Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ခြိမ်းခြောက်မှုကြောင့် တာဝေးပစ် ဒုံးကျည်တွေ ပိုမို ဖြည့်တင်းဝယ်ယူဖို့ ဩစတြေးလျ စီစဉ်

စာမျက်နှာ ၁၁၀ ပါတဲ့ အစီရင်ခံစာက ဩစတြေးလျ အနေနဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကာကွယ်ရေး စွမ်းရည်ဆိုင်ရာ အကြီးမားဆုံး ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ အကြံပြုထားပါတယ်။

တရုတ်ခြိမ်းခြောက်မှုကြောင့် တာဝေးပစ် ဒုံးကျည်တွေ ပိုမို ဖြည့်တင်းဝယ်ယူဖို့ ဩစတြေးလျ စီစဉ်
တရုတ်ခြိမ်းခြောက်မှုကြောင့် တာဝေးပစ် ဒုံးကျည်တွေ ပိုမို ဖြည့်တင်းဝယ်ယူဖို့ ဩစတြေးလျ စီစဉ်

ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာ ချဲ့ထွင်လာမှုကို တန်ပြန် တားဆီးဖို့အတွက် ဩစတြေးလျဟာ တာဝေးပစ် ဒုံးကျည်တွေ ပိုမိုဝယ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ကျွမ်းကျင်သူတွေဆီက အစိုးရက တောင်းခံထားတဲ့ ကာကွယ်ရေး အစီရင်ခံ တစ်စောင်က ဒုံးကျည်ခေတ်မှာ ဩစတြေးလျ အနေနဲ့ တသီးတခြား ရပ်တည်နေပြီး ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သတိပေးထားပါတယ်။ ဩစတြေးလျ အစိုးရကလည်း အဲဒီ အစီရင်ခံစာကို အလေးထားပြီး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး စစ်လက်နက် အသစ် ဝယ်ယူမှု၊ အဆင့်မြှင့်တင်မှုတွေ ချက်ချင်း လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

စာမျက်နှာ ၁၁၀ ပါတဲ့ အစီရင်ခံစာက ဩစတြေးလျ အနေနဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကာကွယ်ရေး စွမ်းရည်ဆိုင်ရာ အကြီးမားဆုံး ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ အကြံပြုထားပါတယ်။

တရုတ်နဲ့ ဒေသတွင်း ပြိုင်ဆိုင်မှုတွေ တရိပ်ရိပ် မြင့်တက်လာချိန်မှာ ကာကွယ်ရေး မဟာဗျူဟာ သုံးသပ်ချက် (DSR) ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်မှုတွေ အရှိန်မြှင့်လာသလို နိုင်ငံတကာ စံနှုန်းတွေကို မျက်ကွယ်ပြုပြီး တောင်တရုတ် ပင်လယ်ပြင် တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။ ပြီးတော့ သမုဒ္ဒရာပိုင်းဇုန်မှာပါ စစ်ရေးအရ လွှမ်းမိုးမှုတွေ မြှင့်တင်ဖို့ လက်တွေ့ ကြိုးစားလာခြင်းကြောင့် ဩစတြေးလျအတွက် သတိကြီးကြီးထားဖို့ လိုလာကြောင်း DSRက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယ ကမ္ဘာစစ်ကစလို့ နိုင်ငံအားလုံးရဲ့ စစ်ရေးအင်အား မြှင့်တင် တည်ဆောက်မှုတွေမှာ တရုတ်ဟာ ရည်မှန်းချက် အကြီးဆုံးနဲ့ အမြန်ဆုံး ဖြစ်လာကြောင်း၊ ပြီးတော့ အဲဒီလို စစ်ရေး အရှိန်မြှင့် တည်ဆောက်မှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို အင်ဒို-ပစိဖိတ် ဒေသရဲ့ လုံခြုံရေးကို မထိပါးစေရဘူးဆိုတဲ့ အာမခံချက်လည်း မရှိကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်ဆီက DSRရဲ့ ထောက်ခံ တင်ပြချက်တွေကို ကြိုဆိုခဲ့ပြီး ဩစတြေးလျဟာ အနာဂတ်က ကိုယ့်နိုင်ငံကို ပုံဖော်မှာထက် ကိုယ့်နိုင်ငံက အနာဂတ်ကို ပုံဖော်ဖို့ ဦးတည်ရမှာ ဖြစ်ကြောင်း၊ ဩစတြေးလျကို ကာကွယ်ရေး ကဏ္ဍမှာ ပိုပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့၊ ပိုပြီး လုံခြုံတဲ့၊ ပိုပြီး ပြင်ဆင်မှုကောင်းတဲ့ အဆင့်မျိုး ပြောင်းလဲဖို့ လိုကြောင်း ပြောကြားသွားပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဩစတြေးလျ စစ်တပ်ဟာ ပိုပြီး တာဝေး ပစ်ခတ်နိုင်တဲ့၊ ပိုပြီး အလွယ်တကူ ရွှေ့ပြောင်း ဖြန့်ကျက်နိုင်တဲ့ ဒုံးကျည်တွေ ဝယ်ယူ ဖြည့်တင်းသွားမယ်လို့ ဆိုပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ ကျော်ထိ အနည်းဆုံး ပျံသန်းနိုင်မယ့် အခြေအနေမျိုး ရှိမှာပါ။ ၂၀၂၂ တုန်းက အစီရင်ခံစာ တစ်စောင်မှာတော့ ဩစတြေးလျ အစိုးရဟာ အဆိုးတကာ့ အဆိုးဆုံး ဖြစ်နိုင်ခြေ အနေနဲ့ တရုတ်နဲ့ စစ်တိုက်ရမယ့် အလားအလာမျိုးထိ ကြိုစဉ်းစား ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း သတိပေးထားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။