Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တာဟာ အမေရိကန် မီးနဲ့ ကစားနေတာလို့ တရုတ် သတိပေး

ထိုင်ဝမ်ကို လက်နက် ရောင်းနေတယ် ဆိုတာဟာ အမေရိကန်က မီးနဲ့ ကစားနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ကို လက်နက် ရောင်းနေတယ် ဆိုတာဟာ အမေရိကန်က မီးနဲ့ ကစားနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အတွက် ကာကွယ်ရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ ရုပ်ဝတ္ထုတွေ၊ အကူအညီတွေ ဒေါ်လာ ၅၇၁ သန်းဖိုး ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ ထိုင်ဝမ်အတွက် ဒေါ်လာ ၂၉၅ သန်းဖိုး စစ်လက်နက် ပစ္စည်းတွေ ရောင်းချဖို့ သဘောတူ ခွင့်ပြုလိုက်ကြောင်း သီးခြား ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထိုင်ဝမ်ဟာ အမေရိကန်လုပ် M1A2 Abrams အမျိုးအစား ခေတ်မီ တိုက်ခိုက်ရေး တင့်ကားတွေကို ပထမဆုံး အသုတ်အဖြစ် လက်ခံရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ အခြေအနေတွေကို ကန့်ကွက်ခဲ့ပြီး အမေရိကန်ဟာ ထိုင်ဝမ် ရေလက်ကြားရဲ့ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေမယ့် အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။ နောက်ပြီး အမေရိကန်ဟာ မီးနဲ့ ကစားနေတဲ့ လုပ်ရပ်မျိုးတွေကနေ ဆင်ခြင်သင့်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူဦးရေ ၂၃ သန်းလောက် နေထိုင်တဲ့ ထိုင်ဝမ်ဟာ ဒီမိုကရေစီစနစ် ထွန်းကားပြီး ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်ဖို့ လိုလားနေပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ အနေနဲ့ သတ်မှတ်ထားသလို လိုအပ်ရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တစ်ဖက်မှာတော့ ထိုင်ဝမ်ဟာ ကာကွယ်ရေး ကဏ္ဍအတွက် အမေရိကန်အပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ စစ်လက်နက် အရောင်းအဝယ်ကိစ္စ အမေရိကန်ဖက်က လက်ခံ အတည်ပြုပေးလိုက်တဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း သဘောထားမှတ်ချက် ပေးထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။