Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပေါက်သူကို ဗြိတိန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ယော့ခ်တက္ကသိုလ်ကလည်း သူတို့ရဲ့ ကျောင်းသားတစ်ယောက်က မနှစ်မြို့စရာ အပြုအမူမျိုး လူမြင်ကွင်းမှာ ကျူးလွန်ခဲ့တဲ့အပေါ် စည်းကမ်းပိုင်းအရ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပေါက်သူကို ဗြိတိန် ရဲတပ်ဖွဲ့ ဖမ်းဆီး
ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပေါက်သူကို ဗြိတိန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘုရင်နဲ့ မိဖုရားကို ကြက်ဥနဲ့ လှမ်းပေါက်သူ တစ်ဦးကို ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက်က ယော့ခ်ရှိုင်းယား ပြည်နယ်ကို အလည်အပတ် ရောက်ရှိနေတဲ့ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကယ်မီလာတို့ဟာ ယော့ခ်မြို့ကို အဝင်မှာ လာရောက် နှုတ်ဆက်တဲ့ မြို့ခံတွေနဲ့ တွေ့ဆုံနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား တစ်ယောက်က ချားလ်စ်ကို ကြက်ဥတွေနဲ့ လှမ်းပေါက်ခဲ့တာပါ။

ကြက်ဥတွေက လမ်းပေါ် ကျကွဲသွားပြီး ဘုရင်ကိုရော၊ မိဖုရားကိုပါ မထိမှန်ခဲ့ပါဘူး။ ချားလ်စ်ဘုရင်က ဒီဖြစ်ရပ်မှာ အတန်ငယ် တုံ့ဆိုင်းသွားပေမယ့် ပြည်သူတွေကို ဟန်မပျက် နှုတ်ဆက်ပြီး အဲဒီနေရာက ထွက်ခွာသွားပါတယ်။ ကြက်ဥနဲ့ ပစ်ပေါက်သူကို ရဲတွေက ဝိုင်းဖမ်းခဲ့သလို ပြည်သူတွေကလည်း အော်ဟစ် ရှုတ်ချခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ဆန္ဒပြတဲ့ စတန့်ထွင်မှု တစ်ခုလို့ ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။ ယော့ခ်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားက ဗြိတိန်ဟာ ကျေးကျွန်တွေရဲ့ သွေးနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုလို့ အော်ဟစ်ပြီး ချားလ်စ်ကို ကြက်ဥနဲ့ လှမ်းပေါက်ခဲ့တာပါ။ ယော့ခ် ရဲတပ်ဖွဲ့က သူ့ကို ဝိုင်းဝန်း ဖမ်းဆီးပြီးတဲ့နောက် ဖြစ်စဉ်ကို အသေးစိတ် ဆက်လက် စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယော့ခ်တက္ကသိုလ်ကလည်း သူတို့ရဲ့ ကျောင်းသားတစ်ယောက်က မနှစ်မြို့စရာ အပြုအမူမျိုး လူမြင်ကွင်းမှာ ကျူးလွန်ခဲ့တဲ့အပေါ် စည်းကမ်းပိုင်းအရ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။