Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးမှု အဆင်ပြေတယ်လို့ဆို

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

AFP

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် တရုတ် သွင်းကုန်တွေအပေါ် တင်းကျပ်တဲ့ အခွန်စည်းကြပ်မှုတွေ သတ်မှတ်ရာက ကမ္ဘာ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံနှစ်ခုကြားမှာ ကုန်သွယ်ရေး စစ်ပွဲဆန်တဲ့ အားပြိုင်မှုတွေ စတင်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အမေရိကန်နဲ့ တရုတ် ကိုယ်စားလှယ်တွေဟာ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ပဋိပက္ခတွေကို ဖြေလျှော့ဖို့ ဆွစ်ဇာလန် နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး အပေါင်းလက္ခဏာ ပြသနေတယ်လို့ ပြောပါတယ်။ တရုတ် ဒုတိယ ဝန်ကြီးချုပ် ဟီလီဖန်ကတော့ ဆွေးနွေးမှုတွေဟာ အရမ်း အသေးစိတ်ကျပြီး ပွင့်ပွင့်လင်းလင်း ရှိတယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်က ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု တစ်ခု ရရှိခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မကြေညာပါဘူး။ မေလ ၁၂ ရက်နေ့မှာတော့ နှစ်နိုင်ငံကြား ပူးတွဲ ကြေညာချက်တစ်စောင် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဘက်ဆန့်နဲ့ ဟီတို့ ဦးဆောင်တဲ့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကာလတလျှောက်လုံး တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က တရုတ် သွင်းကုန်တွေအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ပြီး တရုတ်ကလည်း အမေရိကန် ကုန်စည် တချို့ကို အခွန် ၁၂၅ ရာခိုင်နှုန်း မြင့်ကောက်ရင်း တန်ပြန်ခဲ့တဲ့ တင်းမာမှုတွေနောက်ပိုင်း ဒါဟာ နှစ်နိုင်ငံ ထိပ်တန်း အရာရှိတွေ ပထမဆုံး မျက်နှာ စုံညီ တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ၂ ရက်ကြာ ဆွေးနွေးမှုတွေ အပြီးမှာတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ သံအရာရှိ ဂျေမီဆန် ဂရီရာက တရုတ်နဲ့ ဆွေးနွေးခဲ့တဲ့ ရလဒ်တွေအရ အမေရိကန်ဟာ နှစ်စဉ် ကုန်သွယ်ရေး လိုငွေပြမှု ဒေါ်လာ ၁.၂ ထရီလီယံလောက်ကို လျှော့ချနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

နှစ်ဖက် ဆွေးနွေးမှု အခြေအနေ ကောင်းခဲ့တဲ့ နိမိတ် လက္ခဏာတွေကြောင့် မေလ ၁၂ ရက်နေ့မှာ တရုတ်နဲ့ ဟောင်ကောင် စတော့စျေးကွက်တွေ တက်ရိပ်ပြခဲ့ပြီး အမေရိကန်မှာလည်း စတော့စျေးကွက် အဖွင့်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ မြင်ရဖွယ် ရှိနေကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။