Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်ကို အဓိက စိန်ခေါ်မယ့် ဒီဆန်းတစ် အလျှော့ပေးသွား

ရီပတ်ဘလစ်ကန် ပါတီထဲက သတင်းရင်းမြစ် တချို့ရဲ့ အဆိုအရ ဒီဆန်းတစ်ဟာ အလှူရှင်တွေဆီ ကိုယ်တိုင် ဖုန်းဆက်ပြီး သူ့အနေနဲ့ နိုင်ခြေ မရှိသေးဘူး ဆိုတာနဲ့ စောစောစီးစီး လက်လျှော့သင့်နေပြီ ဆိုတာကို နားလည် လက်ခံထားကြောင်း အသိပေး ပြောပြခဲ့တယ်လို့ သိရှိရပါတယ်။

ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်ကို အဓိက စိန်ခေါ်မယ့် ဒီဆန်းတစ် အလျှော့ပေးသွား
ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်ကို အဓိက စိန်ခေါ်မယ့် ဒီဆန်းတစ် အလျှော့ပေးသွား

အမေရိကန် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူလို့ အတော်လေး ထင်ကြေးပေး ခံခဲ့ရဖူးသူ ရွန်ဒီဆန်းတစ်ဟာ ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူးဟာ ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ဒေါ်နယ်လ်ထရမ့်ကို အခြိမ်းခြောက်နိုင်ဆုံးသူအဖြစ် ရေပန်းစားခဲ့ပေမယ့် အခုတော့ သူက ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ရပ်နားလိုက်ပြီဆိုတာ လူမှုကွန်ရက် မီဒီယာ Xမှာ အတည်ပြု ရေးသားသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီဆန်းတစ်က သူ့အနေနဲ့ ပါတီတွင်း သမ္မတလောင်းတွေထဲမှာ သမ္မတဟောင်း ထရမ့်ကို ထောက်ခံသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အိုင်အိုဝါ ပြည်နယ်ထဲက ရီပတ်ဘလစ်ကန် လူထုအမြင် စစ်တမ်းမှာ ထောက်ခံမှု အများဆုံး ဒုတိယနေရာ ရခဲ့တဲ့နောက် ဒီဆန်းတစ်က သူဟာ ရွေးကောက်ပွဲအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ပိုင်ဆိုင်ပြီး မဲဆွယ်မှုတွေ ဆက်လုပ်ချင်ကြောင်း၊ ဒါပေမဲ့လည်း အနိုင်ရဖို့ ခိုင်မာပီပြင်တဲ့ လမ်းကြောင်းမျိုး မရှိသေးတဲ့ အချိန်မှာတော့ သူ့ကို ကူညီ အားပေးသူတွေရဲ့ အချိန်နဲ့ လုပ်အားတွေ၊ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေနဲ့ အရင်းအမြစ်တွေကို မတောင်းဆိုချင်တော့ကြောင်း သူ့ရဲ့ ဗီဒီယို သတင်းစကား ပါးမှုမှာ ရှင်းပြထားပါတယ်။ ဒါကြောင့်လည်း အခုအချိန်ကစလို့ သူ့ရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်မှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ဒီဆန်းတစ်က ကြေညာပါတယ်။

သူက ကပ်ရောဂါ တားဆီးထိန်းချုပ်ရေး အစီအမံမျိုး၊ အန်သိုနီ ဖော်စီကို ရာထူးမြင့်မြင့် ပေးခဲ့တာလိုမျိုး ကိစ္စတွေမှာ ထရမ့်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာကို မငြင်းလိုပေမယ့် ထရမ့်ဟာ လက်ရှိ သမ္မတ၊ ဒီမိုကရက်တစ် ပါတီဝင် ဂျိုးဘိုင်ဒန်ထက် အများကြီး သာတာကတော့ အရမ်းထင်ရှားကြောင်း ဒီဆန်းတစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ထရမ့်ကို ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရေး ထောက်ခံသွားမယ်လို့ သံန္နိဋ္ဌာန် ချထားပြီး အဲဒီ စိတ်ပိုင်းဖြတ်မှုကို လေးစား စောင့်ထိန်းသွားမယ်လို့လည်း ဆိုပါတယ်။

ဒီဆန်းတစ်ရဲ့ အလျှော့ပေး ထွက်ခွာမှုကြောင့် တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟေလီ တစ်ဦးသာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ဖိအားပေး ယှဉ်ပြိုင်ဖို့ ကျန်ခဲ့ပြီး ဟေလီဟာ ထရမ့်ကို ဘယ်လိုမှ မယှဉ်နိုင်လောက်သေးဘူးလို့ နိုင်ငံရေး လေ့လာသူ အများစုက သုံးသပ်နေကြပါတယ်။

ဒီဆန်းတစ်ဟာ သူ့ကို အားပေး ထောက်ခံတဲ့ ရန်ပုံငွေ အလှူရှင်တွေနဲ့ အကျေအလည် ဆွေးနွေးမှု ပြုလုပ်ပြီးတဲ့နောက် အခုဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အတွင်းစည်းထဲမှာ ရှိနေတဲ့ စည်းရုံးရေး ဝန်ထမ်းတွေ ကိုယ်တိုင်တောင် အံ့ဩခဲ့တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကန် ပါတီထဲက သတင်းရင်းမြစ် တချို့ရဲ့ အဆိုအရ ဒီဆန်းတစ်ဟာ အလှူရှင်တွေဆီ ကိုယ်တိုင် ဖုန်းဆက်ပြီး သူ့အနေနဲ့ နိုင်ခြေ မရှိသေးဘူး ဆိုတာနဲ့ စောစောစီးစီး လက်လျှော့သင့်နေပြီ ဆိုတာကို နားလည် လက်ခံထားကြောင်း အသိပေး ပြောပြခဲ့တယ်လို့ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။