Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိလစ်ပိုင် ကူးတို့ရေယာဉ် မီးလောင်မှု သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာ

ကူးတို့ရေယာဉ် မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲပါ။

ဖိလစ်ပိုင် ကူးတို့ရေယာဉ် မီးလောင်မှု သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာ
ဖိလစ်ပိုင် ကူးတို့ရေယာဉ် မီးလောင်မှု သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာ

ဖိလစ်ပိုင်မှာ လူရာဂဏန်းလောက် စီးနင်း လိုက်ပါလာတဲ့ ကူးတို့ရေယာဉ် မီးလောင်ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် တောင်ပိုင်းက ဘာစီလန် ပြည်နယ်မှာ MV Lady Mar Joy 3 ကူးတို့ရေယာဉ်ဟာ မတ် ၃၀ မနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။ ခရီးသည် ၂၅၀ ဝန်းကျင်လောက် စီးနင်းလာတဲ့ ရေယာဉ်မှာ မီးစွဲလောင်ခဲ့တဲ့နောက် လူတွေက ရေထဲကို ကြောက်လန့်တကြား ခုန်ချခဲ့ပြီး ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ အနီးတဝိုက်မှာရှိတဲ့ တံငါလှေတွေက ဖြန့်ကျက် ကယ်တင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မတ် ၃၀ ညပိုင်းထိ သေဆုံးသူ ၃၁ ဦး စာရင်းရထားပြီး မီးလောင်လို့ရော၊ ရေနစ်လို့ပါ အသက်ဆုံးရှုံးသူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ရေလယ်မှာ မီးလောင်နေတဲ့ ရေယာဉ်ကိုလည်း ကမ်းစပ်နားထိ ဆွဲယူလာပြီး ညပိုင်းအထိ ဆက်လက် မီးငြှိမ်းသတ်နေဆဲလို့ မျက်မြင်တွေက ပြောပါတယ်။

ရေယာဉ်ဟာ ဆူလူပြည်နယ်မှာရှိတဲ့ ဂျိုလိုမြို့ဆီ ဦးတည် ခုတ်မောင်းနေချိန် လမ်းခုလတ်မှာ မီးစလောင်ခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၂၃ ဦးထက်မနည်း ရှိခဲ့ပြီး ကျန်တဲ့ ခရီးသည် အများစုကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနိုင်သေးတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ယုံကြည်နေပါတယ်။

ကူးတို့ရေယာဉ် မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲပါ။

ဖိလစ်ပိုင်ဟာ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ရေလမ်းပို့ဆောင်ရေးအတွက် ကူးတို့ရေယာဉ်တွေကို အဓိက မှီခိုနေရပေမယ့် ရေကြောင်း မတော်တဆမှုတွေ မကြာခဏ ကြုံလေ့ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြောင်း မတော်တဆမှုဟာ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖိလစ်ပိုင်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက Dona Paz ကူးတို့ရေယာဉ်ဟာ ဆီတင်သင်္ဘော တစီးကို ဝင်တိုက်မိရာက လူပေါင်း ၄၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement