Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ အပစ်ရပ်ပေမယ့် အစ္စရေးကို ဆက်ပြီး တိုက်ခိုက်နေမှာလို့ ဟိုသီပြော

အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲလိုက်တာဟာ အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့တော့ ဆက်နွှယ်မှု မရှိကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။

အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲလိုက်တာဟာ အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့တော့ ဆက်နွှယ်မှု မရှိကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဟိုသီတွေရဲ့ အလျှော့ပေး အညံ့ခံမှုကြောင့် အမေရိကန်ဟာ ယီမင်မှာ ဆင်နွှဲနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်တန့်တော့မယ်လို့ အခုသီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ဟိုသီတွေကြားမှာ ဝင်ညှိပေးခဲ့တဲ့ အိုမန် အစိုးရကလည်း အပစ်ရပ် သဘောတူညီမှု ရခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

မေလ ၇ ရက်နေ့မှာတော့ ဟိုသီတွေဖက်က သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ရာမှာ အပစ်ရပ်ဖို့ စပြီး လိုလားတောင်းဆိုခဲ့တာ အမေရိကန်ကိုယ်တိုင်သာ ဖြစ်တယ်လို ဖော်ပြထားခဲ့ပါတယ်။ အမေရိကန်ကသာ ရပ်တည်ချက် ပြောင်းသွားတာဖြစ်ပြီး ဟိုသီတွေဖက်က အပြောင်းအလဲ မရှိခဲ့ဘူးလို့ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

ဟိုသီတွေဟာ ပင်လယ်နီမှာ ခုတ်မောင်း သွားလာနေတဲ့ အမေရိကန် စစ်ဘက်နဲ့ အရပ်ဖက် ရေယာဉ်တွေကို တိုက်ခိုက်နေတာကို ရပ်တန့်ပစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထရမ့်ဟာ ယီမင်မှာ လေကြောင်း စစ်ဆင်ရေးတွေကို မတ်လကတည်းက စတင်စေခဲ့တာ ဖြစ်ပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာတော့ ဟိုသီတွေက လက်မြှောက် အရှုံးပေးပြီး အမေရိကန် သင်္ဘောတွေကို ပစ်မှတ်မထားတော့ဘူးလို့ လက်ခံ ကတိပြုခဲ့တဲ့အတွက် အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရပ်တန့်လိုက်တော့မယ်လို့ ထရမ့်က ကြေညာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ အပစ်ရပ် သဘောတူညီမှုနဲ့ ပတ်သက်ပြီး ဟိုသီတွေက နှုတ်ဆိတ်နေခဲ့ရာကနေ အခုတော့ ဒီသဘောတူညီမှုမှာ အစ္စရေးနဲ့ ဟိုသီကြားက ပဋိပက္ခတော့ အကျုံးမဝင်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

အပစ်ရပ် ဆွေးနွေးမှုမှာ ဟိုသီတွေဖက်က အဓိက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ အက်ဘ်ဒူလ် ဆာလမ်က ဟိုသီတွေ အနေနဲ့ ပါလက်စတိုင်း ပြည်သူတွေနဲ့ တစ်သားတည်း အတူရပ်တည်ပြီး အစ္စရေးကို ဆက်လက် တိုက်ခိုက်နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟိုသီတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းဟာ အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့၊ နိုင်ငံတကာ လေဆိပ်နားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး အစ္စရေးကလည်း ယီမင်နိုင်ငံရဲ့ ဆာနားမြို့တော် လေဆိပ်ကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ကြား ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စစ်ပွဲ စတင်လာချိန် ကတည်းက ဟိုသီတွေဟာ ယီမင်ကမ်းလွန် ပင်လယ်ပြင်မှာ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို အစ္စရေးနဲ့ အဆက်အဆံရှိတယ်လို့ စွပ်စွဲပြီး တိုက်ခိုက်မှုတွေ စတင်လာခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဟိုသီတွေကို စစ်ရေးအရ အကန့်အသတ်နဲ့ တုံ့ပြန်တာတွေ ရှိခဲ့ပေမယ့် ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေကို အလုံးစုံ မရပ်တန့်နိုင်ခဲ့ပါဘူး။ မတ်လ ၁၅ ရက်နေ့မှာတော့ ထရမ့်က နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းကို ဟိုသီတွေရဲ့ ပစ်မှတ်ထားမှုတွေ လုံးဝ မရပ်မချင်း တိုက်ခိုက်မယ်လို့ ကြုံးဝါးပြီး ယီမင်မှာ လေကြောင်းစစ်ဆင်ရေးတွေကို အစပြုစေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေက လွှတ်ပေးခဲ့တဲ့ နောက်ဆုံးလက်ကျန် အမေရိကန်သား ဓားစာခံဟာ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Facebook