Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေ့လျော့ခံ အမေရိကန် ပြည်သူတွေအတွက် တိုက်ပွဲဝင်သွားမယ်လို့ ထရမ့်ရဲ့ ဒုတိယ သမ္မတလောင်း ကြွေးကြော်

အမေရိကန်ရဲ့ အမေ့လျော့ခံ၊ အပယ်ခံ ပြည်သူတွေအတွက် အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒေါ်နယ်လ်ထရမ့်ရဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ဂျိမ်းဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ အမေ့လျော့ခံ၊ အပယ်ခံ ပြည်သူတွေအတွက် အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒေါ်နယ်လ်ထရမ့်ရဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ဂျိမ်းဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် ကိုယ်စားပြု ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ခံရပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ရီပတ်ဘလစ်ကန် ပြည်လုံးကျွတ် ညီလာခံ (RNC)မှာ မိန့်ခွန်းပြောခဲ့ရာမှာ အသက် ၃၉ နှစ်သာ ရှိသေးပြီး အိုဟိုင်ယို ပြည်နယ် အထက်လွှတ်တော်အဖြစ် တင်မြှောက် ခံထားရတဲ့ ဗန့်စ်က သူ့ရဲ့ နောက်ခံ အခြေအနေတွေကိုပါ သန်းပေါင်းများစွာသော အမေရိကန် ပြည်သူတွေဆီ မိတ်ဆက်သွားခဲ့ပါတယ်။

သူကိုယ်တိုင်က ပြိုင်ဘက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်လို နိုင်ငံရေး သမားဖြစ်လာဖို့ လမ်းကြောင်းအားလုံး ပွင့်နေခဲ့တာ မဟုတ်ဘဲ သာမန် ပြည်သူတယောက် ဘဝကို ဖြတ်သန်းခဲ့တဲ့အတွက် အမေရိကန်မှာ အမေ့လျော့ခံ၊ မျက်ကွယ်ပြုခံ ပြည်သူတွေ ဘယ်လောက်များများ ရှိနေတယ် ဆိုတာကို နားလည်ကြောင်း ဝစ္စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါ့ကီမြို့က ညီလာခံ မိန့်ခွန်းမှာ ဗန့်စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗန့်စ်က အဖက်ဖက်က ကျဆင်းနေတဲ့ အမေရိကန် နိုင်ငံအတွက် ထရမ့်ဟာ နောက်ဆုံးလက်ကျန် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်တယ်လို့လည်း ညွှန်းဆိုသွားခဲ့ပါတယ်။

ထရမ့်နဲ့ ဗန့်စ်တို့ဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်တို့ရဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု လက်ရှိ အစိုးရကို စိန်ခေါ်သွားမှာ ဖြစ်ပါတယ်။ ဗန့်စ်ဟာ အမေရိကန် သမိုင်းမှာ အသက်အငယ်ဆုံး ဒုတိယ သမ္မတတစ်ဦး ဖြစ်လာဖို့လည်း မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိနေပါတယ်။ သူဟာ ထရမ့်ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် တစ်ဦး ဖြစ်သလို သဘောထား တင်းမာလွန်းသူ တစ်ဦးလို့လည်း ဒီမိုကရက်တွေက ယူဆထားပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ဗန့်စ်က အိုဟိုင်ယိုက မြို့သေးသေးလေးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့နောက် အမေရိကန် မရိန်းတပ်မှာ အမှုထမ်းခဲ့တာတွေ၊ ယေးလ်ဥပဒေကျောင်း တက်ရောက်ခဲ့တာတွေကနေ အထက်လွှတ်တော်ထဲ ရောက်ခဲ့တဲ့ အကြောင်းတွေကိုပါ ထည့်ပြောသွားခဲ့ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး ကိုယ်တွေ့ မှတ်တမ်း စာအုပ် Hillbilly Elegyကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ အဲဒီ စာအုပ်ဟာ အမေရိကန်ရဲ့ အုပ်စိုးသူ လူ့မလိုင်အလွှာတွေက သူ့ဇာတိလို သေးငယ်တဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ဆိုးကျိုး သက်ရောက်စေခဲ့တာတွေကို ဖော်ပြထားပါတယ်။

သူဟာ ထရမ့်ရဲ့ လက်ရုံးတစ်ဦး ဖြစ်မလာခင်က ထရမ့်ကို ဆန့်ကျင်ခဲ့ဖူးပြီး ထရမ့်ဟာ အမေရိကန်ရဲ့ အဒေါ့ဖ်ဟစ်တလာ ဖြစ်လာနေပြီလို့တောင် ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ဖူးပါတယ်။ အဲဒီနောက် ဆီလီကွန်တောင်ကြားရဲ့ အရင်းရှင် စီးပွားရေးသမား တဦးဖြစ်လာတဲ့ ဗန့်စ်ဟာ ထရမ့်နဲ့ ပိုမိုနီးစပ်လာပြီး ဆက်ဆံရေး တိုးတက်လာခဲ့တာပါ။

ဇူလိုင် ၁၇ ရက်နေ့ RNC အစီအစဉ်တွေမှာတော့ ဗန့်စ်အပြင် ထရမ့်ရဲ့ မြေးမလေးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ကိုင် မက်ဒီဆန် ထရမ့်ကလည်း ပထမဆုံးအကြိမ် လူအများရှေ့မှာ နိုင်ငံရေး မိန့်ခွန်းပြောခဲ့ပြီး အဖိုးဖြစ်သူနဲ့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စား လူငယ်ထုကို မဲဆွယ်စည်းရုံးသွားခဲ့တာ တွေ့ရပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။