Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် ကူးတို့ရေယာဉ် မီးလောင်မှု သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာ

ကူးတို့ရေယာဉ် မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲပါ။

ဖိလစ်ပိုင် ကူးတို့ရေယာဉ် မီးလောင်မှု သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာ
ဖိလစ်ပိုင် ကူးတို့ရေယာဉ် မီးလောင်မှု သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာ

ဖိလစ်ပိုင်မှာ လူရာဂဏန်းလောက် စီးနင်း လိုက်ပါလာတဲ့ ကူးတို့ရေယာဉ် မီးလောင်ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် တောင်ပိုင်းက ဘာစီလန် ပြည်နယ်မှာ MV Lady Mar Joy 3 ကူးတို့ရေယာဉ်ဟာ မတ် ၃၀ မနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။ ခရီးသည် ၂၅၀ ဝန်းကျင်လောက် စီးနင်းလာတဲ့ ရေယာဉ်မှာ မီးစွဲလောင်ခဲ့တဲ့နောက် လူတွေက ရေထဲကို ကြောက်လန့်တကြား ခုန်ချခဲ့ပြီး ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ အနီးတဝိုက်မှာရှိတဲ့ တံငါလှေတွေက ဖြန့်ကျက် ကယ်တင်ခဲ့ရပါတယ်။

မတ် ၃၀ ညပိုင်းထိ သေဆုံးသူ ၃၁ ဦး စာရင်းရထားပြီး မီးလောင်လို့ရော၊ ရေနစ်လို့ပါ အသက်ဆုံးရှုံးသူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ရေလယ်မှာ မီးလောင်နေတဲ့ ရေယာဉ်ကိုလည်း ကမ်းစပ်နားထိ ဆွဲယူလာပြီး ညပိုင်းအထိ ဆက်လက် မီးငြှိမ်းသတ်နေဆဲလို့ မျက်မြင်တွေက ပြောပါတယ်။

ရေယာဉ်ဟာ ဆူလူပြည်နယ်မှာရှိတဲ့ ဂျိုလိုမြို့ဆီ ဦးတည် ခုတ်မောင်းနေချိန် လမ်းခုလတ်မှာ မီးစလောင်ခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၂၃ ဦးထက်မနည်း ရှိခဲ့ပြီး ကျန်တဲ့ ခရီးသည် အများစုကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနိုင်သေးတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

ကူးတို့ရေယာဉ် မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲပါ။

ဖိလစ်ပိုင်ဟာ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ရေလမ်းပို့ဆောင်ရေးအတွက် ကူးတို့ရေယာဉ်တွေကို အဓိက မှီခိုနေရပေမယ့် ရေကြောင်း မတော်တဆမှုတွေ မကြာခဏ ကြုံလေ့ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြောင်း မတော်တဆမှုဟာ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖိလစ်ပိုင်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက Dona Paz ကူးတို့ရေယာဉ်ဟာ ဆီတင်သင်္ဘော တစီးကို ဝင်တိုက်မိရာက လူပေါင်း ၄၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။