Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းက စျေးတန်းတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံက စျေးတန်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေ၊ ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံက စျေးတန်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေ၊ ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဆမွတ် ပရာကန် ဒေသမှာရှိတဲ့ ဖရာ ပရာဒါအန်မှာရှိတဲ့ အဟောင်းတန်း စျေးတစ်ခုမှာ ဧပြီ ၄ ရက် မွန်းတည့်ချိန် ဝန်းကျင်က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ တွန်ဆိုင်စျေးတန်း စဖွင့်တဲ့နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး ရဲတွေနဲ့ ကယ်ဆယ်ရေးတွေ ရောက်ရှိလာချိန်မှာတော့ သွေးအိုင်ထဲမှာ ကျည်ဆန်ဒဏ်ရာတွေနဲ့ လဲနေတဲ့ အမျိုးသားကို ရှာတွေ့ခဲ့ပါတယ်။

နောက်ထပ် ၂ ယောက်ကလည်း ဒဏ်ရာတွေ ရထားတာကြောင့် အခင်းဖြစ်တဲ့ နေရာမှာ အရေးပေါ် ကုသပေးပြီး အဲဒီနောက် နီးစပ်ရာ ဆေးရုံတစ်ခုဆီ လွှဲပြောင်း ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။

ဖြစ်စဉ် အသေးစိတ်ကို မသိရသေးပေမယ့် မျက်မြင်တွေကတော့ သေနတ်သံ ၁၀ ချက်လောက်ကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ရဲတွေက အခင်းဖြစ်တဲ့ နေရာမှာ ကျည်ခွံ အနည်းဆုံး ၈ ခု ရှာတွေ့ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘာ့ဒ်လို့သာ နာမည်ဖော်ပြထားတဲ့ အသက် ၃၀ အရွယ် သံသယ တရားခံ အမျိုးသားကိုတော့ ရဲတွေက လိုက်လံ ရှာဖွေနေဆဲပါ။

ကနဦး စုံစမ်းမှုတွေအရ စျေးတန်းနဲ့ ဆက်စပ်တဲ့ အစောင့်အရှောက် အဖွဲ့တစ်ခုနဲ့ ပြိုင်ဘက်တွေကြား ပြဿနာတွေကနေ ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သံသယ တရားခံကို ရှာဖွေနေဆဲဖြစ်ပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတွေက ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။