Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လုပ် ခေတ်မီ တိုက်ခိုက်ရေး တင့်ကား ၄၀ နီးပါးကို ပထမဆုံးအကြိမ် ထိုင်ဝမ် လက်ခံရရှိ

ထိုင်ဝမ်ဟာ အမေရိကန်လုပ် ခေတ်မီ တိုက်ခိုက်ရေး တင့်ကား ၄၀ နီးပါးကို ပထမဆုံး အကြိမ်အဖြစ် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်လုပ် ခေတ်မီ တိုက်ခိုက်ရေး တင့်ကား ၄၀ နီးပါးကို ပထမဆုံး အကြိမ်အဖြစ် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

M1A2 Abrams တင့်ကားတွေဟာ အမေရိကန် စစ်တပ်က အသုံးပြုနေတဲ့ နည်းပညာမြင့် ပင်မ တိုက်ခိုက်ရေး တင့်ကားတွေလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ အဲဒီ တင့်ကားတွေကို အမေရိကန်ဆီကနေ ဝယ်ယူထားခဲ့ရာမှာ ပထမအသုတ် ၃၈ စီးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ လက်လွှဲယူခဲ့တာပါ။

ထိုင်ဝမ်ဟာ အချိန်မရွေး တရုတ်က စစ်ပြုတိုက်ခိုက်လာနိုင်တဲ့ အခြေအနေကြောင့် နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို အပူတပြင်း မြှင့်တင်နေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ် အစိုးရကတော့ ကိုယ်ပိုင် အုပ်ချုပ်မှု စနစ်နဲ့ သီးခြား ရပ်တည်ရေးကိုသာ ပိုမို လိုလားနေပါတယ်။

ထိုင်ဝမ်ဟာ M1A2 တင့်ကား စုစုပေါင်း ၁၀၈ စီးကို ၂၀၁၉ မှာ စတင်မှာယူခဲ့ပြီး အခုအခါ ပထမအသုတ် လက်ခံ ရရှိလာတာ ဖြစ်ပါတယ်။ ဒါဟာ ထိုင်ဝမ်က နှစ်ပေါင်း ၃၀ အတွင်း ထိုင်ဝမ်ရဲ့ ပထမဆုံး တင့်ကားဝယ်ယူ ဖြည့်တင်းမှုတွေလည်း ဖြစ်လာတယ်လို့ ဒေသခံ မီဒီယာတွေ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တင့်ကားတွေဟာ ထိုင်ပေမြို့တော် တောင်ပိုင်း၊ ဆင်ချူ ဒေသမှာရှိတဲ့ လေ့ကျင့်ရေး တပ်စခန်းဆီ ရောက်ရှိနေတယ်လို့ ပြောပါတယ်။

M1A2တွေဟာ ကမ္ဘာပေါ်မှာ အကြီးမား အလေးလံဆုံး စာရင်းဝင် တင့်ကားတွေထဲမှာ ပါဝင်ပြီး အမေရိကန်ရဲ့ ကွဲပြားတဲ့ တိုက်ခိုက်ရေး ယူနစ်တွေမှာ ပင်မကျောရိုးအဖြစ် နေရာပေး ခံနေရဆဲပါ။

ထိုင်ဝမ်ရဲ့ လက်ရှိ တင့်ကား ပိုင်ဆိုင်မှုမှာတော့ ပြည်တွင်းဖြစ် CM 11 Brave Tigerနဲ့ အမေရိကန်လုပ် M60A3 စုစုပေါင်း အစီး ၁၀၀၀ လောက် ရှိနေပြီး M1A2တွေနဲ့ ယှဉ်ရင်တော့ စွမ်းဆောင်ရည်ပိုင်းရော၊ နည်းပညာပိုင်းပါ အရမ်းနိမ့်ပါတယ်။

ထိုင်ဝမ်ဟာ M1A2 တင့်ကား ၁၀၈ စီးအတွက် ဒေါ်လာ ၁.၂ ဘီလီယံလောက် အကုန်အကျခံ မှာယူခဲ့ပြီး ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေမှာ ဒုတိယအသုတ်နဲ့ တတိယအသုတ် တင့်ကားတွေ ထပ်မံရောက်ရှိလာမယ်လို့ သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်အတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်က အရှိန်မြှင့်လာတာဟာ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ဖြစ်အောင် ခြိမ်းခြောက်မှုတွေကို မီးစာဖြည့်ပေးနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား ပမာဏ အကြီးမားဆုံး လက်နက်အရောင်းအဝယ် သဘောတူညီမှု တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။