Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ အသားပေါ်ပြီး ဝက်သား၊ ဆိတ်သားအဖြစ် ညာရောင်းခံရမယ့် ကြောင် ၁၀၀၀ လောက်ကို ကယ်ဆယ်ခဲ့ရ

နိုင်ငံအရှေ့ပိုင်း၊ ကျီယန်ဆုမှာရှိတဲ့ ရှန်ကျီကန် မြို့ထဲမှာ ထရပ်ကား တစ်စီးကို တာဝန်ရှိသူတွေက ကြားဖြတ် တားဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ဟန့်တားမှုသာ မရှိခဲ့ရက် ဖမ်းဆီးခံထားရတဲ့ ကြောင်တွေဟာ သားသတ်ရုံကို ရောက်သွားမယ်လို့ သိရပါတယ်။

တရုတ်မှာ အသားပေါ်ပြီး ဝက်သား၊ ဆိတ်သားအဖြစ် ညာရောင်းခံရမယ့် ကြောင် ၁၀၀၀ လောက်ကို ကယ်ဆယ်ခဲ့ရ
တရုတ်မှာ အသားပေါ်ပြီး ဝက်သား၊ ဆိတ်သားအဖြစ် ညာရောင်းခံရမယ့် ကြောင် ၁၀၀၀ လောက်ကို ကယ်ဆယ်ခဲ့ရ

တရုတ်နိုင်ငံမှာ အသားပေါ်ပြီး ဝက်သား၊ ဆိတ်သားအဖြစ် ညာရောင်းဖို့ ရည်ရွယ်ထားတဲ့ ကြောင်အကောင်ရေ ၁၀၀၀ လောက်ကို အာဏာပိုင်တွေက ကယ်ဆယ်ခဲ့ရပါတယ်။

အဲဒီ ကြောင်တွေကို ထရပ်ကားပေါ်တင်ပြီး သားသတ်ရုံ တစ်ခုဆီ ပို့ဆောင်တော့မယ့် အချိန်မှာ သတင်းပေး တိုင်ကြားမှု ရရှိလို့ သွားရောက် တားဆီးခဲ့ရတာလို့ ကျီယန်ဆုပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့လက ပေါ်ပေါက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က အခုမှသာ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံအရှေ့ပိုင်း၊ ကျီယန်ဆုမှာရှိတဲ့ ရှန်ကျီကန် မြို့ထဲမှာ ထရပ်ကား တစ်စီးကို တာဝန်ရှိသူတွေက ကြားဖြတ် တားဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ဟန့်တားမှုသာ မရှိခဲ့ရက် ဖမ်းဆီးခံထားရတဲ့ ကြောင်တွေဟာ သားသတ်ရုံကို ရောက်သွားမယ်လို့ သိရပါတယ်။

အခုတော့ ကြောင်တွေကို အနီးမှာရှိတဲ့ လေလွင့် အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာတစ်ခုဆီ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။ အဲဒီကြောင်တွေကို အသားပေါ်ပြီး ဝက်သား၊ ဆိတ်သားအဖြစ် ညာရောင်းရင် ဒေါ်လာ ၂၀၅၀၀ လောက်ထိ ရရှိနိုင်မယ်လို့လည်း ခန့်မှန်းရပါတယ်။

Public Service Announcement

Public Service Announcement

တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သံရိုက်ထားတဲ့ သစ်သားပုံးတွေထဲမှာ ကြောင်တွေကို အရေအတွက် အများကြီး ထည့်သယ်သွားတာကို သတိပြုမိတဲ့နောက် ရဲတွေဆီ အသိပေး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အရည်အသွေးဆိုင်ရာ ပြဿနာတွေအတွက် ကာလရှည်ကြာ ရုန်းကန်နေခဲ့ရတဲ့ ရာဇဝင်မျိုး ရှိပါတယ်။ တစ်ခါတုန်းကလည်း ကောလိပ်မှာ ကျွေးမွေးတဲ့ အစားအသောက်ထဲမှာ ကြွက်ခေါင်းကြီး ပါလာလို့ အကြီးအကျယ် အရှက်ရစရာတွေ ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook