Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝီဂါတွေကို တရုတ်နိုင်ငံဆီ ထိုင်းပြန်ပို့ခဲ့တဲ့နောက် ထိုင်းမှာရှိတဲ့ အမေရိကန်နဲ့ ဂျပန် သံရုံးတွေက လုံခြုံရေး သတိပေးချက်တွေ ထုတ်ပြန်

ဝီဂါ မျိုးနွယ်စုတွေကို ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ထိုင်းအစိုးရ တရုတ်ဆီ ပြန်ပို့လိုက်တဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ ဂျပန် သံရုံးတွေဟာ လုံခြုံရေးဆိုင်ရာ သတိပေး ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ဝီဂါ မျိုးနွယ်စုတွေကို ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ထိုင်းအစိုးရ တရုတ်ဆီ ပြန်ပို့လိုက်တဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ ဂျပန် သံရုံးတွေဟာ လုံခြုံရေးဆိုင်ရာ သတိပေး ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနက ၁၁ နှစ်ကြာ ထိန်းသိမ်းထားတဲ့ ဝီဂါ ၄၅ ယောက် ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဝီဂါတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်းဒေသမှာ အဓိက နေထိုင်ပြီး တရုတ် အစိုးရရဲ့ ဖိနှိပ်မှုတွေကို ခံနေရတဲ့ လူမျိုးစု ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အရင်တုန်းကလည်း တချို့နိုင်ငံတွေဟာ လာရောက်ခိုလှုံ တိမ်းရှောင်နေသူ ဝီဂါတွေကို တရုတ်ဆီ ပြန်လည် ပို့ဆောင်ခဲ့တဲ့နောက် လက်စားချေ တိုက်ခိုက်မှု အခြေအနေမျိုးတွေ ကြုံဖူးတဲ့အတွက် လုံခြုံရေး သတိရှိကြဖို့ နှိုးဆော်ထားခဲ့ပါတယ်။

အဲဒီထဲကမှ အထင်ရှားဆုံး ဖြစ်စဉ် တစ်ခုကတော့ ၂၀၁၅ တုန်းက ဘန်ကောက်မြို့၊ အီရာဝမ် နတ်ကွန်းမှာ ဖြစ်ပွားတဲ့ ဗုံးကွဲမှုဖြစ်ပြီး ဝီဂါတွေကို တရုတ်ဆီ ပြန်ပို့လို့ လက်စားချေခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုအတွင်း လူ ၂၀ သေပြီး ၁၂၅ ဦး ဒဏ်ရာရခဲ့တာကို အမေရိကန် သံရုံးက ထောက်ပြထားခဲ့ပါတယ်။ အဲဒီ နတ်ကွန်းဟာ တရုတ်နိုင်ငံသား အများအပြား ရောက်ရှိ လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်သံရုံး ထုတ်ပြန်ချက်မှာတော့ ထိုင်းကနေ တရုတ်ဆီ ပြန်ပို့လိုက်တဲ့ ဝီဂါ ဦးရေကို ၄၀ လို့ ဖော်ပြထားခဲ့ပြီး အမေရိကန် သံရုံးနဲ့ အလားတူပဲ ၂၀၁၅ ခုနှစ်၊ အီရာဝမ် နတ်ကွန်း ဗုံးကွဲမှု အကြောင်းကို ဥပမာထားပြီး လုံခြုံရေးဆိုင်ရာ နိုးကြားကြဖို့ သတိပေးထားပါတယ်။

အစောပိုင်းတုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ တရုတ်ဆီ ဝီဂါတွေကို ပြန်ပို့ခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး တရုတ်ရဲ့ အာဏာရ ကွန်မြူနစ်ပါတီ (CCP)ဟာ ဝီဂါတွေ၊ ရှင်းကျန်းဒေသ အခြေစိုက် တခြားသော လူနည်းစု မျိုးနွယ်တွေ၊ လူနည်းစု ဘာသာခြားတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ပါ စွပ်စွဲခဲ့ပါတယ်။

တားကစ် အနွယ် မွတ်ဆလင်တွေဖြစ်တဲ့ ဝီဂါတွေဟာ တရုတ်ရဲ့ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အဓိက နေထိုင်ကြပြီး တရုတ်က တရားဝင် အသိအမှတ် ပြုထားတဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ် ၅၅ ခုထဲမှာ ပါဝင်ပါတယ်။ ၂၀၁၄ ကစလို့ တရုတ် အစိုးရဟာ ဝီဂါတွေကို အသွားအလာ ကန့်သတ်တာ၊ ဆန္ဒနဲ့ အညီမဟုတ်ဘဲ အတင်းအကျပ် သားဆက်ဖြတ်တာ၊ အဓမ္မ ခိုင်းစေတာတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

နောက်ပြီး ဝီဂါ တစ်သန်းလောက်ဟာလည်း တရုတ် အာဏာပိုင်တွေက ဖွင့်လှစ်ထားတဲ့ ထိန်းသိမ်းရေး စခန်းတွေထဲမှာ ပိတ်လှောင်တာ ခံထားရတယ်လို့ ဆိုပါတယ်။ တရုတ် အစိုးရကတော့ အဲဒီ စခန်းတွေဟာ ပြည်တွင်းမှာ ခွဲထွက်ရေးဝါဒနဲ့ အကြမ်းဖက်ဝါဒတွေ မပြန့်ပွားအောင် တားဆီးဖို့ ရည်ရွယ်တည်ဆောက်ထားတာလို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန် သံရုံး ထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံရောက် အမေရိကန် သံဝန်ထမ်းတွေ၊ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အထူးဂရုပြု လှုပ်ရှားသွားလာကြဖို့နဲ့ လူထူတဲ့ နေရာတွေ၊ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားတွေ အများအားဖြင့် သွားလာတဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ထည့်သွင်း သတိပေးထားတာ တွေ့ရပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။