Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရခေါင်းဆောင် ယူနွတ်စ် နုတ်ထွက်တော့မယ်လို့သတင်းထွက်

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် မူဟာမက် ယူနွတ်စ်ဟာ ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

မေ – ၂၃ ၊၂၀၂၅ /People’s Spring

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် မူဟာမက် ယူနွတ်စ်ဟာ ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျစေခဲ့တဲ့ လူထုအုံကြွမှုကြီးအပြီး ဖွဲ့စည်းထားတဲ့ ယာယီ အစိုးရမှာ ဘဏ်လုပ်ငန်းရှင်နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ယူနွတ်စ်က အတိုင်ပင်ခံချုပ် ရာထူးကို လက်ခံယူပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။

ယူနွတ်စ်ရဲ့ ယာယီ အစိုးရဟာ ရွေးကောက်ပွဲ ကျင်းပပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်တဲ့ အစိုးရလက်ထဲ ပြန်လည် အပ်နှံမယ်လို့ ကတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယူနွတ်စ်ဟာ နိုင်ငံရေးပါတီ အားလုံးဆီက ပူးပေါင်း ပါဝင်မှုကို လိုလားနေတယ်လို့ အမျိုးသား နိုင်ငံသားပါတီ (NCP) အကြီးအကဲ နာဟစ်ဒ် အစ္စလာမ်က ပြောပါတယ်။

သူဟာ အတိုင်ပင်ခံချုပ်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ ပြီးတော့ နိုင်ငံရေး ပါတီတွေက မထောက်ခံဘူးဆိုရင် နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ ယူနွတ်စ်က သူ့ကို ပြောပြခဲ့ကြောင်း နာဟစ်ဒ်က ဆိုပါတယ်။ နောက်ပြီး ယူနွတ်စ် နုတ်ထွက်နိုင်ခြေ သတင်းတွေကလည်း ပျံ့နှံ့နေတာကြောင့် သူဟာ ဒီကိစ္စကို ယူနွတ်စ်နဲ့ သေသေချာချာ ဆွေးနွေးဖို့ လိုလားကြောင်းလည်း နာဟစ်ဒ်က မှတ်ချက် ပေးသွားပါတယ်။

အသက် ၈၄ နှစ်အရွယ် ယူနွတ်စ်ဟာ နိုင်ငံရေး ပါတီတွေနဲ့ လက်တွဲ အလုပ်လုပ်သွားချင်ပေမယ့် သူ့ဆီကို ဗဟိုပြု ကျရောက်နေတဲ့ မြောက်မြားလှစွာသော တောင်းဆိုမှုတွေအတွက် စိတ်ပျက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ယူနွတ်စ်က ပါတီတွေ အနေနဲ့ သူ့ကို မထောက်ခံချင်ဘူးဆိုရင် သူလည်း နုတ်ထွက်ဖို့ စဉ်းစားထားတယ်လို့ အစိုးရ အဖွဲ့ဝင်တွေကို အသိပေးခဲ့ကြောင်း သူ့ရဲ့ အတွင်းစည်း အရာရှိ တစ်ယောက်က ပြောပါတယ်။

လူသိများတဲ့ ပါတီတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က ယာယီ အစိုးရကို ဆန္ဒပြတဲ့ ချီတက်ပွဲတစ်ခုကို မြို့တော် ဒါကာမှာ ဦးဆောင် ကျင်းပခဲ့တဲ့နောက် ယူနွတ်စ်က ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ သဘောမျိုး တုံ့ပြန်လာတာ ဖြစ်ပါတယ်။

BNPက ယာယီ အစိုးရ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ပတ်သက်တဲ့ လမ်းပြမြေပုံကို မြန်မြန်ဆန်ဆန် မကြေညာဘူးဆိုရင် အစိုးရနဲ့ ပူးပေါင်းနေမှုတွေကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကိုးကား – Deccan Herald ၊ ဓာတ်ပုံ – reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

Facebook