Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဧရာမ ထိပ်ဖူးတပ် ဒုံးကျည်အမျိုးအစားသစ် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

ဧရာမ ဒုံးကျည်ထိပ်ဖူး တင်ဆောင်နိုင်တဲ့ မဟာဗျူဟာ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မြောက်ကိုရီးယားဟာ ၆ ရက်ပဲခြားပြီး ဒုံးကျည် စမ်းသပ် ပစ်ခတ်မှု နှစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရပိုင် KCNA သတင်းဌာနက အဲဒီ စမ်းသပ်မှုတွေဟာ အရွယ်အစား အရမ်းကြီးမားတဲ့ စူပါထိပ်ဖူးမျိုး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်တစ်မျိုးနဲ့ နည်းပညာပိုင်း ပိုမို အဆင့်မြှင့်တင်ထားတဲ့ ခရုစ်ဒုံးကျည်တစ်မျိုးတို့ကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ လုံခြုံရေးအပေါ် ပြင်ပ ခြိမ်းခြောက်မှုတွေ ကြီးကြီးမားမား ရှိလာနေတယ်လို့ ယုံကြည်တဲ့အတွက် အခုလို လက်နက် စမ်းသပ်မှုတွေ လုပ်ဆောင်နေတာလို့လည်း နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောဆိုခဲ့ကြောင်း KCNAက ကိုးကား ထုတ်ပြန်သွားပါတယ်။

Public Service Announcement

Public Service Announcement

အခုလထဲမှာ ပြုလုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှုတွေထဲမှာ ၄ တန်ခွဲလောက် အလေးချိန်ရှိတဲ့ သမားရိုးကျ ဒုံးကျည်ထိပ်ဖူး တပ်ဆင်နိုင်တဲ့ Hwasongpho-11-Da-4.5 အမျိုးအစားလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒုံးကျည်ကိုအဆင့်မြှင့်တင် မွမ်းမံတည်ဆောက်နေဆဲ အခြေအနေမှာ ဇူလိုင်လတုန်းကလည်း မြောက်ကိုရီးယားက တစ်ကြိမ် စမ်းသပ်ခဲ့ဖူးပါတယ်။

ကင်မ်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်ဖို့ အစဉ်တစိုက် ညွှန်ကြားနေသလို တစ်ဖက်မှာလည်း သမားရိုးကျ စစ်လက်နက်တွေရဲ့ စွမ်းရည်နဲ့ စစ်ရေးနည်းပညာတွေကို ခေတ်နဲ့အညီ အဆင့်မြှင့်တင်ဖို့ လမ်းညွှန်ထားကြောင်း KCNAက ဆိုပါတယ်။

တောင်ကိုရီးယား စစ်ထောက်လှမ်းရေးနဲ့ လွှတ်တော်အမတ် တချို့ကတော့ မြောက်ကိုရီးယား စမ်းသပ်နေတဲ့ ဒုံးကျည်တွေဟာ ရုရှားဆီ တင်ပို့ရောင်းချဖို့ ရည်ရွယ်ထားတဲ့ အမျိုးအစားတွေ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှု အများစုကို အရှေ့ဖက် ကမ်းလွန်ဆီ ချိန်ရွယ် ပစ်ခတ်လေ့ရှိပြီး ပင်လယ်ပြင်မှာပဲ ကျရောက်သွားတတ်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကတော့ အဲဒီ ဒုံးကျည် အစိတ်အပိုင်းတွေကို ဆယ်ယူပြီး စစ်ဆေးလေ့လာဖို့ ရည်ရွယ်ထားကြောင်း အတည်ပြု ပြောကြားထားပါတယ်။

ကိုးကား: Al Jazeera⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။