Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ပြိုင်ဘက်အဖြစ် ဟားရစ်ကို မြင်တွေ့ရဖို့ ပိုပြီး နီးစပ်လာနေ

အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် ပထမဆုံး အာရှတောင်ပိုင်း နွယ်ဖွားတစ်ဦး၊ လူမည်း အမျိုးသမီးတစ်ဦးအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးဖို့ ကာမာလာ ဟားရစ်အတွက် ပိုပြီး နီးစပ်လာနေပြီ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် ပထမဆုံး အာရှတောင်ပိုင်း နွယ်ဖွားတစ်ဦး၊ လူမည်း အမျိုးသမီးတစ်ဦးအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးဖို့ ကာမာလာ ဟားရစ်အတွက် ပိုပြီး နီးစပ်လာနေပြီ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ရုတ်တရက် ဆုံးဖြတ် ကြေညာလိုက်တဲ့နောက် ဒီမိုကရက်တစ်တွေဟာ ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တစ်ဦးကို လိုအပ်လာခဲ့ပါတယ်။ လက်ရှိ ဒုတိယ သမ္မတအဖြစ် တာဝန်ယူထားသူ ဟားရစ်ဟာ အဲဒီနေရာအတွက် ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေသလို အခုအခါ ပါတီရဲ့ အရေးပါတဲ့ ခေါင်းဆောင်ပိုင်းဆီက ထောက်ခံမှုတွေကိုပါ ရရှိလာနေခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ရွေးကောက်ပွဲ မဝင်တော့မယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာချိန် ကတည်းက ဟားရစ်ကို သူ့အစား ရွေးကောက်ပွဲဝင်ဖို့ ထောက်ခံပေးသွားခဲ့သလို အခုအခါ ပါတီတွင်းမှာ ဩဇာ အရမ်းကြီးမားတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပလော့ဆီကလည်း ဟားရစ်ကိုပဲ ထောက်ခံ ရပ်တည်ဖို့ မီးစိမ်းပြလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၉ နှစ်အရွယ် ဟားရစ်ဟာ ဒယ်လာဝဲမှာရှိတဲ့ ဝီလ်မင်တန်ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ် မသွားရောက်ခင်မှာတင် ဒီမိုကရက်တစ် နိုင်ငံရေးသမား တချို့ရဲ့ အားပေး ထောက်ခံမှုတွေကို စုစည်းလာနိုင်ခဲ့ပါတယ်။ မစ်ချီဂန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန် ဝှစ်မားက ဟားရစ်နဲ့အတူ ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်ရေး ကြိုးစားကြဖို့ ပါတီတစ်ခုလုံးကို တိုက်တွန်းလိုက်ပါတယ်။ သူနဲ့အတူ အီလီနွိုက်စ်၊ မင်နီဆိုးတာနဲ့ ဝစ္စကွန်ဆင် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကလည်း ဟားရစ်နဲ့အတူ ရှိနေမယ်လို့ ဝှစ်မားက ဆိုပါတယ်။

ဟားရစ်သာ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုရင် ဒုတိယ သမ္မတလောင်း နေရာအတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကန်တက်ကီ ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီရာကလည်း သူ့ရဲ့ ထောက်ခံမှုကို အတည်ပြု ကြေညာပြီးပါပြီ။

ဘိုင်ဒန်က ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကနေ နုတ်ထွက်ပြီး ဒေါ်နယ်လ်ထရမ့်ရဲ့ ပြိုင်ဘက်အဖြစ် ဟားရစ်ကို ပါတီက ရွေးချယ်မယ့် အလားအလာ များသွားပြီးတဲ့နောက် ၂၄ နာရီ မပြည့်ခင်မှာတင် ပါတီအတွက် ရွေးကောက်ပွဲ အလှူငွေ ဒေါ်လာ သန်း ၅၀ နီးပါး တိုးလာတယ်လို့လည်း ဆိုပါတယ်။ ဟားရစ်ဟာ ပါတီခေါင်းဆောင်တွေ၊ အထက်နဲ့အောက် လွှတ်တော်အမတ်တွေ စုစုပေါင်း ၁၀၀ ကျော်ကိုလည်း ၁၀ နာရီလောက် ကာလအတွင်း ဖုန်းဆက် စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ဖုန်းခေါ်ဆိုမှု တစ်ခုစီတိုင်းမှာ ဟားရစ်က သူဟာ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ မဆုတ်မနစ် ကြိုးစားမယ်ဆိုတဲ့အကြောင်း ကတိပေးခဲ့တယ်လို့ သူနဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ ဟားရစ်ဟာ လက်ရှိ အချိန်ထိ သူ့ကို မထောက်ခံသေးတဲ့ ဒီမိုကရက်တစ် ထိပ်သီး ခေါင်းဆောင် တစ်ဦးလို့ သတ်မှတ်ရမယ့် သမ္မတဟောင်း ဘာရတ် အိုဘားမားနဲ့လည်း ဖုန်းဆက် ဆွေးနွေးထားပြီးပါပြီ။

ဟားရစ်က ဘိုင်ဒန် တာဝန်ယူ အုပ်ချုပ်ခဲ့တဲ့ ၄ နှစ်တာ ကာလကိုလည်း ချီးကျူး ဂုဏ်ပြုခဲ့ပြီး ဘိုင်ဒန်ဟာ ခေတ်သစ် အမေရိကန် သမိုင်းကြောင်းမှာ ထူးကဲတဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့တယ်လို့ အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီမှာ ရွေးကောက်ပွဲဝင်မယ့်သူ အပြောင်းအလဲ လုပ်လိုက်ခြင်းက ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီအတွက်လည်း အတော်လေး ထိခိုက်မှု ကြီးသွားစေခဲ့ပါတယ်။ အရင်က ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရမ့်ဟာ မဲဆွယ်မှု အခင်းအကျင်းတွေမှာ ဘိုင်ဒန်ရဲ့ အသက်အရွယ် ကြီးရင့်မှုကို အဓိကထား ထိုးနှက်တဲ့ ဗျူဟာကို သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်က ဟားရစ်ထက် အသက် ၂၀ နီးပါးလောက် ပိုကြီးသွားပါပြီ။ ဒါ့အပြင် ဘိုင်ဒန်က ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ သတင်းဟာ ထရမ့်ကို သေနတ်သမား တစ်ဦးက ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ကိစ္စအပေါ် လူစိတ်ဝင်စားနေမှုကို သိသိသာသာ ဖုံးလွှမ်းသွားပါတယ်။

ထရမ့်ကတော့ ဟားရစ်ဟာ သူ့အတွက် ဘိုင်ဒန်ထက်တောင် ပိုလွယ်တဲ့ ပြိုင်ဘက် ဖြစ်လာမယ်လို့ ပြောကြားထားပေမယ့် တစ်ဖက်မှာ ဟားရစ်ဟာ ပါတီရဲ့ စည်းလုံးမှုကို တည်ဆောက်ရင်း အချိန်တိုအတွင်း လူထုရဲ့ ယုံကြည်ချက်ကို ရယူဖို့ အင်တိုက်အားတိုက် ကြိုးစားနေတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး သုတေသီတွေကတော့ ဟားရစ်ဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာမှာ သူဟာ ထရမ်နဲ့ ခြားနားလွန်းသူ တစ်ယောက် ဆိုတာထက် အများကြီးပိုတဲ့ ပုံရိပ်မျိုးကိုတော့ တည်ဆောက်ပြဖို့ လိုလိမ့်မယ်လို့ ထောက်ပြ အကြံပြုထားကြပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ လက်ရှိသမ္မတ၊ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း နှစ်ဦးတို့ဟာ 9/11 အကြမ်းဖက်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ရှားရှားပါးပါး အခြေအနေအဖြစ် အတူရှိခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နည်းပညာမြင့် စစ်သုံးဒရုန်း တစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တပ်တွေက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက စာသင်ကျောင်း တစ်ခုမှာ လူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

Trending

Facebook