Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ဟယ်လင်ကြောင့် အမေရိကန် အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ လူ ၄၀ ကျော်သေဆုံး

ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လူ ၄၀ ကျော် အနည်းဆုံး သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း အများအပြား ကြုံတွေ့ခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လူ ၄၀ ကျော် အနည်းဆုံး သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း အများအပြား ကြုံတွေ့ခဲ့ပါတယ်။

ဟယ်လင်ဟာ စက်တင်ဘာ ၂၇ ရက် ညပိုင်းက Category Four အဆင့် ဟာရီကိန်းအဖြစ် ဖလော်ရီဒါ ကမ်းရိုးတန်းကို စတင်ဖြတ်သန်းပြီး အဲဒီနောက် ဂျော်ဂျီယာ ပြည်နယ်နဲ့ တောင်ပိုင်း ကာရိုလိုင်းနားတို့ တည်ရှိရာ ကုန်းတွင်းပိုင်းဆီ ဆက်လက် ရွေ့လျားခဲ့ပါတယ်။ မုန်တိုင်းရဲ့ဒဏ်ကို အနီးကပ်လျက်မှာရှိတဲ့ ဗာဂျီးနီးယားနဲ့ အလာဘားမားတို့လို ပြည်နယ်တွေမှာလည်း သက်ရောက် ခံစားခဲ့ရပါတယ်။

ဖလော်ရီဒါ ပြည်နယ်ရဲ့ သမိုင်းမှာတော့ ဟယ်လင်ဟာ ကြုံဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ မုန်တိုင်း ဖြတ်သန်းရာ ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းတာ၊ လေပြင်းတွေ တိုက်ခတ်တာတွေ ကြုံတွေ့ခဲ့သလို လမ်းတွေ၊ အိမ်တွေ အများအပြား ရေမြုပ်ကုန်ပါတယ်။ နောက်ပြီး အိမ်ခြေ သန်းနဲ့ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ရင်ဆိုင်နေရပါတယ်။

Public Service Announcement

Public Service Announcement

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဟယ်လင်ရဲ့ ပြင်းအားက သိသိသာသာ လျော့ကျသွားပေမယ့်လည်း နောက်ထပ် ရက်ပိုင်းလောက်ထိ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ကနဦး ရရှိထားတဲ့ သတင်းတွေအရ ဟယ်လင်ကြောင့် အမေရိကန် အရှေ့တောင်ပိုင်း နယ်မြေတွေမှာ လူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်း စတင်ဝင်ရောက်ရာ ဖလော်ရီဒါ ပြည်နယ်မှာ အသေအပျောက် ၁ ဦးလို့ ကြေညာထားပေမယ့် အရေအတွက်က ပိုမို မြင့်တက်လာဖွယ် ရှိပါတယ်။ ဂျော်ဂျီယာမှာ ၁၅ ဦး အသေအပျောက် စာရင်းရထားပြီး တောင်ပိုင်း ကာရိုလိုင်းနားမှာ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းတိုက်ခတ်မှုတွေနဲ့ ဆက်စပ်ပြီး မြောက်ပိုင်း ကာရိုလိုင်းနားမှာလည်း လေဆင်နှာမောင်းနှစ်ခု ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးစေသလို လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၄ ဦးဟာ အခြေအနေ စိုးရိမ်ရတဲ့အဆင့် ဖြစ်နေပါတယ်။

တင်နက်ဆီ ပြည်နယ်မှာတော့ ဆေးရုံတစ်ခုမှာ ရေကြီးမှုတွေကြုံပြီး လူနာနဲ့ ဆေးရုံဝန်ထမ်း ၅၈ ဦးဟာ ဆေးရုံခေါင်မိုးပေါ် တက်နေခဲ့ကြရတယ်လို့ သိရပါတယ်။ သူတို့ကိုတော့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အခုနှစ်အတွင်း အမေရိကန် ကမ်းလွန်ရေပြင်တွေမှာ စုစုပေါင်း မုန်တိုင်း ၂၅ ခုလောက်ထိ ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ ဌာနက ထုတ်ပြန်ထားပြီး အဲဒီထဲက ၈ ခုကနေ ၁၃ ခုဟာ ဟာရီကိန်း အဆင့်မျိုးထိ အားကောင်းလာနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။