Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ မူဝါဒတွေကို အမေရိကန် မြို့ကြီးတွေမှာ လူထောင်နဲ့ချီ ဆန္ဒပြ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း အမေရိကန်ရဲ့ မြို့ကြီးတချို့မှာ လူတွေ ထောင်နဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

AP

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း အမေရိကန်ရဲ့ မြို့ကြီးတချို့မှာ လူတွေ ထောင်နဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဧပြီ ၁၉ ရက်နေ့က မြို့တော် ဝါရှင်တန် ဒီစီအပါအဝင် မြို့ကြီးတွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ ထရမ့် အစိုးရက ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအကျပ် နယ်နှင်တာ၊ အစိုးရ ဝန်ထမ်းတွေကို အလုပ်ထုတ်တာတွေအပြင် ဂါဇာနဲ့ ယူကရိန်း စစ်ပွဲဆိုင်ရာ မူဝါဒတွေကိုပါ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရှေ့မှာ လူစုတဲ့ ဆန္ဒပြပွဲတွေမှာတော့ အလုပ်သမားတွေမှာလည်း လုပ်ပိုင်ခွင့် ရှိသင့်ကြောင်း၊ ဘုရင်လို အုပ်စိုးနေတာကို လက်မခံကြောင်း ကြွေးကြော်ခဲ့ကြသလို အစ္စရေးကို လက်နက် တပ်ဆင်တာတွေ ရပ်ဖို့လည်း တောင်းဆိုနေခဲ့ကြပါတယ်။

ဆန္ဒပြသူတွေထဲမှာ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုသူတွေ၊ ပါလက်စတိုင်းကို ထောက်ခံသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဆန္ဒပြပွဲတွေဟာ နယူးယောက်၊ ချီကာဂိုနဲ့ နောက်ထပ် ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာလည်း ဧပြီ ၁၉ ရက်နေ့က ပေါ်ပေါက်ခဲ့ပါတယ်။

ဆန်ဖရန် ဆစ္စကိုမှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး ထရမ့်ကို တရားဝင် စွပ်စွဲပြစ်တင်ဖို့၊ ရာထူးနေရာကနေ ဖယ်ရှားဖို့ တောင်းဆိုတဲ့ စာသားကို ပုံဖော်ခဲ့ကြပါတယ်။

ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတ ဖြစ်လာချိန် ကတည်းက ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေအပေါ် စိမ်းကားပြတ်တောက်တဲ့ သဘောထားတွေ ပြသလာပြီး ဂါဇာစစ်ပွဲမှာတော့ အစ္စရေးကို အလွန်အကျွံ လိုက်လျော ကူညီမှုတွေ ရှိလာပါတယ်။ ဒါ့အပြင် အမေရိကန်ကို တရားမဝင် ရောက်ရှိ ခိုလှုံနေသူတွေကို ဖြိုခွင်းပြီး နယ်နှင်တဲ့၊ နေရပ်ပြန်ပို့တဲ့ အစီအစဉ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်လာနေပြီး သူ့ရဲ့ နိုင်ငံရေး မဟာမိတ် အီလွန်မတ်က ဦးဆောင်ပြီး အစိုးရ ဝန်ထမ်းပေါင်း ၂၀၀၀၀၀ ကျော်ကိုလည်း အလုပ်ထုတ်ပယ်ထားခဲ့ပါတယ်။ မတ်စ်ခ်နဲ့ ထရမ့်တို့ဟာ အစိုးရ အသုံးစရိတ် ထိထိရောက်ရောက် လျှော့ချရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ ဖက်ဒရယ် အစိုးရ အေဂျင်စီ တချို့ကိုပါ အပြီးဖျက်သိမ်းဖို့ စီစဉ်နေကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook