Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့် နှိမ်နင်းရေး ထိုင်းရဲ့ အားထုတ်မှုတွေကို တရုတ်သမ္မတ ချီးကျူး

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေးအတွက် ထိုင်းရဲ့ ကြိုးစား အားထုတ်မှုတွေကို အသိအမှတ်ပြုကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေးအတွက် ထိုင်းရဲ့ ကြိုးစား အားထုတ်မှုတွေကို အသိအမှတ်ပြုကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

ဘေဂျင်းမြို့ကို ရောက်ရှိနေသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာနဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွေ့ဆုံမှုမှာ ရှီက အခုလို ပြောခဲ့တာပါ။ ဖေထောင်ထန်က သူ့ရဲ့ ထိုင်းအစိုးရဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြန်မာဖက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ ထိထိရောက်ရောက် ဆောင်ရွက်နေကြောင်း ရှီကို အသိပေးခဲ့ပါတယ်။ အဲဒီ ဒုစရိုက် ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ထိခိုက် နစ်နာစေခဲ့သလို ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကိုပါ ဆိုးကျိုးရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ရှီက အွန်လိုင်း လောင်းကစားမှုတွေ၊ ဖုန်းနဲ့ အွန်လိုင်း အခြေပြု ငွေလိမ်မှုတွေကို တိုက်ဖျက်ဖို့ ထိုင်းက အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့အပေါ် အသိအမှတ်ပြုကြောင်း ဖေထောင်ထန်ကို ပြောကြားခဲ့တယ်လို့ တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နောက်ပြီး လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားရေး ကဏ္ဍတွေအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို အားကောင်းလာဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ပြည်သူတွေရဲ့ ဘဝတွေနဲ့ အိုးအိမ်စည်းစိမ်တွေကို ထိရောက်စွာ အကာအကွယ် ပေးနိုင်မှာဖြစ်ကြောင်း ရှီက ပြောဆိုခဲ့တယ်လို့လည်း CCTV သတင်းအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဘေဂျင်းမှာ တွေ့ဆုံနေတဲ့ အချိန်မှာပဲ မြဝတီမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ဟာ လူကုန်ကူးခံ နိုင်ငံခြားသား ၆၁ ဦးကို ကယ်ဆယ်ပြီး ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ အဲဒီထဲက ၃၄ ဦးဟာ တရုတ်နိုင်ငံသားတွေပါ။

ဖေထောင်ထန်က ထိုင်းအစိုးရရဲ့ ဦးစားပေး ဆောင်ရွက်မှုတွေမှာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူတွေ၊ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ လုံခြုံရေးဟာ အရေးအကြီးဆုံး ကဏ္ဍကနေ ပါဝင်တယ်လို့ ရှီကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် အရေးယူ တုံ့ပြန်ဖို့အတွက် ထိုင်းဟာ တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့် ရှိနေကြောင်းလည်း ဖေထောင်ထန်က ရှီကို အသိပေးခဲ့ပါတယ်။

မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ထိုးနှက်တဲ့ အစီအမံ တစ်ရပ်အဖြစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တရုတ်ဟာ မြန်မာရဲ့ နယ်စပ်ဧရိယာ ၅ ခုဆီ ဓာတ်အား ထောက်ပံ့ပေးနေမှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ကျရင်တော့ ဖေထောင်ထန်ဟာ ဟာဘင်မြိုကို သွားရောက်ပြီး ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ပြီး ထိုင်းအားကစားသမားတွေ၊ ပရိသတ်တွေနဲ့ပါ တွေ့ဆုံသွားမယ်လိုလည်း သိရပါတယ်။

ကိုးကား: CCTV

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။