Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သင်တန်းပေးဖို့ ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်း တချို့ကိုတရုတ် ကမ်းလှမ်းတာတွေရှိနေ

ဗြိတိန်မှာတင် မကဘဲ တခြား အနောက်ဥရောပ နိုင်ငံတချို့ရဲ့ လေယာဉ်မှူးတွေကိုလည်း လေ့ကျင့် သင်တန်းပေးရေး ကိစ္စအတွက် သွေးဆောင် ချဉ်းကပ်တာမျိုးတွေက မကြာသေးခင် လပိုင်းတွေအတွင်း ပိုမို ထူပြောလာတယ်လို့ သိရပါတယ်။

သင်တန်းပေးဖို့ ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်း တချို့ကိုတရုတ် ကမ်းလှမ်းတာတွေရှိနေ
သင်တန်းပေးဖို့ ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်း တချို့ကိုတရုတ် ကမ်းလှမ်းတာတွေရှိနေ

ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်းတွေကို အတွေ့အကြုံတွေ မျှဝေပေးဖို့ ငွေကြေးအလုံးအရင်းပေးပြီး တရုတ်က ချဉ်းကပ် ကမ်းလှမ်းနေကြောင်း သိရပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက လေတပ်ရဲ့ လေယာဉ်မှူးဟောင်း ၃၀ လောက်ဟာ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ လေယာဉ်မှူးတွေကို လေ့ကျင့် သင်ကြားပေးဖို့ ကမ်းလှမ်း ခံခဲ့ရကြောင်း ပြောပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို မျှဝေပေးရင် ငွေကြေး တနင့်တပိုး ရရှိစေမယ်လို့ တရုတ်ဖက်က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန် ထောက်လှမ်းရေးဟာ ဒီအခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဘက် လေယာဉ်မှူးဟောင်းတွေကိုလည်း တရုတ်အတွက် အလုပ်မလုပ်ပေးဖို့ ဆက်သွယ် သတိပေးထားပါတယ်။

ဗြိတိန်မှာတင် မကဘဲ တခြား အနောက်ဥရောပ နိုင်ငံတချို့ရဲ့ လေယာဉ်မှူးတွေကိုလည်း လေ့ကျင့် သင်တန်းပေးရေး ကိစ္စအတွက် သွေးဆောင် ချဉ်းကပ်တာမျိုးတွေက မကြာသေးခင် လပိုင်းတွေအတွင်း ပိုမို ထူပြောလာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ ဗြိတိန် စစ်လေယာဉ်မှူးဟောင်းတွေက တရုတ်ကို သွားရောက်ပြီး PLAရဲ့ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ်ဆိုရင် နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ရာ မရောက်ပါဘူး။ ဒါပေမဲ့လည်း ဒီဖြစ်စဉ်မျိုးကို တားဆီးဖို့ ဗြိတိန်ရော၊ တခြား ဥရောပ နိုင်ငံတွေကပါ နည်းလမ်း ရှာနေရပါတယ်။

ငွေကြေးဆိုတာက အဆွဲဆောင်နိုင်ဆုံး မက်လုံးတစ်ခုဖြစ်ကြောင်း၊ လေ့ကျင့်ပျံသန်းရေး အစီအစဉ် တစ်ခုအတွက် တချို့ ကမ်းလှမ်းမှုတွေဟာ ဒေါ်လာ ၂ သိန်း ၇ သောင်းလောက်ထိ များပြားတတ်ကြောင်း အနောက်နိုင်ငံ တစ်ခုရဲ့ ထောက်လှမ်းရေး အရာရှိ တစ်ယောက်က ပြောပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်အင်အားနဲ့ စစ်ဘက် နည်းပညာတွေကို တိုးမြှင့် ချဲ့ထွင်လာပေမယ့် လေ့ကျင့်မှုနဲ့ အတွေ့အကြုံပိုင်းတွေမှာ ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေဆဲပါ။ လောလောဆယ် တရုတ်ဖက်က ချိတ်ဆက်မှုကို ခံရတဲ့ ဗြိတိန် တိုက်လေယာဉ်မှူးဟောင်း၊ စစ်လေယာဉ်မှူးဟောင်းတွေဟာ အသက် ၅၀ ကျော် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ PLAကတော့ အခုသတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။