Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာကို တောင်မြောက်ခွဲထားတဲ့ စင်္ကြံဒေကနေ အစ္စရေးတပ်တွေ ရုပ်သိမ်း

ဂါဇာ ကမ်းမြှောင်ဒေသကို တောင်နဲ့မြောက် ပိုင်းခြားထားရာ စင်္ကြံ နယ်မြေကနေ အစ္စရေး စစ်တပ်တွေ စတင် ဆုတ်ခွာသွားကြောင်း သိရပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသကို တောင်နဲ့မြောက် ပိုင်းခြားထားရာ စင်္ကြံ နယ်မြေကနေ အစ္စရေး စစ်တပ်တွေ စတင် ဆုတ်ခွာသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ နက်ဇာရင်မ် စင်္ကြံ ဧရိယာကနေ အစ္စရေးတပ်တွေ စတင် ရုပ်သိမ်း ထွက်ခွာခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီ စင်္ကြံဟာ ဂါဇာရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ခြားနားသတ်မှတ်ထားရာ စစ်ရေး နယ်နိမိတ်ဇုန် ဖြစ်ပါတယ်။

စစ်ပွဲတွေ အရှိန်မြင့်တက်နေချိန် အတောအတွင်း ဂါဇာတောင်ပိုင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့သူ မြောက်ပိုင်း ဒေသခံတွေဟာ နေရပ်ပြန်ဖို့အတွက် အဲဒီနေရာ တဝိုက်မှာ စောင့်ဆိုင်းနေခဲ့ကြတာပါ။ အစ္စရေးတပ်တွေ ထွက်ခွာသွားတဲ့ အချိန်မှာတော့ ကားတွေ၊ ခြေလျင်လမ်းလျှောက်သူတွေ၊ လက်တွန်းလှည်းတွေနဲ့ ပါလက်စတိုင်းသားတွေဟာ ပစ္စည်းတွေ၊ အထုပ်အပိုးတွေကို သယ်ပြီး မြောက်ပိုင်းကို ပြန်ဝင်ရောက်ကြပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ ဟားမားစ် ပြောက်ကျားတွေက အစ္စရေး ဓားစာခံ ၁၆ ယောက်ကို ပြန်လွှတ်ပေးပြီးတဲ့နောက် နက်ဇာရင်မ်ကနေ အစ္စရေးတပ်တွေ စတင်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ ဓားစာခံ လဲလှယ်မှုမှာ အပြန်အလှန် အနေနဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၆၆ ယောက်ကို အစ္စရေးက ပြန်လွှတ်ပေးပြီးပါပြီ။

Public Service Announcement

Public Service Announcement

ကနဦး သဘောတူညီမှုအရ ဟားမားစ်တွေဟာ သုံးပတ်အတွင်း ဓားစာခံ ၃၃ ဦး ပြန်လွှတ်ပေးမှာဖြစ်ပြီး အစ္စရေးက အကျဉ်းသား ၁၉၀၀ ကို ပြန်လွှတ်ပေးမှာပါ။ ဒါပေမဲ့ ဓားစာခံ ၃၃ ယောက်ထဲမှာ ၈ ယောက်ဟာ သေဆုံးခဲ့ပြီး ဖြစ်နိုင်တယ်လို့ အစ္စရေးက ယူဆထားပါတယ်။

နက်ဇာရင်မ် စင်္ကြံကို ဖြတ်ပြီး မြောက်ပိုင်းကို ပြန်သွားကြတဲ့ ပါလက်စတိုင်းတွေဟာ စစ်ဒဏ်ကြောင့် ညက်ညက်ကျေနေတဲ့ ဇာတိနယ်မြေရဲ့ ကြေကွဲစရာ မြင်ကွင်းတွေက စောင့်ကြိုနေတာကို ကြုံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ရာကနေ ၁၅ လကြာ ဂါဇာစစ်ပွဲကြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အစောပိုင်း နေ့ရက်တွေ ကတည်းက ဂါဇာမြောက်ပိုင်း ဒေသခံ ၇ သိန်းလောက်ဟာ နေရပ်စွန့်ခွာပြီး တောင်ပိုင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

နက်ဇာရင်မ် စင်္ကြံဟာ ဂါဇာကမ်းမြှောင် ဒေသကို ကန့်လန့် ဖြတ်ပြီး အစ္စရေး-ဂါဇာ နယ်စပ်ကနေ မြေထဲပင်လယ် ကမ်းခြေထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသဆီ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပို့ဆောင်မှုကို အစ္စရေးက ပိတ်ဆို့ထားလိုက်တဲ့အပေါ် ကုလသမဂ္ဂ (UN)နဲ့ အာရပ် နိုင်ငံတချို့က ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ဝင်ရောက် ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။