Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေရဲ့ လက်နက် တင်သွင်း ဝယ်ယူမှု မြင့်တက်လာ

SIPRIဟာ ၁၉၉၁ ခုနှစ်ကစပြီး နှစ်အလိုက် နိုင်ငံတကာ လက်နက် တင်ပို့ရောင်းချမှု စျေးကွက် အခြေအနေတွေကို စနစ်တကျ သုတေသနပြု စာရင်းထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေရဲ့ လက်နက် တင်သွင်း ဝယ်ယူမှု မြင့်တက်လာ
စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေရဲ့ လက်နက် တင်သွင်း ဝယ်ယူမှု မြင့်တက်လာ

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဥရောပ နိုင်ငံတွေရဲ့ စစ်လက်နက် တင်သွင်း ဝယ်ယူမှုဟာ တစ်နှစ်အတွင်း သိသိသာသာ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဆွီဒင်နိုင်ငံက စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)က ထုတ်ပြန်တဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံတကာ စစ်လက်နက် ကုန်သွယ်ရေး ကဏ္ဍဟာ အကျဖက်ကို ဦးတည်လာပေမယ့် ဥရောပ နိုင်ငံတွေရဲ့ လက်နက် တင်သွင်း ဝယ်ယူမှုကတော့ တရိပ်ရိပ် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

စစ်ပွဲအတွက် ကိုယ်တိုင် စစ်လက်နက်တွေ ထုတ်လုပ်နေရတဲ့ ရုရှားကတော့ နှစ်အလိုက် လက်နက် တင်ပို့ရောင်းချမှုမှာ အကျဖက်ကို ဦးတည်လာတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရုရှားဟာ လက်နက် အရောင်းစျေးကွက်ရဲ့ ၂၂ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားရာကနေ အခုအခါ ၁၆ ရာခိုင်နှုန်းလောက်သာ ချုပ်ကိုင်ထားနိုင်ပါတော့တယ်။

အမေရိကန်ကတော့ ကမ္ဘာ့လက်နက် တင်ပို့ရောင်းချမှု စျေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ပြီး ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။ ပြင်သစ်ကလည်း ကမ္ဘာ့လက်နက် တင်ပို့မှု စျေးကွက်မှာ သွက်သွက်လက်လက် ရှေ့တိုးလာနေပြီး ရုရှားရဲ့ ဒုတိယ နေရာကိုပါ ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဥရောပ နိုင်ငံတွေမှာ ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင်လာသလို စစ်လက်နက်တွေ စုဆောင်း ဝယ်ယူမှုလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

မနှစ်က တစ်နှစ်တည်းကို ကြည့်မယ်ဆိုရင် ယူကရိန်းဟာ လက်နက်တင်သွင်း ဝယ်ယူမှု အများဆုံး ဥရောပ နိုင်ငံ ဖြစ်လာပြီး ကမ္ဘာ့အဆင့် အနေနဲ့ တတိယ နေရာထိ ရောက်လာပါတယ်။ ယူကရိန်းရဲ့ ရှေ့မှာတော့ စစ်လက်နက်တွေကို ပိုမို မြှင့်တင် ဝယ်ယူနေတဲ့ ကာတာနဲ့ အိန္ဒိယတို့က ဦးဆောင် ဝယ်လက် နိုင်ငံတွေအဖြစ် ရှိနေကြပါတယ်။

ကိုယ်တိုင်က စစ်လက်နက်တွေ ပြန်အသုံးပြုနေရတာအပြင် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့ လက်နက် ရောင်းချမှု စျေးကွက်ကတော့ အပျက်ဖက်ကို ဦးတည်နေတယ်လို့ SIPRIက သုံးသပ်ထားပါတယ်။

ဥရောပရဲ့ လက်နက် ဝယ်ယူမှုဟာ ၂၀၂၂ မှာ အတက်ဖက် ဦးတည်လာတဲ့တိုင် ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်ထိ ၄ နှစ်တာ ကာလအတွင်း လက်နက် ဝယ်ယူနှုန်း အများဆုံး ကမ္ဘာ့ အစိတ်အပိုင်းကတော့ အာရှနဲ့ သမုဒ္ဒရာပိုင်း ဇုန်တွေ ဖြစ်ကြပြီး စျေးကွက်ရဲ့ ၄၁ ရာခိုင်နှုန်းလောက်က အဲဒီဒေသဆီ ဦးတည်နေတယ်လို့ သိရပါတယ်။

SIPRIဟာ ၁၉၉၁ ခုနှစ်ကစပြီး နှစ်အလိုက် နိုင်ငံတကာ လက်နက် တင်ပို့ရောင်းချမှု စျေးကွက် အခြေအနေတွေကို စနစ်တကျ သုတေသနပြု စာရင်းထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။