Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဆုံးအရှုံးတွေ ကြုံခဲ့ရတဲ့နောက် ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲကို ရုရှား ထုတ်ပယ်

ရုရှားကတော့ သေနာပတိ ဆိုကိုလော့ဗ်ကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ ကိစ္စကို အကျယ်တဝင့် သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ လောလောဆယ် သူ့ရဲ့ အရိုက်အရာကို ဒုတိယ ရေတပ်ဖွဲ့ အကြီးအကဲ ဆာဂျီ ပင်ချုခ်က ဆက်ခံပြီး ပင်လယ်နက် ရေတပ်ဖွဲ့ကို ဦးစီးနေတယ်လို့လည်း သိရပါတယ်။

အဆုံးအရှုံးတွေ ကြုံခဲ့ရတဲ့နောက် ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲကို ရုရှား ထုတ်ပယ်
အဆုံးအရှုံးတွေ ကြုံခဲ့ရတဲ့နောက် ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲကို ရုရှား ထုတ်ပယ်

အဆုံးအရှုံးတွေ ဆက်တိုက် ကြုံနေတဲ့နောက် ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ အကြီးအကဲကို ရုရှားက ရာထူးကနေ တိတ်တဆိတ် ထုတ်ပယ်လိုက်ပါတယ်။

အခုသီတင်းပတ်ထဲမှာ သေနာပတိ ဗစ်တာ ဆိုကိုလော့ဗ်ကို ကရင်မလင် နန်းတော်က အနားပေးလိုက်ပြီဆိုတဲ့ သတင်းကို ရုရှား စစ်လိုလားတဲ့ Bloggerတွေက အတည်ပြု ဖော်ပြခဲ့ပါတယ်။ ယူကရိန်း ဒရုန်းတွေကြောင့် ကမ်းတက် တိုက်ခိုက်ရေးရေယာဉ် Caesar Kunikov နစ်မြုပ်သွားတဲ့ ဖြစ်စဉ် နောက်ပိုင်း ဆိုကိုလော့ဗ်အပေါ် မော်စကိုမှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ရှည် သည်းခံမှု အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ဟာ ခရိုင်းမီးယား ကျွန်းဆွယ်တဝိုက်မှာ ဖြန့်ကျက်ထားရင်း ယူကရိန်းရဲ့ အလစ်အငိုက် တိုက်ခိုက်မှုတွေကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ အသက် ၆၁ နှစ်အရွယ် ဆိုကိုလော့ဗ်ဟာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းက သေနာပတိ အီဂေါ် အိုဆီပေါ့ဗ်ရဲ့ နေရာမှာ အစားထိုး ဆက်ခံပြီး ပင်လယ်နက် ရေတပ်ဖွဲ့ကို ဦးစီးနေခဲ့တာ ဖြစ်ပါတယ်။

အိုဆီပေါ့ဗ်ကတော့ ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ ဂုဏ်ဆောင် ဖရီးဂိတ် စစ်သင်္ဘောကြီး Moskva ယူကရိန်း ဒုံးကျည်ဒဏ်ကြောင့် နစ်မြုပ်မှု၊ စနိတ်ကျွန်းကို သိမ်းပိုက်ထားပြီးမှ လက်လွှတ်လိုက်ရမှုတွေကြောင့် ရာထူးကနေ ဖယ်ရှား ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အနောက်နိုင်ငံတွေဆီက စစ်လက်နက် အထောက်အပံ့တွေ လက်ခံရရှိမှု လျော့ပါးလာတဲ့တိုင် ဖောက်ခွဲရေး ဒရုန်းတွေ ထိထိရောက်ရောက် အသုံးပြုပြီး ပင်လယ်နက် ရေတပ်ကိုတော့ ထိုးနှက်နိုင်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတွေဒဏ်ကြောင့် ပင်လယ်နက် ရေတပ်ဟာ ခရိုင်းမီးယားမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘော တချို့ကိုပါ ရုရှားဆိပ်ကမ်းတွေဆီ ရွှေ့ပြောင်းထားခဲ့ရပါတယ်။

ရုရှားကတော့ သေနာပတိ ဆိုကိုလော့ဗ်ကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ ကိစ္စကို အကျယ်တဝင့် သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ လောလောဆယ် သူ့ရဲ့ အရိုက်အရာကို ဒုတိယ ရေတပ်ဖွဲ့ အကြီးအကဲ ဆာဂျီ ပင်ချုခ်က ဆက်ခံပြီး ပင်လယ်နက် ရေတပ်ဖွဲ့ကို ဦးစီးနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။