Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးရဲ့ စစ်ပွဲကာလ အရေးပေါ် အစိုးရ ကျမ်းသစ္စာ ကျိန်ဆို

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်ရဲ့ ကျူးကျော်မှုနဲ့ စတင်လာတဲ့ စစ်ပွဲဟာ လက်ရှိ အချိန်ထိ အရှိန်အဟုန် မြင့်မားနေဆဲဖြစ်ပြီး အစ္စရေးဖက်က ၁၂၀၀ ကျော်နဲ့ ဂါဇာကမ်းမြှောင် ဒေသက ပါလက်စတိုင်း ၁၃၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အစ္စရေးရဲ့ စစ်ပွဲကာလ အရေးပေါ် အစိုးရ ကျမ်းသစ္စာ ကျိန်ဆို
အစ္စရေးရဲ့ စစ်ပွဲကာလ အရေးပေါ် အစိုးရ ကျမ်းသစ္စာ ကျိန်ဆို

စစ်ပွဲကာလ အခြေအနေ အပြောင်းအလဲတွေကို ထိထိရောက်ရောက် စီမံကိုင်တွယ်ဖို့ ဖွဲ့စည်းလိုက်တဲ့ အစ္စရေး အရေးပေါ် အစိုးရသစ်ဟာ အောက်တိုဘာ ၁၂ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ စစ်ခင်းနေရတဲ့ မျက်မှောက် ကာလအတွင်း အဓိက အတိုက်အခံ ခေါင်းဆောင် ဘန်နီဂန့်ဇ်နဲ့ ပူးပေါင်းပြီး အဖွဲ့ဝင် ၄ ဦးသာ ပါဝင်တဲ့ အရေးပေါ် အစိုးရ ဖွဲ့စည်းမယ်လို့ ပြောကြားထားခဲ့ပါတယ်။ အဲဒီ အစိုးရသစ်ကို လွှတ်တော်မှာ ၆၆-၄ ဆိုတဲ့ မဲရလဒ်နဲ့ ထောက်ခံခဲ့ကြတဲ့နောက် တရားဝင် ကျမ်းကျိန်ခဲ့တာ ဖြစ်ပါတယ်။

အနက်ရောင် ဝတ်ဆင်ထားတဲ့ နေတန်ညာဟုက အစ္စရေးရဲ့ ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေကြား စည်းလုံးမှု တည်ဆောက်ပြခဲ့ခြင်းဟာ အစ္စရေးရဲ့ အင်အားတွေ အစုစည်းနိုင်ဆုံး ဖြစ်နေတာကို မြင်သာစေပြီး ဟားမားစ်ကို ခြွင်းချက်မရှိ ချေမှုန်းသွားမယ်လို့ လွှတ်တော်မှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အရင်က ဂန့်ဇ်ရဲ့ မဟာမိတ် တစ်ဦး ဖြစ်ခဲ့သူ တခြား လူသိများတဲ့ အတိုက်အခံခေါင်းဆောင် ယဲလာပစ်ဒ်ကတော့ သူဟာ အရေးပေါ် အစိုးရအဖွဲ့မှာ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ကြိုတင် ထုတ်ပြန်ထားခဲ့ပါတယ်။ သူက ဟားမားစ်ရဲ့ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုမှာ အစ္စရေး နိုင်ငံသားတွေ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ လက်ရှိ အစ္စရေး အစိုးရဟာ ဘာဆင်ခြေမှ ပေးလို့မရတဲ့ ပျက်ကွက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်ရဲ့ ကျူးကျော်မှုနဲ့ စတင်လာတဲ့ စစ်ပွဲဟာ လက်ရှိ အချိန်ထိ အရှိန်အဟုန် မြင့်မားနေဆဲဖြစ်ပြီး အစ္စရေးဖက်က ၁၂၀၀ ကျော်နဲ့ ဂါဇာကမ်းမြှောင် ဒေသက ပါလက်စတိုင်း ၁၃၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။