Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုဗီယက်ခေတ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံးအကြိမ် လကို စူးစမ်းလေ့လာဖို့ စေလွှတ်တဲ့ အာကာသမစ်ရှင် ကျရှုံး

ဩဂုတ် ၂၀ မှာ Luna-25 အာကာသယာဉ်ဟာ လပေါ် မဆင်းသက်ခင် သတ်မှတ် လမ်းကြောင်းအတိုင်း ပျံသန်းနေရာက ထိန်းချုပ်မှု ကင်းလွတ်ပြီး လမျက်နှာပြင်ပေါ် ပျက်ကျသွားတယ်လို့ ရုရှားရဲ့ အာကာသ ကော်ပိုရေးရှင်း Roskosmosက အတည်ပြု ကြေညာခဲ့ပါတယ်။

ဆိုဗီယက်ခေတ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံးအကြိမ် လကို စူးစမ်းလေ့လာဖို့ စေလွှတ်တဲ့ အာကာသမစ်ရှင် ကျရှုံး
ဆိုဗီယက်ခေတ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံးအကြိမ် လကို စူးစမ်းလေ့လာဖို့ စေလွှတ်တဲ့ အာကာသမစ်ရှင် ကျရှုံး

လကို စူးစမ်းလေ့လာဖို့ ရုရှားက ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စေလွှတ်ခဲ့တဲ့ အာကာသ မစ်ရှင်ဟာ စိတ်ပျက်ဖွယ် ရလဒ်နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

ဩဂုတ် ၂၀ မှာ Luna-25 အာကာသယာဉ်ဟာ လပေါ် မဆင်းသက်ခင် သတ်မှတ် လမ်းကြောင်းအတိုင်း ပျံသန်းနေရာက ထိန်းချုပ်မှု ကင်းလွတ်ပြီး လမျက်နှာပြင်ပေါ် ပျက်ကျသွားတယ်လို့ ရုရှားရဲ့ အာကာသ ကော်ပိုရေးရှင်း Roskosmosက အတည်ပြု ကြေညာခဲ့ပါတယ်။

လူမဲ့ အာကာသယာဉ်လေး Luna-25ဟာ လရဲ့ တောင်ဖက်စွန်းဆီ ဆင်းသက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပန်းတိုင်မရောက်ခင် ပျက်ကျသွားတာပါ။ လပေါ်ကို အမေရိကန်နဲ့ တရုတ်တို့က ခြေချခဲ့ဖူးပြီး ဖြစ်ပေမယ့် လရဲ့ တောင်ဝင်ရိုးစွန်းကိုတော့ ဘယ်နိုင်ငံကမှ လေ့လာရေး မရောက်ရှိခဲ့ဖူးသေးပါဘူး။ အဲဒီနေရာဟာ အမှောင်ရိပ် ဖုံးလွှမ်းနေပြီး လူသားတွေအတွက် ပဟေဠိ ဆန်နေဆဲ ရပ်ဝန်းတစ်ခုအဖြစ် တည်ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေက လရဲ့ တောင်ဝင်ရိုးစွန်းမှာ သက်ရှိတွေအတွက် အရေးအကြီးဆုံး အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ရေရှိနေသလား ဆိုတာကို အလေးအနက် သိချင်နေကြပါတယ်။ ရုရှားဟာ ၁၉၇၆ တုန်းက လွှတ်တင်ခဲ့တဲ့ Luna-24 ခရီးစဉ်အပြီး ပထမဆုံး လစူးစမ်းရေး မစ်ရှင်အဖြစ် Luna-25 ပရောဂျက်ကို ရည်မှန်းချက် ကြီးကြီးနဲ့ အကောင်အထည် ဖော်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း တောက်လျှောက်ဆိုသလို ရုရှားရဲ့ အာကာသ စူးစမ်းလေ့လာရေး စွမ်းရည်ဟာ အကျပိုင်းဆီ ဦးတည်နေခဲ့ပြီး အခုလို Luna-25 ပျက်ကျမှုက ပိုပြီး သိက္ခာကျစရာ ဖြစ်လာပါတယ်။ ရွှေရောင်လွှမ်းတဲ့ အတိတ်နေ့တွေတုန်းကတော့ ဆိုဗီယက်ဟာ ၁၉၅၇ ခုနှစ်မှာ Sputnik 1နဲ့အတူ ကမ္ဘာပတ်လမ်းထဲ ပထမဆုံး ဂြိုဟ်တု လွှတ်တင်နိုင်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သလို ဆိုဗီယက် အာကာသယာဉ်မှူး ယူရီ ဂါဂါရင်ကလည်း အာကာသထဲ ပထမဆုံး ရောက်ရှိတဲ့ လူသားအဖြစ် သမိုင်းသစ် ထုဆစ်နိုင်ခဲ့ပါတယ်။

Roskosmosက Luna-25 မစ်ရှင်မှာ ဘာတွေ လွဲချော်ခဲ့သလဲ ဆိုတာကို ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ Luna-25ကို လဆီ မလွှတ်တင်ခင် ပရောဂျက် အကောင်အထည် ဖော်နေဆဲ ကာလတလျှောက် ရုရှား သိပ္ပံ ပညာရှင် တချို့က နိုင်ငံရဲ့ အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်တွေဟာ ညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် အားနည်း ဆုတ်ယုတ်လာနေကြောင်း ဝေဖန် ထောက်ပြတာမျိုးတွေ ရှိခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။