Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျိုးဆက်ဟောင်း Leopard 1 တင့်ကားတွေပါ ယူကရိန်းဆီ တင်ပို့ခွင့်ပေးဖို့ ဂျာမနီ ခွင့်ပြု

ဂျာမနီဟာ ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေရဲ့ အစဉ်တစိုက် ဖိအားပေး တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ လကမှ လိုက်လျော သဘောတူပြီး ကိုယ်တိုင်က Leopard 2 ၁၄ စီးပေးပို့မယ့်အပြင် တခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ Leopard 2တွေ ယူကရိန်းဆီ လက်လွှဲပေးဖို့ကိုပါ ခွင့်ပြုခဲ့ပါတယ်။

မျိုးဆက်ဟောင်း Leopard 1 တင့်ကားတွေပါ ယူကရိန်းဆီ တင်ပို့ခွင့်ပေးဖို့ ဂျာမနီ ခွင့်ပြု
မျိုးဆက်ဟောင်း Leopard 1 တင့်ကားတွေပါ ယူကရိန်းဆီ တင်ပို့ခွင့်ပေးဖို့ ဂျာမနီ ခွင့်ပြု

ဂျာမနီ အစိုးရဟာ မျိုးဆက်ဟောင်း တိုက်ပွဲဝင် တင့်ကားတွေဖြစ်တဲ့ Leopard 1တွေကို ယူကရိန်းဆီ ပို့ဆောင်ဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။

ဒါဟာ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အကြီးစား သံချပ်ကာယာဉ်တွေ အလိုရှိနေတဲ့ ယူကရိန်းအတွက် နောက်ထပ် အားတက်စရာ အခြေအနေ တစ်ခုလို့ ယူဆနိုင်ပါတယ်။ ဂျာမနီဟာ ပိုခေတ်မီတဲ့၊ စွမ်းဆောင်ရည် ပိုမြင့်တဲ့ Lepoard 2 ၁၄ စီးကိုလည်း လက်ရှိ စစ်တပ်ရဲ့ ဖွဲ့စည်းပုံထဲကနေ ထုတ်နုတ်ယူပြီး ယူကရိန်းဆီ ပေးပို့ဖို့ သဘောတူထားပါတယ်။

ဒါပေမဲ့ Leopardမျိုးဆက် တင့်ကားတွေကို ထုတ်လုပ်ခဲ့တဲ့ Krauss-Maffei Wegmann (KMW)က သူတို့ လက်ရှိ သိမ်းဆည်းထားတဲ့ မျိုးဆက်ဟောင်း Leopard 1တွေကိုပါ ယူကရိန်းအတွက် ထောက်ပံ့ ပေးပို့ဖို့ တောင်းဆိုခဲ့ပါတယ်။

Leopard 1တွေကို ပြည်ပ (ယူကရိန်း)ဆီ တင်ပို့ဖို့ လိုင်စင် ခွင့်ပြုပေးလိုက်ပြီဆိုတာ အတည်ပြုနိုင်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဟီဘက်စထရိတ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

Leopard 1တွေကို ယူကရိန်းဆီ လွှဲပေးမယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဟီဘက်စထရိတ်ကို အခုလို အတည်ပြု ဖြေကြားခဲ့တာ ဖြစ်ပေမယ့် အသေးစိတ် အချက်အလက်တွေကို မှတ်ချက်ပေးဖို့တော့ ငြင်းဆိုသွားပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စတင် အသုံးပြုခဲ့တဲ့ Leopard 1တွေဟာ လက်ရှိ ကာလမှာ ဥရောပ နိုင်ငံ တော်တော်များများက မှာယူ သုံးစွဲနေတဲ့ Leopard 2တွေရဲ့ ရှေ့ပြေး မျိုးဆက်ဟောင်း ဖြစ်ပါတယ်။ ထုတ်လုပ်မှု နှစ်ပေါင်း သက်တမ်း ၆၀ လောက် ကြာမြင့်ခဲ့ပြီး ဖြစ်တာတောင်မှ Leopard 1တွေဟာ ယူကရိန်း စစ်တပ် လတ်တလော အသုံးပြုနေတဲ့ ဆိုဗီယက်လုပ် တင့်ကား အတော်များများထက် ပိုမာပြီး ပိုအစွမ်းထက်သေးတယ်လို့ ယူဆရပါတယ်။

ဂျာမန် မီဒီယာတွေရဲ့ အဆိုအရ KMWနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ နှစ်ခုဟာ လက်ရှိ သိမ်းဆည်းထားတဲ့ Leopard 1တွေကို ပြန်လည် မွမ်းမံ အဆင့်မြှင့်ပြီး ယူကရိန်းဆီ တင်ပို့ဖို့ အစိုးရဆီ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ အဲဒီ တင့်ကားတွေအတွက် ခဲယမ်းမီးကျောက် ထုတ်လုပ်မှု အပိုင်းမှာတော့ အခက်အခဲတွေ ကြုံလာနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ဂျာမနီဟာ ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေရဲ့ အစဉ်တစိုက် ဖိအားပေး တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ လကမှ လိုက်လျော သဘောတူပြီး ကိုယ်တိုင်က Leopard 2 ၁၄ စီးပေးပို့မယ့်အပြင် တခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ Leopard 2တွေ ယူကရိန်းဆီ လက်လွှဲပေးဖို့ကိုပါ ခွင့်ပြုခဲ့ပါတယ်။

ဂျာမနီရဲ့ ဥပဒေတွေအရ ပြည်ပကို တင့်ကားတွေ တင်ပို့ဖို့အတွက် အစိုးရဆီက လိုင်စင် လိုအပ်တဲ့အပြင် တင့်ကားတွေ ဝယ်ယူထားတဲ့ နိုင်ငံတွေက ကြားနိုင်ငံ တစ်ခုဆီ ထပ်ပြီး လွှဲပြောင်းပေးရင်လည်း ဂျာမနီဆီက ခွင့်ပြုချက် တောင်းခံဖို့ ထိန်းချုပ် ကန့်သတ်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။