Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသား အားလုံးကို စစ်သင်တန်းပေးဖို့ ပိုလန်ပြင်ဆင်နေ

အမျိုးသားတိုင်းကို စစ်သင်တန်း တက်ခိုင်းဖို့ ပြင်ဆင်နေကြောင်း ပိုလန် အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

အမျိုးသားတိုင်းကို စစ်သင်တန်း တက်ခိုင်းဖို့ ပြင်ဆင်နေကြောင်း ပိုလန် အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသား အားလုံးကို စစ်သင်တန်းပေးမယ့် အစီအစဉ်တွေကို လက်တွေ့ ရေးဆွဲ ပြင်ဆင်နေပြီလို့ ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်က လွှတ်တော်မှာ မတ်လ ၇ ရက်နေ့တုန်းက ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ကြေညာသွားခဲ့ပါတယ်။

အဲဒီ အစီအစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို လာမယ့် လပိုင်းတွေအတွင်း ထုတ်ပြန်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

တက်စ်ခ်က အရွယ်ရောက်ပြီး ပိုလန်အမျိုးသားအားလုံး စစ်သင်တန်း တက်ရမယ် ဆိုတာမျိုး ယေဘုယျ ပြောသွားပေမယ့် အသက်အရွယ်၊ ကျန်းမာရေး အခြေအနေစတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ကင်းလွတ်ခွင့် ပေးမလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ပိုလန်ရဲ့ လွှတ်တော်ဖြစ်တဲ့ ဆက်ဂျ်မ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ အစိုးရဟာ အရွယ်ရောက်ပြီး အမျိုးသား အားလုံးကို ထောက်ပံ့ပေးနိုင်လောက်အောင် အတိုင်းအတာ ကြီးမားတဲ့ စစ်သင်တန်း အစီအမံမျိုးကို ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ်က မှတ်ချက်ပေးသွားပါတယ်။

နှစ်ကုန်ပိုင်းလောက်ဆိုရင် အဲဒီ ရည်ရွယ်ချက်အတွက် သင့်တော်တဲ့ ပုံစံတွေကို အသင့်အနေအထား ပြင်ဆင် ရေးဆွဲထားပြီး ဖြစ်မယ်လို့ ယုံကြည်ကြောင်း၊ ပိုလန် အမျိုးသားတိုင်းဟာ စစ်ပွဲကြုံလာရင် တုံ့ပြန်နိုင်ဖို့ လိုအပ်မယ့် စစ်ပညာ အခြေခံတွေ တတ်မြောက်ထားဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ နိုင်ငံဟာ လုံလောက်တဲ့ အရန်အင်အား ရှိနေမှာဖြစ်ကြောင်း တက်စ်ခ်က ပြောကြားသွားပါတယ်။

သူက ယူကရိန်း စစ်တပ်မှာ အင်အား ၈ သိန်းလောက် ရှိနေပြီး ပိုလန်အပါအဝင် ဥရောပကို အဓိက ခြိမ်းခြောက်နေတဲ့ ရုရှားမှာ စစ်အင်အား ၁.၃ သန်းလောက် ပိုင်ဆိုင်ထားကြောင်း၊ လောလောဆယ် ပိုလန်စစ်တပ်ဟာ အင်အား ၂ သိန်းလောက်သာ ရှိနေပြီး သူ့အနေနဲ့ အရန်တပ်တွေ အပါအဝင် အင်အား ၅ သိန်းထိ တိုးမြှင့်ဖို့ ရည်ရွယ်ကြောင်းလည်း ဆိုပါတယ်။

အမျိုးသမီးတွေကိုလည်း စစ်သင်တန်း ပေးနိုင်မယ့် အခြေအနေတချို့ ရှိတဲ့တိုင်း လက်တွေ့အားဖြင့် ကြမ်းကြုတ်ရက်စက်တဲ့ စစ်မြေပြင်တွေမှာ အမျိုးသားတွေကသာ အဓိက လှုပ်ရှားကြရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရုရှားရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာခြင်းဟာ ပိုလန် အပါအဝင် ဥရောပ နိုင်ငံတွေအတွက် တပ်လှန့်မှု ဖြစ်လာသလို ပိုလန်ဟာ ဒီနှစ်မှာ နိုင်ငံ GDP စုစုပေါင်းရဲ့ ၄.၇ ရာခိုင်နှုန်းကို ကာကွယ်ရေး ဘတ်ဂျတ်အဖြစ် သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ NATO အဖွဲ့ဝင် စစ်မဟာမိတ် နိုင်ငံအားလုံးထဲမှာ ကာကွယ်ရေး ကဏ္ဍအတွက် ရန်ပုံငွေ အချိုးအစား အမြင့်ဆုံး အသုံးပြုမှု ဖြစ်လာပါတယ်။ တက်စ်ခ်ဟာ နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို GDPရဲ့ ၅ ရာခိုင်နှုန်းထိ မြှင့်တင်ဖို့လည်း လွှတ်တော်ကို တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။