Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ရှိ အခြေအနေမှာ ဟက်ဇ်ဘိုလာတွေနဲ့ စစ်မတိုက်ချင်ဘူးလို့ အစ္စရေးပြော

ဟားမားစ်ရော၊ ဟက်ဇ်ဘိုလာပါ အီရန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုကို ရရှိထားတဲ့ လက်နက်ကိုင် အင်အားစုတွေဖြစ်ပြီး အရင်ကလည်း အစ္စရေးနဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ဖူးပါတယ်။

လက်ရှိ အခြေအနေမှာ ဟက်ဇ်ဘိုလာတွေနဲ့ စစ်မတိုက်ချင်ဘူးလို့ အစ္စရေးပြော
လက်ရှိ အခြေအနေမှာ ဟက်ဇ်ဘိုလာတွေနဲ့ စစ်မတိုက်ချင်ဘူးလို့ အစ္စရေးပြော

ဟားမားစ်တွေနဲ့ စစ်ခင်းနေတဲ့ အခြေအနေမှာ ဟက်ဇ်ဘိုလာတွေနဲ့ပါ စစ်တိုက်ရဖို့ မလိုလားကြောင်း အစ္စရေးဖက်က အတည်ပြုခဲ့ပါတယ်။

အစ္စရေးဟာ နိုင်ငံ အနောက်တောင်ပိုင်းမှာ နယ်နိမိတ် ထိစပ်နေတဲ့ ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ အကြီးအကျယ် စစ်ဖြစ်နေပြီး မြောက်ပိုင်းက လက်ဘနွန် နယ်စပ်မှာလည်း ဟက်ဇ်ဘိုလာတွေနဲ့ စစ်ရေး တင်းမာနေပါတယ်။

လက်ဘနွန် အခြေစိုက် ပြောက်ကျားတွေနဲ့ အစ္စရေး နယ်စပ် လုံခြုံရေး တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ သီတင်းပတ်မှာ အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။

ဟားမားစ်ရော၊ ဟက်ဇ်ဘိုလာပါ အီရန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုကို ရရှိထားတဲ့ လက်နက်ကိုင် အင်အားစုတွေဖြစ်ပြီး အရင်ကလည်း အစ္စရေးနဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲကာလ အရေးပေါ် ဖွဲ့စည်းထားတဲ့ အစ္စရေး အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ် ဂဲလန့်ကတော့ မြောက်ပိုင်း (လက်ဘနွန်နဲ့ နယ်စပ်)မှာ စစ်တိုက်ဖို့ အစ္စရေး အနေနဲ့ စိတ်မဝင်စားကြောင်း၊ အခြေအနေတွေ ပိုဆိုးလာအောင်လည်း အစ္စရေးက မီးစာ မဖြည့်ချင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ ဟက်ဇ်ဘိုလာတွေက စစ်ပွဲကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားရင်လည်း အစ္စရေးက ငြင်းနေမှာ မဟုတ်ကြောင်း၊ ဟက်ဇ်ဘိုလာတွေလည်း ကြီးကြီးမားမား၊ အရမ်းကို ကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုတာ နားလည်သင့်ကြောင်း၊ ဒါပေမဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မယ် ဆိုရင်တော့ အစ္စရေးကလည်း ဒီအခြေအနေကို လေးစားပြီး တူညီတဲ့ တုံ့ပြန်မှုမျိုး ပြသလိုကြောင်း ဂဲလန့်က ဆိုပါတယ်။

လောလောဆယ်တော့ အစ္စရေးဟာ လက်ဘနွန် နယ်စပ်တဝိုက်မှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ကြေညာထားလိုက်ပြီး အရပ်သားတွေ နယ်စပ်နား ချဉ်းကပ်မှုကိုပါ ပိတ်ပင်ထားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နှစ်ဖက် တပ်တွေက နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့တယ် ဆိုတာကို အစ္စရေးကရော၊ ဟက်ဇ်ဘိုလာတွေကပါ အသီးသီး အတည်ပြုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။