Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ အကြောင်းရင်း ရှာမရသေးတဲ့ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကြောင့် လူ ၁၁ ဦးသေဆုံး

အိန္ဒိယမှာ စက်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ဓာတ်ငွေ့ ယိုစိမ့်မှုတွေက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်ကတင် အန်ဒဟာရာ ပရာဒက်ရှ် ပြည်နယ်ထဲက ဗစ်ဆက်ဟာပက်နမ်မြို့မှာ ဓာတ်ငွေ့ ယိုစိမ့်မှုတစ်ခု ဖြစ်ပွားပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အိန္ဒိယမှာ အကြောင်းရင်း ရှာမရသေးတဲ့ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကြောင့် လူ ၁၁ ဦးသေဆုံး
အိန္ဒိယမှာ အကြောင်းရင်း ရှာမရသေးတဲ့ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကြောင့် လူ ၁၁ ဦးသေဆုံး

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ အကြောင်းရင်း အတိအကျ မသိရသေးတဲ့ ဓာတ်ငွေ့ ယိုစိမ့်မှုတစ်ခု ဖြစ်ပွားပြီး လူ ၁၁ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ပန်ဂျပ် ပြည်နယ်ထဲက ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ လူဒ်ဟီယာနာမှာ ရုတ်တရက် လူတွေ မူးမေ့ လဲကျ သတိလစ်ရင်း အသက်ပါ ပါသွားကြတာ ဖြစ်ပါတယ်။ ဧပြီ ၃၀ မနက်ပိုင်းက မြို့ထဲက နွားနို့ဆိုင် တခုကို နို့သွားဝယ်ကြချိန် လူတွေ အသက်ရှူကျပ်တာ၊ မေ့မျောသွားတာတွေ ကြုံခဲ့တာ ဖြစ်ပါတယ်။

နောက်တော့ ဓာတ်ငွေ့ အကာအကွယ် ဝတ်စုံတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အဲဒီနေရာကို ပိတ်ဆို့လိုက်ပြီး ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ကြသလို ဒုက္ခရောက်နေသူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ စာရင်းချုပ်လိုက်တဲ့ အခါမှာတော့ လူ ၁၁ ဦးသေပြီး ၄ ဦးက ဆေးရုံရောက်ခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အိမ်ထဲမှာ မေ့လဲနေသူ တချို့ကိုပါ အရေးပေါ် ကယ်ထုတ်ခဲ့ကြရပါတယ်။ လူ့အသက်တွေ ဆုံးရှုံးတဲ့ထိ ဖြစ်ပွားစေခဲ့တဲ့ ဓာတ်ငွေ့ ယိုစိမ့်မှုရဲ့ အဓိက ရင်းမြစ်ကို ရှာမတွေ့သေးပါဘူး။ အနီးမှာရှိတဲ့ စက်မှုဇုန် တစ်ခုဆီ ပညာရှင်တွေ စေလွှတ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် အခုဖြစ်စဉ်နဲ့ တိုက်ရိုက် ဆက်နွှယ်တယ်လို့ အတည်ပြုဖို့ ခက်ခဲနေပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် လူပြောများနေတဲ့ ခန့်မှန်း သီအိုရီ တစ်ခုကတော့ နွားနို့ဆိုင် တဝိုက်က မြေကျင်းတွေထဲကနေ မြေအောက် ဓာတ်ငွေ့တွေ စိမ့်ထွက်လာတာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။ လက်ရှိ အချိန်ထိတော့ ဓာတ်ငွေ့ ယိုစိမ့်မှုရဲ့ အကြောင်းရင်းက ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။

အိန္ဒိယမှာ စက်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ဓာတ်ငွေ့ ယိုစိမ့်မှုတွေက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်ကတင် အန်ဒဟာရာ ပရာဒက်ရှ် ပြည်နယ်ထဲက ဗစ်ဆက်ဟာပက်နမ်မြို့မှာ ဓာတ်ငွေ့ ယိုစိမ့်မှုတစ်ခု ဖြစ်ပွားပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

၁၉၈၄ တုန်းကလည်း ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စာရင်းဝင် စက်မှုလုပ်ငန်း မတော်တဆမှုကြီး အနေနဲ့ ဘိုဟ်ပဲလ်မြို့မှာ ပိုးသတ်ဆေး စက်ရုံတစ်ခုကနေ ဓာတ်ငွေ့ ယိုစိမ့်ခဲ့တာကြောင့် လူပေါင်း သောင်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။