Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း-တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမှုကို အမေရိကန် ကြိုဆို

အိမ်ဖြူတော်မှာရှိတဲ့ အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကတော့ ဒီကိစ္စဟာ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းဖို့ တရုတ်က ထင်သာမြင်သာ ကြားဝင်လာတာလို့ ယူဆပြီး ကြိုဆို အားပေးကြောင်း ပြောပါတယ်။

ယူကရိန်း-တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမှုကို အမေရိကန် ကြိုဆို
ယူကရိန်း-တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမှုကို အမေရိကန် ကြိုဆို

တရုတ်နဲ့ ယူကရိန်း သမ္မတတွေ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့ အခြေအနေကို ကြိုဆို ထောက်ခံကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကာလ တလျှောက်လုံးမှာ ပထမဆုံး အကြိမ်အဖြစ် ဧပြီ ၂၆ ရက်က တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ ဖုန်းဆက်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းဖက်က စတင် ဖုန်းဆက်ခဲ့တဲ့ ဆွေးနွေးမှုမှာ တရုတ် သမ္မတက စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ကူညီ ဆွေးနွေးဖို့ ယူကရိန်းဆီ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့ ဇီလန်စကီးကို ကတိပြုခဲ့ပါတယ်။

တရုတ်ဟာ စစ်ပွဲနဲ့ ပတ်သက်ရင် ဘယ်ဖက်ကမှ ရပ်တည်မှာ မဟုတ်သလို ပဋိပက္ခတွေ ပိုဆိုးလာအောင် အရှိန်မြှင့်ပေးပြီး ကြားဝင် အမြတ်ထုတ်မှာ မဟုတ်ဘူးလို့လည်း ရှီက ပြောခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးကလည်း သူဟာ ရှီနဲ့ ဖုန်းပြောချိန်မှာ ရှည်လျားပေမယ့် အဓိပ္ပါယ် လေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခွင့် ရခဲ့တယ်လို့ ပြောကြားသွားပါတယ်။

အိမ်ဖြူတော်မှာရှိတဲ့ အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကတော့ ဒီကိစ္စဟာ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းဖို့ တရုတ်က ထင်သာမြင်သာ ကြားဝင်လာတာလို့ ယူဆပြီး ကြိုဆို အားပေးကြောင်း ပြောပါတယ်။

တရုတ်ရဲ့ လုပ်ဆောင်မှုဟာ အဓိပ္ပါယ် ပြည့်ဝတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ၊ အစီအမံတွေ၊ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဘယ်လမ်းကြောင်းဆီ ဦးတည်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ အဲဒီကိစ္စတွေကို ဘယ်လိုမှ မှန်းဆလို့ မရသေးကြောင်း ကာဘီက ဆိုပါတယ်။

သူက ယူကရိန်းနဲ့ တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမယ့် အကြောင်းကို အမေရိကန်က ကြိုတင် မသိခဲ့ကြောင်းနဲ့ သိဖို့လည်း အရေးတကြီး မလိုအပ်ကြောင်း ထပ်လောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။