Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်လာရင် ရုရှားက ရှိသမျှ လက်နက်အားလုံး ထုတ်သုံးမယ်လို့ ပူတင်ခြိမ်းခြောက်

ယူကရိန်းမှာသာ နျူကလီးယား လက်နက် ပိုင်ဆိုင်လာရင် ရုရှားဟာ နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ရှိသမျှ ရင်းမြစ် အားလုံးကို ထုတ်သုံးသွားမှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ယူကရိန်းမှာသာ နျူကလီးယား လက်နက် ပိုင်ဆိုင်လာရင် ရုရှားဟာ နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ရှိသမျှ ရင်းမြစ် အားလုံးကို ထုတ်သုံးသွားမှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ ရာထူးသက်တမ်း မပြီးဆုံးခင် ယူကရိန်းကို နျူကလီးယား လက်နက်တွေ ပေးအပ်သွားနိုင်ခြေ ရှိနေကြောင်း အမည်မဖော်တဲ့ အနောက်မဟာမိတ် နိုင်ငံတချို့ရဲ့ ထိပ်ပိုင်း အရာရှိတွေရဲ့ မှတ်ချက်ကို New York Times သတင်းစာက ဖော်ပြခဲ့တဲ့နောက် ပူတင်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

လက်ရှိ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံမျိုးမှာ နျူကလီးယားလက်နက် စွမ်းရည် ပိုင်ဆိုင်လာမယ်ဆိုရင် ဘာလုပ်မလဲ ဆိုတာကို ပြန်စဉ်းစားဖို့ လိုလာကြောင်း၊ အဲဒီကျရင် ရုရှားဟာ ရှိသမျှ ရင်းမြစ်ကို ပုံအော အသုံးပြုမှာဖြစ်ကြောင်း၊ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောရရင် ရုရှားဟာ ပိုင်ဆိုင်ထားသမျှ ဖျက်အားပြင်း လက်နက်တွေကို ထုတ်သုံးမှာဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံ၊ ကက်စတာနာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယား စစ်လက်နက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

နောက်ပြီး နျူကလီးယား လက်နက်ပိုင် နိုင်ငံ တစ်ခုခုက အဲဒီလက်နက်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးမယ်ဆိုရင် နျူကလီးယား လက်နက် အသုံးပြုမှု ဟန့်တားရေး သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ သတ်မှတ်နိုင်ကြောင်းလည်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ယူကရိန်းဟာ လက်တွေ့အားဖြင့် နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်စွမ်း မရှိဘူးလို့ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ဆိုင်ထားတဲ့ ရေဒီယို သတ္တိကြွ ဓာတ်သတ္တု အရင်းအမြစ်တွေကို သုံးပြီး နျူကလီးယား လက်နက် အဆင့်မဟုတ်တဲ့ ညစ်ညမ်းဗုံးလို ဖျက်အားပြင်း လက်နက်မျိုးကိုတော့ တည်ဆောက်နိုင်စွမ်း ရှိလောက်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ပွဲကာလတလျှောက် ရုရှားက ယူကရိန်းဟာ တစ်ချိန်မှာ အဲဒီလို လက်နက်မျိုး ထုတ်သုံးလာနိုင်တယ်လို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ဖူးပေမယ့် ခိုင်မာတဲ့ အထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ခွဲထွက်လာတဲ့ ယူကရိန်းဟာ ဆိုဗီယက် နျူကလီးယား လက်နက်တွေကို ဆက်ခံရရှိခဲ့ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု တတိယ အများဆုံး နိုင်ငံ ဖြစ်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ အနေနဲ့ ၁၉၉၄ ခုနှစ်မှာ ယူကရိန်းဟာ အဲဒီလက်နက်တွေကို ရုရှားဆီ လွှဲပေးခဲ့ပြီး အပြန်အလှန်အဖြစ် ယူကရိန်းရဲ့ လုံခြုံရေးကို ရုရှား၊ အမေရိကန်နဲ့ ဗြိတိန်တို့က အာမခံ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အဲဒီတုန်းက ယူကရိန်းရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံကို အကာအကွယ် ကင်းမဲ့သွားစေခဲ့တယ်လို့ အကြိမ်ကြိမ် ဝေဖန်ခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေနဲ့ မပတ်သက်ဖို့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မူဝါဒကို ဖင်လန်နိုင်ငံက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။