Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီရဲ့ အကြီးဆုံးမြို့မှာ မဂ္ဂနီကျု ၆.၂ အဆင့် အပါအဝင် ငလျင်တွေ ဆက်တိုက်လှုပ်နေ

တူရကီနိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ မိနစ်ပိုင်းခြားပြီး ငလျင်တွေဆက်တိုက်လှုပ်ခတ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေကြရပါတယ်။

ဧပြီ – ၂၃ ၊ ၂၀၂၅

တူရကီနိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ မိနစ်ပိုင်းခြားပြီး ငလျင်တွေဆက်တိုက်လှုပ်ခတ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေကြရပါတယ်။

ငလျင်တွေထဲမှာ ဒုတိယ တစ်ခုက ပြင်းအား မဂ္ဂနီကျု ၆.၂ အဆင့်နဲ့ အားအပြင်းဆုံး ဖြစ်ခဲ့ပြီး မြို့ရဲ့ လူဦးရေ ၁၆ သန်းကို အထိတ်တလန့် ဖြစ်စေခဲ့တဲ့ ငလျင်လို့ ဆိုပါတယ်။

ငလျင်လှုပ်ချိန်ဟာ နေ့လယ်ပိုင်း ဖြစ်နေတာကြောင့် လူတွေက လမ်းမတွေပေါ် အထိတ်တလန့် ထွက်ပြေးလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စတန် ဘူလ် ဟာ တူရကီ တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၅ ပုံ ၁ ပုံ နေထိုင်တဲ့ မြို့ကြီးပါ။

ငလျင်တွေဟာ အစ္စတန်ဘူလ်ရဲ့ ဘူယွတ်ဆက်မီဆီ ဆင်ခြေဖုံး ရပ်ကွက်နဲ့ မာမာရာ ကမ်းခြေ တလျှောက်ကို အဓိက ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အစောပိုင်းမှာ ငလျင် ၃ ကြိမ် မိနစ်ပိုင်းခြား လှုပ်ခတ်ခဲ့ပြီး အဲဒီနောက်မှာလည်း ငလျင်ငယ်တွေ ဆက်လှုပ်နေတာလို့ အစ္စတန်ဘူလ် မြို့ခံတွေက ပြောပါတယ်။

ငလျင်တွေကြောင့် အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိသလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ အာဏာပိုင်တွေက မြို့ခံတွေ အနေနဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတယ်လို့ ယူဆရတဲ့ အဆောက် အအုံတွေထဲ မဝင်ဖို့ ဆော်ဩထားပါတယ်။

ပြီးတော့ အချင်းချင်း ဆက်သွယ်ရာမှာ ဖုန်းတွေကိုပဲ သုံးကြဖို့လည်း အကြံပြုထားပါတယ်။

BBC သတင်းထောက် အော်လာဂူရင်က အစ္စတန်ဘူလ်ကို သူရောက်ရှိနေတဲ့ ၆ နှစ်အတွင်း အဲဒီလောက် ပြင်းထန်တဲ့ ငလျင်မျိုး မကြုံဖူးဘူးလို့ ပြောပါတယ်။

ပြီးတော့ အသေအပျောက် သတင်းတွေလည်း လတ်တလော မကြားသေးဘူးလို့ သူက ဆိုပါတယ်။

ပညာရှင်တွေက အစ္စတန်ဘူလ်ဟာ မြေပြင် အနေအထားအရ ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်ခတ်တဲ့ အခြေအနေမျိုး ကြုံလာနိုင်ကြောင်း နှစ်ရှည်လများ သတိပေးထားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး တူရကီမှာ လူပေါင်း ၆၀,၀၀၀ လောက် သေဆုံးခဲ့ပြီး ဆီးရီးယားဖက်မှာ ၈,၀၀၀ လောက် အသေအပျောက် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။