Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တူရကီ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အာဒိုဝမ် ပြန်လည် အနိုင်ရ

အခုနှစ် တူရကီ ရွေးကောက်ပွဲဟာ မဲဆွယ်မှု ကာလတွေ ကတည်းက ရှုပ်ထွေးမှုတွေ ရှိခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးဟာ သူ့ပါတီရဲ့ ရုံးခန်းတစ်ခု ရှေ့မှာတင် ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။

တူရကီ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အာဒိုဝမ် ပြန်လည် အနိုင်ရ
တူရကီ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အာဒိုဝမ် ပြန်လည် အနိုင်ရ

တူရကီ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်က အနိုင်ရဖို့ သေချာသွားခဲ့ပြီး သူ့ရဲ့ နိုင်ငံခေါင်းဆောင် သက်တမ်းကို ဆွဲဆန့်နိုင်တော့မှာ ဖြစ်ပါတယ်။

မေလ ၁၄ ရက်က ကျင်းပတဲ့ တူရကီ ရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်းမှ သောင်ပြိုကမ်းပြို ရလဒ်နဲ့ မနိုင်ခဲ့တဲ့နောက် မဲအများဆုံး ရခဲ့သူ နှစ်ဦးဖြစ်တဲ့ အာဒိုဝမ်နဲ့ အဓိက အတိုက်အခံ ခေါင်းဆောင် ကီမယ်လ် ကီလစ် ဒါရိုဂလူတို့ နှစ်ဦးတည်း မေလ ၂၈ ရက်မှာ နောက်တဆင့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲဒီနောက် မဲအားလုံးရဲ့ ၈၉ ရာခိုင်နှုန်းလောက် ရေတွက်ပြီးချိန်မှာ အာဒိုဝမ်ဟာ စုစုပေါင်း ဆန္ဒမဲရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရရှိတာ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ ကီလစ် ဒါရိုဂလူဟာ အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်နိုင်ခဲ့တဲ့တိုင် အာဒိုဝမ်ရဲ့ ရေပက်မဝင် ပြင်ဆင်ထားတဲ့ မဲဆွယ်စည်းရုံးမှုတွေကို ထိုးဖောက်ဖို့ ခက်ခဲခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တာဟာ ၈၅ သန်းသော တူရကီ ပြည်သူတွေရဲ့ အောင်နိုင်မှုလည်း ဖြစ်တယ်လို့ အန်ကာရာ မြို့တော်မှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန် အာဒိုဝမ်က ကြွေးကြော်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် ကတည်းက တူရကီ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသူပါ။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲ အနိုင်ရဖို့ သေချာသွားတဲ့နောက် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ အာဒိုဝမ်က တစ်နိုင်ငံလုံး သွေးစည်း ညီညွတ်ကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကီလစ် ဒါရိုဂလူအပြင် ထောင်ဒဏ် ကျခံနေရတဲ့ ကာ့ဒ်မျိုးနွယ်စု ခေါင်းဆောင်တွေကို ဝေဖန်ထိုးနှက်တာ၊ LGBT အသိုက်အဝန်းကို ပုတ်ခတ်တာတွေကြောင့် လက်တွေ့မှာတော့ ညီညွတ်ရေးကို ကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

တူရကီမှာ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်း အစိုးရရဲ့ ကယ်ဆယ်ရေး အစီအမံတွေ အားနည်းတာ၊ နိုင်ငံရဲ့ လိုင်ရာ ငွေကြေးယူနစ်တန်ဖိုး ကျဆင်းတာတွေ အပါအဝင် ဂယက်ရိုက်ခတ်မှုမျိုးစုံ ကြုံနေရချိန်မှာ အာဒိုဝမ်က ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ရှာဖွေသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် တူရကီ ရွေးကောက်ပွဲဟာ မဲဆွယ်မှု ကာလတွေ ကတည်းက ရှုပ်ထွေးမှုတွေ ရှိခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးဟာ သူ့ပါတီရဲ့ ရုံးခန်းတစ်ခု ရှေ့မှာတင် ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။

အာဒိုဝမ်ရဲ့ အစိုးရ သက်တမ်း အသစ်မှာ အဓိက ရင်ဆိုင်ရမယ့် မေးခွန်းကတော့ ပြည်တွင်းမှာ ကုန်စျေးနှုန်း ဆိုးဆိုးရွားရွား မြင့်တက်လာမှုတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပါပဲ။ လေ့လာမှု စစ်တမ်းတွေအရ တူရကီ ပြည်သူတွေဟာ ပျမ်းမျှ လူနေမှု စရိတ်နဲ့ ကုန်ကျစရိတ်တွေ ၄၄ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာတဲ့ အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။