Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓါးစာခံတွေ အားလုံး မလွတ်မချင်း အပစ်အခတ် ရပ်စဲဖို့ မဖြစ်နိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အစ္စရေးက ဟားမားစ်တွေ လက်ထဲမှာ ရှိနေတဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန် ဟားမားစ်တွေကလည်း အစ္စရေး ဖမ်းဆီးထားသမျှ ပါလက်စတိုင်း အားလုံးကို ပြန်လွှတ်မှသာ ဓားစာခံတွေကို လွှတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

ဓါးစာခံတွေ အားလုံး မလွတ်မချင်း အပစ်အခတ် ရပ်စဲဖို့ မဖြစ်နိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော
ဓါးစာခံတွေ အားလုံး မလွတ်မချင်း အပစ်အခတ် ရပ်စဲဖို့ မဖြစ်နိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

နိုင်ငံတကာ အသိုက်အဝန်းက ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့တို့ကြား စစ်ခင်း တိုက်ခိုက်နေမှု ရပ်ဆိုင်းဖို့ ဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်လာချိန်မှာ နေတန်ညာဟုက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အလစ်အငိုက် စီးနင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးပြီး ၂၄၀ ကျော်လောက်ကိုလည်း ဟားမားစ်တွေက ဓားစာခံအဖြစ် ဖမ်းဆီးပြီး ဂါဇာဖက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အစ္စရေးဟာ အဲဒီ ကိစ္စကို လက်တုံ့ပြန်ပြီး ဂါဇာမှာ စစ်ဆင်ရေးတွေ အသည်းအမည်း ဆင်နွှဲခဲ့တာကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း တစ်သောင်းနီးပါးထိ သေဆုံးခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြင်းထန်လွန်းပြီး အရပ်သားတွေ ထိခိုက် သေကြေမှု များပြားနေတာကြောင့် နိုင်ငံတကာက ကန့်ကွက် ဝေဖန်မှုတွေ မြင့်တက်လာပြီး စစ်ပွဲရပ်ဆိုင်းဖို့ တောင်းဆိုသံတွေ ကျယ်လောင်လာတာပါ။

နေတန်ညာဟုကတော့ အဖမ်းခံထားရတဲ့ ဓားစာခံတွေ အားလုံး မလွတ်မြောက်မချင်း အပစ်အခတ် ရပ်စဲရေး ကိစ္စဆိုတာ စကားတောင် မဟသင့်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ နေတန်ညာဟုဟာ အစ္စရေး တောင်ပိုင်းမှာရှိတဲ့ ရာမွန် လေတပ်စခန်းမှာ လေတပ်သားတွေကို သွားရောက် တွေ့ဆုံချိန်မှာ အစ္စရေး အစိုးရ အနေနဲ့ ဟားမားစ်တွေကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ သံန္နိဋ္ဌာန် ချထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

အစ္စရေးက ဘယ်ဟာရန်သူ၊ ဘယ်ဟာ မိတ်ဆွေ ဆိုတာကို ခွဲခွဲခြားခြား သိနားလည်ကြောင်း၊ ရန်သူကို အပြတ်ချေမှုန်းဖို့ ရှေ့ဆက် လုပ်ဆောင်နေမှာဖြစ်ပြီး အစ္စရေးရဲ့ အဲဒီ မူဝါဒက ပြောင်းလဲသွားမှာလည်း မဟုတ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ အစ္စရေးဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ အားလုံးကို စုပေါင်း အသုံးပြုပြီး ဂါဇာစီးတီး အပါအဝင် ဂါဇာမြောက်ပိုင်း ဒေသတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

အစ္စရေးက ဟားမားစ်တွေ လက်ထဲမှာ ရှိနေတဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန် ဟားမားစ်တွေကလည်း အစ္စရေး ဖမ်းဆီးထားသမျှ ပါလက်စတိုင်း အားလုံးကို ပြန်လွှတ်မှသာ ဓားစာခံတွေကို လွှတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။