Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဘတ်ဂျတ်ကို အစိုးရ အသုံးစရိတ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံထိ ရုရှား လျာထား သတ်မှတ်

နိုင်ငံသမိုင်းတလျှောက် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်မျိုး ထုတ်သုံးဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြု သတ်မှတ်လိုက်ပါတယ်။

နိုင်ငံသမိုင်းတလျှောက် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်မျိုး ထုတ်သုံးဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြု သတ်မှတ်လိုက်ပါတယ်။

၂၀၂၅ ခုနှစ်အတွက် အစိုးရ ဘတ်ဂျတ် အစီအမံတွေကို ကြေညာတဲ့အခါ ကာကွယ်ရေး အသုံးစရိတ်ဟာ ၃၂.၅ ရာခိုင်နှုန်းထိ ခွဲတမ်းရထားတာကို တွေ့ရပါတယ်။ ဒါဟာ ဘဏ္ဍာရေးနှစ် တစ်ခုစာ အစိုးရ အသုံးစရိတ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ထိ များပြားပါတယ်။

၂၀၂၅ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ဟာ ၁၃.၅ ထရီလီယံ ရူဘယ်လ်၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၂၆ ဘီလီယံထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၄ ဘဏ္ဍာရေးနှစ် ကာကွယ်ရေး အသုံးစရိတ်နဲ့ ယှဉ်ရင် ဒေါ်လာ ၂၈ ဘီလီယံလောက် မြင့်တက်လာတဲ့ သဘောပါ။ ရုရှားမှာတော့ တစ်နှစ်စာ ကာကွယ်ရေး အသုံးစရိတ်ကို စံချိန်တင် အများဆုံး သတ်မှတ်မှုလို့လည်း ဆိုနိုင်ပါတယ်။

ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုကို ရုရှားရဲ့ အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်လုံးက လက်ခံပေးခဲ့ပြီး အခုအခါ ပူတင်ကပါ ထပ်ဆင့် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်းကို ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ကျူးကျော် စစ်ပြုခဲ့ခြင်းက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေမှာ ပေါ်ပေါက်လာတဲ့ အကြီးဆုံး စစ်ရေးပဋိပက္ခ ဖြစ်လာခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း စစ်မြေပြင်မှာ စစ်ရေးအရ အသာစီး ရလာသလို မြောက်ကိုရီးယားဆီက ထိရောက်တဲ့ စစ်ရေး အကူအညီတွေ ရရှိနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာတော့ ယူကရိန်းဟာ လက်နက်နဲ့ ငွေကြေး အဓိက ထောက်ပံ့ပေးနေရာ အမေရိကန်ရဲ့ အစိုးရ အပြောင်းအလဲနဲ့အတူ အကျပ်အတည်း ကြုံလာမယ့် အခြေအနေတွေ ရှိနေပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားအပေါ် အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပူတင်ဟာ ရုရှား နိုင်ငံရဲ့ စီးပွားရေးကို စစ်ပွဲအခြေပြု မောင်းနှင်တဲ့ ပုံစံမျိုး ပြောင်းလဲပြီး အဲဒီဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။