Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ စားသောက်ဆိုင် မီးလောင်ပြီး ၂၀ ကျော်သေ၊ ဆိုင်ပိုင်ရှင် ဖမ်းဆီးခံထားရ

လူ ၂၀ ကျော် သေဆုံးခဲ့တဲ့ စားသောက်ဆိုင် မီးလောင်မှုကြီးအပြီး ဆိုင်ပိုင်ရှင်ကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

SCMP

လူ ၂၀ ကျော် သေဆုံးခဲ့တဲ့ စားသောက်ဆိုင် မီးလောင်မှုကြီးအပြီး ဆိုင်ပိုင်ရှင်ကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ လျောင်နင်းပြည်နယ်မှာရှိတဲ့ လျောင်ယန်း မြို့ထဲက စားသောက်ဆိုင် တစ်ခုမှာ ဧပြီ ၂၉ ရက်နေ့ နေ့လယ်လောက်က အပြင်းအထန် မီးလောင်မှု ဖြစ်ခဲ့တာပါ။ အဲဒီ ဖြစ်စဉ်မှာ လူ ၂၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မီးလောင်မှုကို မီးသတ်ယာဉ် ၂၂ စီးနဲ့ မီးသတ်ဝန်ထမ်း ၈၅ ဦးထိ အသုံးပြုပြီး ငြှိမ်းသတ်ခဲ့တဲ့နောက် မီးကျွမ်းနေတဲ့ အဆောက်အအုံထဲ ရှာဖွေရေးတွေ လုပ်ဆောင်တဲ့အခါ အလောင်းတွေကို ရှာတွေ့ခဲ့တာပါ။ ဒဏ်ရာ ရထားသူတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ ချက်ချင်း အရေးပေါ် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

Xinhua

ဧပြီ ၃၀ မနက်ပိုင်းမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းအားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး မီးလောင်မှု အကြောင်းရင်းကို ဖော်ထုတ်ဖို့ အာရုံစိုက် စုံစမ်းနေပါတယ်။ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ကတော့ လတ်တလောမှာ အဖမ်းခံထားရပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ကြုံနေပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် သမ္မတ ရှီကျင့်ဖျင်က ဒဏ်ရာရခဲ့သူတွေကို ကုသမှုတွေ၊ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်ပေးမှုတွေ၊ နစ်နာသူတွေရဲ့ မိသားစုတွေကို ကူညီပေးတာတွေ၊ မီးလောင်မှု အကြောင်းရင်းကို ဖော်ထုတ်တာတွေမှာ ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ ဌာန အသီးသီးကို တောင်းဆိုထားပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လူအသေအပျောက် များပြားတဲ့ မီးလောင်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ လောလောလတ်လတ် အနေနဲ့ ဧပြီ ၉ ရက်နေ့က နိုင်ငံမြောက်ပိုင်း ဟီပေမှာ ဘိုးဘွားရိပ်သာတစ်ခု မီးလောင်လို့ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ လတုန်းကလည်း ဘေဂျင်းမြို့တော် အနောက်မြောက်ဖက်မှာ ရှိနေတဲ့ ကျန်ချိုင်ကု ဟင်းသီးဟင်းရွက်စျေးမှာ မီးလောင်ရာက လူ ၈ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီမတိုင်ခင် တစ်လလောက်ကလည်း နိုင်ငံ အရှေ့ပိုင်း ရွန်ချန်းမြို့မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် မီးလောင်မှုကြောင့် လူ ၉ ဦး ဖိတ်စဉ်ခဲ့ပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။