Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရဲတပ်ဖွဲ့ရဲ့ လေယာဉ်ငယ် ပျက်ကျပြီး အနည်းဆုံး ၅ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ လေယာဉ်ငယ်တစ်စီး ပင်လယ်ကမ်းခြေနားကို ပျက်ကျခဲ့ရာက အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

191 Emergency Centre

ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ လေယာဉ်ငယ်တစ်စီး ပင်လယ်ကမ်းခြေနားကို ပျက်ကျခဲ့ရာက အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရဲ့ Bangkok Post သတင်းဌာနက ဟွာဟင် လေဆိပ်နားက ကမ်းလွန်ရေပြင်ကို ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လေယာဉ်မှူး ၃ ဦး အပါအဝင် ၅ ဦးသေပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပြီး တချို့ မီဒီယာတွေမှာတော့ အသေအပျောက်ကို ၆ ဦးလို့ ရေးသားထားတာ တွေ့ရပါတယ်။

ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းက လေယာဉ်ဟာ ဖက်ချာဘူရီ ပြည်နယ်၊ ချာအမ်ခရိုင်ထဲက ထိုင်းပင်လယ်ကွေ့ ကမ်းလွန်မှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ လေယာဉ် ပျက်ကျတဲ့ နေရာဟာ ဘေဘီဂရန်း ဟွာဟင်း ဟိုတယ်နဲ့ သိပ်မဝေးဘူးလို့လည်း သိရပါတယ်။

DHC-6-400 အမျိုးအစား လေယာဉ်ဟာ လေ့ကျင့်ရေးအတွက် လေထီးဆင်း တပ်ဖွဲ့ဝင် တချို့ကို သွားရောက် ခေါ်ဆောင်ဖို့ ပျံတက်ပြီး မကြာခင်မှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်မှူး ၃ ယောက်၊ စက်ပြင်အရာရှိ ၂ ဦးနဲ့ လေယာဉ် အင်ဂျင်နီယာ ၁ ဦးတို့ လိုက်ပါသွားခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ရဲမှူးကြီးအဆင့် အရာရှိကြီး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအာဏာပိုင်တွေက လေယာဉ်ပျက်ကျအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

လေယာဉ် ပျက်ကျရမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရှိတဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လေယာဉ်ငယ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အကူအညီ တောင်းခဲ့တဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုအတွက် ဖူးခက်မှာ ယာဉ် မောင်း တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။