Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာကို တောင်မြောက်ခွဲထားတဲ့ စင်္ကြံဒေကနေ အစ္စရေးတပ်တွေ ရုပ်သိမ်း

ဂါဇာ ကမ်းမြှောင်ဒေသကို တောင်နဲ့မြောက် ပိုင်းခြားထားရာ စင်္ကြံ နယ်မြေကနေ အစ္စရေး စစ်တပ်တွေ စတင် ဆုတ်ခွာသွားကြောင်း သိရပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသကို တောင်နဲ့မြောက် ပိုင်းခြားထားရာ စင်္ကြံ နယ်မြေကနေ အစ္စရေး စစ်တပ်တွေ စတင် ဆုတ်ခွာသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ နက်ဇာရင်မ် စင်္ကြံ ဧရိယာကနေ အစ္စရေးတပ်တွေ စတင် ရုပ်သိမ်း ထွက်ခွာခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီ စင်္ကြံဟာ ဂါဇာရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ခြားနားသတ်မှတ်ထားရာ စစ်ရေး နယ်နိမိတ်ဇုန် ဖြစ်ပါတယ်။

စစ်ပွဲတွေ အရှိန်မြင့်တက်နေချိန် အတောအတွင်း ဂါဇာတောင်ပိုင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့သူ မြောက်ပိုင်း ဒေသခံတွေဟာ နေရပ်ပြန်ဖို့အတွက် အဲဒီနေရာ တဝိုက်မှာ စောင့်ဆိုင်းနေခဲ့ကြတာပါ။ အစ္စရေးတပ်တွေ ထွက်ခွာသွားတဲ့ အချိန်မှာတော့ ကားတွေ၊ ခြေလျင်လမ်းလျှောက်သူတွေ၊ လက်တွန်းလှည်းတွေနဲ့ ပါလက်စတိုင်းသားတွေဟာ ပစ္စည်းတွေ၊ အထုပ်အပိုးတွေကို သယ်ပြီး မြောက်ပိုင်းကို ပြန်ဝင်ရောက်ကြပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ ဟားမားစ် ပြောက်ကျားတွေက အစ္စရေး ဓားစာခံ ၁၆ ယောက်ကို ပြန်လွှတ်ပေးပြီးတဲ့နောက် နက်ဇာရင်မ်ကနေ အစ္စရေးတပ်တွေ စတင်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ ဓားစာခံ လဲလှယ်မှုမှာ အပြန်အလှန် အနေနဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၆၆ ယောက်ကို အစ္စရေးက ပြန်လွှတ်ပေးပြီးပါပြီ။

Public Service Announcement

Public Service Announcement

ကနဦး သဘောတူညီမှုအရ ဟားမားစ်တွေဟာ သုံးပတ်အတွင်း ဓားစာခံ ၃၃ ဦး ပြန်လွှတ်ပေးမှာဖြစ်ပြီး အစ္စရေးက အကျဉ်းသား ၁၉၀၀ ကို ပြန်လွှတ်ပေးမှာပါ။ ဒါပေမဲ့ ဓားစာခံ ၃၃ ယောက်ထဲမှာ ၈ ယောက်ဟာ သေဆုံးခဲ့ပြီး ဖြစ်နိုင်တယ်လို့ အစ္စရေးက ယူဆထားပါတယ်။

နက်ဇာရင်မ် စင်္ကြံကို ဖြတ်ပြီး မြောက်ပိုင်းကို ပြန်သွားကြတဲ့ ပါလက်စတိုင်းတွေဟာ စစ်ဒဏ်ကြောင့် ညက်ညက်ကျေနေတဲ့ ဇာတိနယ်မြေရဲ့ ကြေကွဲစရာ မြင်ကွင်းတွေက စောင့်ကြိုနေတာကို ကြုံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ရာကနေ ၁၅ လကြာ ဂါဇာစစ်ပွဲကြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အစောပိုင်း နေ့ရက်တွေ ကတည်းက ဂါဇာမြောက်ပိုင်း ဒေသခံ ၇ သိန်းလောက်ဟာ နေရပ်စွန့်ခွာပြီး တောင်ပိုင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

နက်ဇာရင်မ် စင်္ကြံဟာ ဂါဇာကမ်းမြှောင် ဒေသကို ကန့်လန့် ဖြတ်ပြီး အစ္စရေး-ဂါဇာ နယ်စပ်ကနေ မြေထဲပင်လယ် ကမ်းခြေထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီနိုင်ရေး မစ်ရှင်အတွက် စစ်သည်အင်အား ၈၀၀၀ လောက် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

သတင်း

နယူးဂါဇာလို့ နာမည်ပေးထားတဲ့ စစ်ပြီးခေတ် ဂါဇာ ပြန်လည်ထူထောင်ရေး တည်ဆောက်မှုတွေအတွက် လျာထား ပရောဂျက်ကို အမေရိကန်က ထုတ်ပြန် ပြသလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေ ဆီကနေ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ အလောင်းကို လက်ခံ ရရှိခဲ့ကြောင်း အစ္စရေးက အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကနေတဆင့် ဟားမားစ်တွေက ဓားစာခံ ရုပ်အလောင်း တစ်ခုကို လွှဲပြောင်းပေးခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက်...