Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ မူဝါဒတွေကို အမေရိကန် မြို့ကြီးတွေမှာ လူထောင်နဲ့ချီ ဆန္ဒပြ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း အမေရိကန်ရဲ့ မြို့ကြီးတချို့မှာ လူတွေ ထောင်နဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

AP

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း အမေရိကန်ရဲ့ မြို့ကြီးတချို့မှာ လူတွေ ထောင်နဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဧပြီ ၁၉ ရက်နေ့က မြို့တော် ဝါရှင်တန် ဒီစီအပါအဝင် မြို့ကြီးတွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ ထရမ့် အစိုးရက ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအကျပ် နယ်နှင်တာ၊ အစိုးရ ဝန်ထမ်းတွေကို အလုပ်ထုတ်တာတွေအပြင် ဂါဇာနဲ့ ယူကရိန်း စစ်ပွဲဆိုင်ရာ မူဝါဒတွေကိုပါ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရှေ့မှာ လူစုတဲ့ ဆန္ဒပြပွဲတွေမှာတော့ အလုပ်သမားတွေမှာလည်း လုပ်ပိုင်ခွင့် ရှိသင့်ကြောင်း၊ ဘုရင်လို အုပ်စိုးနေတာကို လက်မခံကြောင်း ကြွေးကြော်ခဲ့ကြသလို အစ္စရေးကို လက်နက် တပ်ဆင်တာတွေ ရပ်ဖို့လည်း တောင်းဆိုနေခဲ့ကြပါတယ်။

ဆန္ဒပြသူတွေထဲမှာ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုသူတွေ၊ ပါလက်စတိုင်းကို ထောက်ခံသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဆန္ဒပြပွဲတွေဟာ နယူးယောက်၊ ချီကာဂိုနဲ့ နောက်ထပ် ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာလည်း ဧပြီ ၁၉ ရက်နေ့က ပေါ်ပေါက်ခဲ့ပါတယ်။

ဆန်ဖရန် ဆစ္စကိုမှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး ထရမ့်ကို တရားဝင် စွပ်စွဲပြစ်တင်ဖို့၊ ရာထူးနေရာကနေ ဖယ်ရှားဖို့ တောင်းဆိုတဲ့ စာသားကို ပုံဖော်ခဲ့ကြပါတယ်။

ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတ ဖြစ်လာချိန် ကတည်းက ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေအပေါ် စိမ်းကားပြတ်တောက်တဲ့ သဘောထားတွေ ပြသလာပြီး ဂါဇာစစ်ပွဲမှာတော့ အစ္စရေးကို အလွန်အကျွံ လိုက်လျော ကူညီမှုတွေ ရှိလာပါတယ်။ ဒါ့အပြင် အမေရိကန်ကို တရားမဝင် ရောက်ရှိ ခိုလှုံနေသူတွေကို ဖြိုခွင်းပြီး နယ်နှင်တဲ့၊ နေရပ်ပြန်ပို့တဲ့ အစီအစဉ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်လာနေပြီး သူ့ရဲ့ နိုင်ငံရေး မဟာမိတ် အီလွန်မတ်က ဦးဆောင်ပြီး အစိုးရ ဝန်ထမ်းပေါင်း ၂၀၀၀၀၀ ကျော်ကိုလည်း အလုပ်ထုတ်ပယ်ထားခဲ့ပါတယ်။ မတ်စ်ခ်နဲ့ ထရမ့်တို့ဟာ အစိုးရ အသုံးစရိတ် ထိထိရောက်ရောက် လျှော့ချရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ ဖက်ဒရယ် အစိုးရ အေဂျင်စီ တချို့ကိုပါ အပြီးဖျက်သိမ်းဖို့ စီစဉ်နေကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေက လွှတ်ပေးခဲ့တဲ့ နောက်ဆုံးလက်ကျန် အမေရိကန်သား ဓားစာခံဟာ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

Facebook