Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Mercedes-Benz ကားစက်ရုံထဲက လူတူစက်ရုပ် လုပ်သားတွေ

မော်တော်ယာဉ် လုပ်ငန်းစုကြီးတွေရဲ့ ကားစက်ရုံတွေမှာ စက်ရုပ်နည်းပညာတွေ အသုံးချနေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးပါပြီ။ ဥပမာ အနေနဲ့ ဆိုရင် ကားအစိတ်အပိုင်းတွေ တပ်ဆင်တဲ့ စက်ရုပ်လက်တံမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါ။

မော်တော်ယာဉ် လုပ်ငန်းစုကြီးတွေရဲ့ ကားစက်ရုံတွေမှာ စက်ရုပ်နည်းပညာတွေ အသုံးချနေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးပါပြီ။ ဥပမာ အနေနဲ့ ဆိုရင် ကားအစိတ်အပိုင်းတွေ တပ်ဆင်တဲ့ စက်ရုပ်လက်တံမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါ။

ဒါပေမဲ့ ဂျာမနီရဲ့ နာမည်ကျော် မော်တော်ယာဉ် လုပ်ငန်းစုကြီး Mercedes-Benzကတော့ ကုမ္ပဏီရဲ့ စက်ရုပ်နည်းပညာ ပေါင်းစပ် အသုံးချမှုကို နောက်တစ်ဆင့် မြှင့်တင်တဲ့ အနေနဲ့ လူတူစက်ရုပ် (Humanoid)တွေကို လုပ်ငန်းခွင်ထဲမှာ ထည့်သုံးနေပြီ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ Mercedes-Benz စက်ရုံတစ်ခုမှာ လူတူစက်ရုပ်တွေ အသုံးပြုမှုကို စမ်းသပ်အဆင့် စတင်နေပြီး ရလဒ်တွေကလည်း ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ Merecedes-Benzက အထူးမှာယူထားတဲ့ လုပ်ငန်းခွင်သုံး စက်ရုပ်တွေကို အမေရိကန် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Apptronikက ထောက်ပံ့ပေးနေတာပါ။ အဲဒီ ကုမ္ပဏီဟာ တက္ကဆက်စ် လူတူစက်ရုပ် ဓာတ်ခွဲသုတေသန ဌာနရဲ့ လုပ်ငန်းခွဲအဖြစ် ၂၀၁၆ မှာ စတင်ထူထောင်ထားခဲ့တာပါ။

Apolloလို့ နာမည်ပေးထားတဲ့ လူတူစက်ရုပ်တွေဟာ အခုတော့ Mercedes-Benzရဲ့ စက်ရုံထဲမှာ လူသား လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ပါဝင် အလုပ်လုပ်နေကြပါတယ်။ လောလောဆယ်မှာတော့ အဲဒီ စက်ရုပ်တွေကို ပစ္စည်း သယ်ယူပို့ဆောင်မှုနဲ့ အလုပ်သဘောအရ တူညီတဲ့ လှုပ်ရှားမှုတွေကိုပဲ အကြိမ်ကြိမ် လုပ်ဆောင်ရတဲ့ တာဝန်မျိုးတွေမှာပဲ ခိုင်းစေထားသေးကြောင်း ဂျာမန် မော်တော်ယာဉ် လုပ်ငန်းစုကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Apollo စက်ရုပ်တွေဟာ ထုတ်ကုန်သစ် မော်တော်ကားတွေရဲ့ ကနဦးအဆင့် အရည်အသွေး စစ်ဆေးမှု တာဝန်မျိုးကိုလည်း ယူနိုင်စွမ်း ရှိပါတယ်။ အကောင်းဆုံး အချက်တစ်ခုကတော့ Apollo စက်ရုပ်တွေဟာ စွမ်းအင်သုံးစွဲမှု ပမာဏ နည်းနည်းနဲ့ အလုပ်လုပ်နိုင်တာ ဖြစ်သလို ဓာတ်အားကုန်ခါနီးရင် ကိုယ့်ဖာသာ အားသွားသွင်းလေ့ ရှိတာပါပဲ။

လူတူစက်ရုပ်တွေကို လုပ်ငန်းခွင်မှာ အသုံးပြုဖို့ ကြံစည်နေတဲ့ တခြား ကားကုမ္ပဏီတွေလည်း ရှိပါတယ်။ အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Teslaဟာ ကိုယ်ပိုင် လူတူစက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားနေပြီး ဂျာမန် ကားကုမ္ပဏီ BMWကလည်း အမေရိကန်နိုင်ငံ၊ တောင်ပိုင်း ကာရိုလိုင်းနားက ကားစက်ရုံထဲမှာ အဆင့်မြင့် စက်ရုပ်တွေကို စမ်းသပ်သုံးစွဲနေပါတယ်။

၂၀၂၄ ခုနှစ်မှာ တရုတ်ရဲ့ Dongfeng Motors ကားကုမ္ပဏီဟာ ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြု စက်ရုပ်တစ်ခုကို လက်တွေ့ စတင် အသုံးပြုခဲ့ပါတယ်။ Apolloနဲ့ တူညီစွာပဲ Dongfengရဲ့ စက်ရုပ်ဟာလည်း ပစ္စည်းသယ်ယူမှုနဲ့ အရည်အသွေး စစ်ဆေးမှုတွေကို အဓိက တာဝန်ယူ ကိုင်တွယ်ပေးနေတယ်လို့ သိရပါတယ်။

ကိုးကား – Carscoops

ဆက်စပ်သတင်းများ