Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ ဓာတ်အားပေး စနစ်တွေကို ဖျက်ဆီးနေတာ မလွှဲမရှောင်သာ လုပ်ရပ်လို့ ပူတင်ပြော

အဲဒီနောက် ပူတင်က ရုရှားအနေနဲ့ အခုလို တိုက်ခိုက်မှုမျိုးကို မလွှဲမရှောင်သာ ရွေးချယ်ရပါတယ်လို့ ကာကွယ်ပြောဆိုပြီး လေသံ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ ဓာတ်အားပေး စနစ်တွေကို ဖျက်ဆီးနေတာ မလွှဲမရှောင်သာ လုပ်ရပ်လို့ ပူတင်ပြော
ယူကရိန်းရဲ့ ဓာတ်အားပေး စနစ်တွေကို ဖျက်ဆီးနေတာ မလွှဲမရှောင်သာ လုပ်ရပ်လို့ ပူတင်ပြော

ယူကရိန်းရဲ့ အရပ်ဖက် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီး တိုက်ခိုက်နေတာဟာ မလွှဲမရှောင်သာ ရွေးချယ်ရတဲ့ ကိစ္စလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

အစောပိုင်းမှာ ရုရှား အစိုးရက ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ဒုံးကျည်တွေဒဏ်ကြောင့် ယူကရိန်း နိုင်ငံ အနှံ့က မြို့ကြီးတွေမှာ ဓာတ်အား ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ပြီး ဆောင်းရာသီမှာ ပြည်သူတွေ အပူပေး စနစ် အသုံးမပြုနိုင်ဘဲ အခက်အခဲတွေ ကြုံရမယ့် အခြေအနေတွေက အထင်အရှား ထွက်ပေါ်လာပါတယ်။

အဲဒီနောက် ပူတင်က ရုရှားအနေနဲ့ အခုလို တိုက်ခိုက်မှုမျိုးကို မလွှဲမရှောင်သာ ရွေးချယ်ရပါတယ်လို့ ကာကွယ်ပြောဆိုပြီး လေသံ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ အရှက်တကွဲ ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရသလို ထိန်းချုပ် နယ်မြေတွေကိုလည်း ပြန်လည် လက်လွတ် ဆုံးရှုံးလာခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလကစလို့ ရုရှားဟာ ယူကရိန်းရဲ့ အရပ်ဖက် ဓာတ်အားပေး ဌာနတွေ၊ ရေဖြန့်ဝေရေး စနစ်တွေကိုပါ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တမင်တကာ ဖျက်ဆီးနေခြင်းက ရုရှားရဲ့ နောက်ထပ် စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထား တစ်ခုလို့ ဝေဖန် စွပ်စွဲခဲ့ပါတယ်။

ဂျာမန် အဓိပတိ အိုလက်ဖ် ရှော့ဇ်နဲ့ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပြောဆို ဆွေးနွေးရာမှာ ပူတင်က သူဟာ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို ကြိုတင် လက်ဦးမှုယူ တုံ့ပြန်တဲ့ အနေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို လက်ဦးမှုယူ ဖျက်ဆီးပစ်နေရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းမှာ သီးသန့် ပစ်မှတ်တွေကို သေချာရွေးချယ်ပြီး ဖြန့်ကျက် တိုက်ခိုက်တဲ့ ဗျူဟာမျိုးကို ကာလအတန်ကြာ ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ခဲ့ပြီးပြီလို့လည်း ပူတင်က ဆိုပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ယူကရိန်းက ရန်စ တိုက်ခိုက်လာတဲ့အတွက် သူကလည်း လိုအပ်သလို လက်တုံ့ပြန်စေခဲ့ရတာလို့ ပူတင်က အကြောင်းပြပါတယ်။

NATO မဟာမိတ် အဖွဲ့ကတော့ ရုရှားဟာ ပြင်းထန် ကြမ်းတမ်းလှတဲ့ ယူကရိန်း ဆောင်းရာသီကို ဖျက်အားပြင်း လက်နက် တစ်ခုအဖြစ် အသုံးချဖို့အတွက် ပြင်ဆင်နေတာလို့ စွပ်စွဲထားပါတယ်။ ပူတင်ကတော့ ဒါကို ငြင်းဆိုပြီး အနောက်နိုင်ငံတွေဟာ ယူကရိန်းနဲ့ ပတ်သက်ရင် ဖျက်လိုဖျက်ဆီး မူဝါဒတွေအတွက် နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ထောက်ပံ့ပြီး စစ်ပွဲရပ်ဆိုင်းစေမယ့် ညှိနှိုင်းမှု အလားအလာ မှန်သမျှကို ငြင်းပယ်နေတာသာ ဖြစ်ကြောင်း တုံ့ပြန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။