Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယအတွက် ရေငုပ်သင်္ဘော ၆ စီး တည်ဆောက်ပေးမယ့် ဂျာမနီ

အခုအခါမှာတော့ ဂျာမနီရဲ့ Thyssenkrupp Marine Systems (TKMS)နဲ့ အိန္ဒိယရဲ့ Mazagon Dock Shipbuilders လုပ်ငန်းစုတွေဟာ ရေငုပ်သင်္ဘော ၆ စီးကို အတူပူးပေါင်း ထုတ်လုပ်ဖို့ ကနဦး နားလည်မှု စာချွန်လွှာ တစောင်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အိန္ဒိယအတွက် ရေငုပ်သင်္ဘော ၆ စီး တည်ဆောက်ပေးမယ့် ဂျာမနီ
အိန္ဒိယအတွက် ရေငုပ်သင်္ဘော ၆ စီး တည်ဆောက်ပေးမယ့် ဂျာမနီ

အိန္ဒိယအတွက် ဂျာမနီက ရေငုပ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ အပြီးသတ် အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အိန္ဒိယက ကာကွယ်ရေး ပစ္စည်းတွေ ဝယ်ယူရာမှာ ရုရှားအပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို လျှော့ချချင်နေသလို အနောက်ဥရောပ အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ဂျာမနီကလည်း အဲဒီ အနေအထားကို ပြောင်းလဲစေလိုပါတယ်။ ဒါကြောင့်လည်း ဂျာမန် နည်းပညာသုံး အဆင့်မြင့် ရေငုပ်သင်္ဘောတွေကို အိန္ဒိယနဲ့ ပူးပေါင်း တည်ဆောက်ဖို့အတွက် ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ သဘောတူညီမှု တခုအတွက် ကြိုးစား ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဂျာမနီရဲ့ Thyssenkrupp Marine Systems (TKMS)နဲ့ အိန္ဒိယရဲ့ Mazagon Dock Shipbuilders လုပ်ငန်းစုတွေဟာ ရေငုပ်သင်္ဘော ၆ စီးကို အတူပူးပေါင်း ထုတ်လုပ်ဖို့ ကနဦး နားလည်မှု စာချွန်လွှာ တစောင်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောတွေရဲ့ တန်ဖိုးဟာ ယူရို ၅.၂ ဘီလီယံလောက် ကျသင့်မယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အိန္ဒိယကို ၄ ရက်ကြာ အလည်အပတ် ခရီးစဉ် သွားရောက်နေတဲ့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုရီးယက်စ်က အခု ရေငုပ်သင်္ဘော တည်ဆောက်ရေး သဘောတူညီမှုဟာ အနာဂတ်မှာ နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍ လက်တွဲ လုပ်ဆောင်မှုတွေအတွက် ကနဦး ခြေလှမ်းသစ် ဖြစ်တယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ညှိနှိုင်းထားတဲ့ သဘောတူညီချက်အရ ဂျာမနီဟာ အိန္ဒိယအတွက် လေအားနဲ့ တွန်းကန်တဲ့ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘော ၆ စီးကို တည်ဆောက်ပေးသွားမှာပါ။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ အရမ်း တိတ်တိတ်ဆိတ်ဆိတ် ခုတ်မောင်းနိုင်မှာဖြစ်ပြီး အားလုံးကို အိန္ဒိယမှာပဲ ဆောင်လုပ်မယ်လို့ ဆိုပါတယ်။

အိန္ဒိယ ရေတပ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ TKMSရဲ့ အရင် ကုမ္ပဏီဟောင်းက ဆောက်လုပ်ပေးထားတဲ့ ရေငုပ်သင်္ဘော ၄ စီးကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီထဲက ၂ စီးကို ဂျာမနီမှာ တည်ဆောက်ပြီး ၂ စီးကိုတော့ နည်းပညာ လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်အရ အိန္ဒိယမှာ ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။