Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သင်တန်းပေးဖို့ ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်း တချို့ကိုတရုတ် ကမ်းလှမ်းတာတွေရှိနေ

ဗြိတိန်မှာတင် မကဘဲ တခြား အနောက်ဥရောပ နိုင်ငံတချို့ရဲ့ လေယာဉ်မှူးတွေကိုလည်း လေ့ကျင့် သင်တန်းပေးရေး ကိစ္စအတွက် သွေးဆောင် ချဉ်းကပ်တာမျိုးတွေက မကြာသေးခင် လပိုင်းတွေအတွင်း ပိုမို ထူပြောလာတယ်လို့ သိရပါတယ်။

သင်တန်းပေးဖို့ ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်း တချို့ကိုတရုတ် ကမ်းလှမ်းတာတွေရှိနေ
သင်တန်းပေးဖို့ ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်း တချို့ကိုတရုတ် ကမ်းလှမ်းတာတွေရှိနေ

ဗြိတိန် လေတပ် လေယာဉ်မှူးဟောင်းတွေကို အတွေ့အကြုံတွေ မျှဝေပေးဖို့ ငွေကြေးအလုံးအရင်းပေးပြီး တရုတ်က ချဉ်းကပ် ကမ်းလှမ်းနေကြောင်း သိရပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက လေတပ်ရဲ့ လေယာဉ်မှူးဟောင်း ၃၀ လောက်ဟာ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ လေယာဉ်မှူးတွေကို လေ့ကျင့် သင်ကြားပေးဖို့ ကမ်းလှမ်း ခံခဲ့ရကြောင်း ပြောပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို မျှဝေပေးရင် ငွေကြေး တနင့်တပိုး ရရှိစေမယ်လို့ တရုတ်ဖက်က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန် ထောက်လှမ်းရေးဟာ ဒီအခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဘက် လေယာဉ်မှူးဟောင်းတွေကိုလည်း တရုတ်အတွက် အလုပ်မလုပ်ပေးဖို့ ဆက်သွယ် သတိပေးထားပါတယ်။

ဗြိတိန်မှာတင် မကဘဲ တခြား အနောက်ဥရောပ နိုင်ငံတချို့ရဲ့ လေယာဉ်မှူးတွေကိုလည်း လေ့ကျင့် သင်တန်းပေးရေး ကိစ္စအတွက် သွေးဆောင် ချဉ်းကပ်တာမျိုးတွေက မကြာသေးခင် လပိုင်းတွေအတွင်း ပိုမို ထူပြောလာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ ဗြိတိန် စစ်လေယာဉ်မှူးဟောင်းတွေက တရုတ်ကို သွားရောက်ပြီး PLAရဲ့ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ်ဆိုရင် နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ရာ မရောက်ပါဘူး။ ဒါပေမဲ့လည်း ဒီဖြစ်စဉ်မျိုးကို တားဆီးဖို့ ဗြိတိန်ရော၊ တခြား ဥရောပ နိုင်ငံတွေကပါ နည်းလမ်း ရှာနေရပါတယ်။

ငွေကြေးဆိုတာက အဆွဲဆောင်နိုင်ဆုံး မက်လုံးတစ်ခုဖြစ်ကြောင်း၊ လေ့ကျင့်ပျံသန်းရေး အစီအစဉ် တစ်ခုအတွက် တချို့ ကမ်းလှမ်းမှုတွေဟာ ဒေါ်လာ ၂ သိန်း ၇ သောင်းလောက်ထိ များပြားတတ်ကြောင်း အနောက်နိုင်ငံ တစ်ခုရဲ့ ထောက်လှမ်းရေး အရာရှိ တစ်ယောက်က ပြောပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်အင်အားနဲ့ စစ်ဘက် နည်းပညာတွေကို တိုးမြှင့် ချဲ့ထွင်လာပေမယ့် လေ့ကျင့်မှုနဲ့ အတွေ့အကြုံပိုင်းတွေမှာ ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေဆဲပါ။ လောလောဆယ် တရုတ်ဖက်က ချိတ်ဆက်မှုကို ခံရတဲ့ ဗြိတိန် တိုက်လေယာဉ်မှူးဟောင်း၊ စစ်လေယာဉ်မှူးဟောင်းတွေဟာ အသက် ၅၀ ကျော် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ PLAကတော့ အခုသတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။