Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်သစ်နေရာ ဆက်ခံမယ့်သူကို အာဏာရပါတီ ရွေးချယ်

အရှုပ်အထွေးတွေ ကြုံတွေ့ခဲ့ပြီး လူထု ထောက်ခံမှု ကျဆင်းခဲ့တဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ နေရာမှာ အစားထိုးမယ့် ပုဂ္ဂိုလ်ကို ဂျပန် အာဏာရ နိုင်ငံရေး ပါတီက မဲပေး ရွေးချယ်ခဲ့ပြီ ဖြစ်ပါတယ်။

အရှုပ်အထွေးတွေ ကြုံတွေ့ခဲ့ပြီး လူထု ထောက်ခံမှု ကျဆင်းခဲ့တဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ နေရာမှာ အစားထိုးမယ့် ပုဂ္ဂိုလ်ကို ဂျပန် အာဏာရ နိုင်ငံရေး ပါတီက မဲပေး ရွေးချယ်ခဲ့ပြီ ဖြစ်ပါတယ်။

လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)ဟာ ပါတီ ခေါင်းဆောင်သစ်အဖြစ် အသက် ၆၇ နှစ်အရွယ် ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘာကို စက်တင်ဘာ ၂၇ ရက်နေ့မှာ မဲပေး ရွေးချယ်ခဲ့ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ကီရှီဒါက ပါတီ ခေါင်းဆောင် နေရာအတွက် ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ကြေညာတဲ့နောက် သူ့ရဲ့ နေရာကို ဆက်ခံဖို့အတွက် စံချိန်တင် ဦးရေအဖြစ် ပါတီဝင် ၉ ဦးထိ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

LDPဟာ ဂျပန်လွှတ်တော်ကို ထိန်းချုပ်ထားနိုင်တဲ့ လွှတ်တော်အမတ် ဦးရေမျိုး ပိုင်ဆိုင်ထားတာကြောင့် ပါတီ ခေါင်းဆောင် ဖြစ်လာတဲ့သူဟာ ဝန်ကြီးချုပ် နေရာအတွက် သေချာပြီးသားဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပါတီခေါင်းဆောင် နေရာကို ရရှိခဲ့ပြီး ဖြစ်ရုံနဲ့ အီရှီဘာဟာ အောက်တိုဘာ ၁ ရက်နေ့၊ ဂျပန်လွှတ်တော်ရဲ့ မဲပေးမှုမှာ ဘယ်လို အခက်အခဲမှ မရှိဘဲ ဝန်ကြီးချုပ် နေရာကို ဆက်ခံနိုင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အီရှီဘာက သူဟာ ပါတီရဲ့ အရှုပ်အထွေးတွေကို ရှင်းလင်းဖို့၊ နိုင်ငံစီးပွားရေးကို ဦးမော့လာအောင် ပြန်အသက်သွင်းဖို့၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ ဦးစားပေး လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

ဝန်ကြီးချုပ် ကီရှီဒါဟာ လက်ရှိရာထူးမှာ ၃ နှစ်လောက် တာဝန်ယူခဲ့ပြီးတဲ့နောက် နောက်တစ်ကြိမ် ပါတီခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ပါတီခေါင်းဆောင် နေရာကို လက်လျှော့ခြင်းဟာ ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

LDPဟာ လှိုင်းထန်တဲ့ ကာလကို ဖြတ်သန်းခဲ့ရပြီး ပြည်သူတွေ စိတ်ပျက်စေမယ့် အရှက်ရစရာ ကိစ္စတွေ၊ အတွင်းပိုင်း ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ်မှာ စတင်ထူထောင်ချိန် ကတည်းက အမြဲလိုလို ဂျပန်ရဲ့ အာဏာရ ပါတီအဖြစ် ရပ်တည်ခဲ့တဲ့ LDPဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပါတီဝင်တချို့ရဲ့ အဂတိ ကိစ္စတွေ အပါအဝင် အရှုပ်အထွေးတွေနဲ့ ကြုံတွေ့ပြီး အတော်လေး နာမည်ပျက်ခဲ့ရပါတယ်။

အီရှီဘာဟာ ပါတီရဲ့ နာမည်ကို ပြန်လည် အဖတ်ဆယ်ဖို့ လိုအပ်နေသလို ဂျပန်ရဲ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးမှု၊ ယန်းငွေတန်ဖိုး ကျဆင်းမှုနဲ့ လူဦးရေ ယုတ်လျော့လာမှုစတဲ့ ပြဿနာတွေကိုပါ တုံ့ပြန်ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံက အဓိပတိ ကင်မ်ဂျုံအွန်းကို ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ သမိုင်းဝင် အပြတ်သားဆုံး ရလဒ်မျိုးနဲ့ အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လာမယ့် ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိကို ထောက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံ သတ်ဖြတ်ခဲ့သူက သူ့ရဲ့ ပြစ်ဒဏ်အတွက် အယူခံ ဝင်ခဲ့ကြောင်း သိရပါတယ်။