Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ကို ချီးမြှင့်ထားတဲ့ ပြင်သစ် ဂုဏ်ထူးဆောင် တံဆိပ်ကို ပြန်ရုပ်သိမ်းဖို့ ကိစ္စ မာခရွန် မဆုံးဖြတ်သေး

ပူတင်လက်ထဲ ရောက်နေတဲ့ ဂုဏ်ပြုဆုနဲ့ ပတ်သက်လို့ သူ့သဘောထား အမြင်ကို မေးတဲ့အခါ မာခရွန်က လက်တွေ့ အသုံးမဝင်တဲ့ သင်္ကေတ သဘောသာ ဖြစ်ပေမယ့် အရေးတော့ ကြီးတယ်လို့ ဖြေကြားခဲ့ပါတယ်။

ပူတင်ကို ချီးမြှင့်ထားတဲ့ ပြင်သစ် ဂုဏ်ထူးဆောင် တံဆိပ်ကို ပြန်ရုပ်သိမ်းဖို့ ကိစ္စ မာခရွန် မဆုံးဖြတ်သေး
ပူတင်ကို ချီးမြှင့်ထားတဲ့ ပြင်သစ် ဂုဏ်ထူးဆောင် တံဆိပ်ကို ပြန်ရုပ်သိမ်းဖို့ ကိစ္စ မာခရွန် မဆုံးဖြတ်သေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေအပေါ် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က နှုတ်ဆိတ်နေပါတယ်။

၂၀၀၆ ခုနှစ်မှာ အဲဒီတုန်းက ပြင်သစ်သမ္မတ ယာကေး ချီရက်က ပူတင်ကို နိုင်ငံရဲ့ စစ်ဘက်နဲ့ အရပ်ဖက် အမြင့်ဆုံး ဂုဏ်ပြု ဆုဖြစ်တဲ့ Legion d’Honneurကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ ဂုဏ်ပြုဆုကို ၁၈၀၂ ခုနှစ်မှာ သမိုင်းဝင် ပြင်သစ် ခေါင်းဆောင် နပိုလီယံ ဘိုနာပတ်က စတင် တီထွင် သတ်မှတ်ခဲ့တာပါ။

အခုအခါမှာတော့ ပူတင်ဟာ ယူကရိန်းအပေါ် မတရား ကျူးကျော် စစ်ပြုခဲ့သလို ပြင်သစ်နဲ့ ဆန့်ကျင်ဘက် ရပ်တည်လာတဲ့အတွက် ပူတင်ရဲ့ ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းသင့်ပြီဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေ အားကောင်းလာပါတယ်။

ဒါပေမဲ့ မာခရွန်ကတော့ မျက်မှောက် ကာလာဟာ အဲဒီလိုမျိုး ဆုပြန်ရုပ်သိမ်းဖို့ သင့်တော်တဲ့ ကာလ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းဖို့ လုံးဝ အစီအစဉ် မရှိဘူး ဆိုတာမျိုးလည်း မာခရွန်က ယတိပြတ် မငြင်းခဲ့ပြန်ပါဘူး။

Public Service Announcement

Public Service Announcement

ပူတင်လက်ထဲ ရောက်နေတဲ့ ဂုဏ်ပြုဆုနဲ့ ပတ်သက်လို့ သူ့သဘောထား အမြင်ကို မေးတဲ့အခါ မာခရွန်က လက်တွေ့ အသုံးမဝင်တဲ့ သင်္ကေတ သဘောသာ ဖြစ်ပေမယ့် အရေးတော့ ကြီးတယ်လို့ ဖြေကြားခဲ့ပါတယ်။

ပိုပြီး ခွကျတဲ့ အခြေအနေကတော့ အခုသီတင်းပတ်ထဲမှာ မာခရွန်ဟာ ပါရီကို အလည်အပတ် ရောက်ရှိလာတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုလည်း အဲဒီဆုတံဆိပ် ချီးမြှင့်ခဲ့လို့ပါပဲ။

မာခရွန်က ပူတင်ဆီက ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့ အခွင့်အာဏာ ရှိပေမယ့် လောလောဆယ်မှာတော့ အဲဒီကိစ္စကို သူမဆုံးဖြတ်သေးဘူးလို့လည်း ဆိုပါတယ်။

ပူတင်ဟာ ရုရှားနဲ့ပြင်သစ်ကြား ဆက်ဆံရေး အတော်လေး နီးစပ် အဆင်ပြေနေခဲ့တဲ့ ကာလတွေမှာ အဲဒီဆုတံဆိပ်ကို ချီးမြှင့် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်က အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက်ပိုင်း ရုရှားဟာ ပြင်သစ် အပါအဝင် အနောက် မဟာမိတ် နိုင်ငံတွေနဲ့ ဆက်ဆံရေး အခြေအနေ ဆိုးဆိုးရွားရွား တင်းမာ အေးခဲသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။