မှုကို ပထမဆုံး ပြုလုပ်တဲ့ သဘောပါပဲ။

အမေရိကန်က လေယာဉ်တင် သင်္ဘောတစ်စီးကို ကိုရီးယား ကျွန်းဆွယ်ဆီ စေလွှတ်ပြီး အင်အားပြခဲ့တဲ့ ကာလမှာပဲ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်တဲ့ အခြေအနေမျိုးနဲ့ တုံ့ပြန်လာတာပါ။ တောင်ကိုရီးယား အစိုးရက ဒီကိစ္စဟာ ရန်စမှုတစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။

ကုလသမဂ္ဂဟာ မြောက်ကိုရီးယားကို ပဲ့ထိန်း ဒုံးကျည်နဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့် ပိတ်ပင် တားမြစ်ထားပါတယ်။ မြောက်ကိုရီးယား အရှေ့ဖက် ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ဖက် ပစ်လွှတ်လိုက်တဲ့ အရာဝတ္ထုဟာ အမြင့် ၆၀ ကီလိုမီတာထိ ပျံတက်ပြီး ကီလိုမီတာ ၆၀၀ လောက် ခရီးပေါက်အောင် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံးလို့ ယုံကြည်ရတဲ့အရာ ပျံတက်လာချိန် ကတည်းက လုံခြုံရေးအတွက် အပြည့်အဝ တပ်လှန့် ပြင်ဆင်ထားခဲ့သလို မဟာမိတ် အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းပြီး ပျံသန်းမှု လမ်းကြောင်းကို အချိန်ပြည့် စောင့်ကြည့်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးကျည်လို့ ယူဆရတဲ့ အရာဟာ မြောက်ကိုရီးယား ကမ်းရိုးတန်း အရှေ့ဖက်၊ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် ပိုင်နက်ရေပြင် မရောက်ခင် ပင်လယ်ထဲ ကျရောက်သွားခဲ့ပါတယ်။ “ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဟာမိတ် ရပ်တည်မှုအပေါ် တောင်ကိုရီးယားက ပြိုင်ဆိုင်လိုမှု ပြသတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်”လို့ Rand Instituteရဲ့ နိုင်ငံရေး လေ့လာသူ ဆူကင်မ်က ပြောပါတယ်။

အမေရိကန် ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်နဲ့ ခုတ်မောင်းတဲ့ USS Ronald Reagan လေယာဉ်တင် သင်္ဘောကြီးဟာ စက်တင်ဘာ ၂၃ ရက်က တောင်ကိုရီးယားနိုင်ငံ တောင်ဖက်က ဘူဆန်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်လာခဲ့ပါတယ်။ အဲဒီ လေယာဉ်တင် သင်္ဘောကြီးဟာ တောင်ကိုရီးယား စစ်တပ်နဲ့ ပူးပေါင်းပြီး အရှေ့ဖက် ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

နှစ်ဆန်းပိုင်းကစလို့ ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေဟာ ပိုမိုမြင့်တက်လာပြီး မြောက်ကိုရီးယားကလည်း ဒုံးကျည် စမ်းသပ်မှုတွေ အကြိမ်အတော်များများ ပြုလုပ်ခဲ့ပါတယ်။ အခုလ အစောပိုင်းမှာတော့ မြောက်ကိုရီးယားဟာ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်း လုပ်ကြံခံရရင် စစ်တပ်က နျူကလီးယား လက်နက်တွေကို အသုံးပြုပြီး တုံ့ပြန် တိုက်ခိုက်ခွင့်ရှိတဲ့ အငြင်းပွားစရာ ဥပဒေသစ်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။