Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြပွဲနဲ့ မသက်ဆိုင်တဲ့ လမ်းဘေးစျေးသည်ကို ကင်ညာရဲက ခေါင်းကို သေနတ်နဲ့ တေ့ပစ်

ကင်ညာနိုင်ငံက ဆန္ဒပြပွဲတွေမှာ တိုက်ရိုက် ပတ်သက်မှု မရှိတဲ့ လမ်းဘေး စျေးသည် တစ်ယောက်ရဲ့ ဦးခေါင်းကို ရဲအရာရှိက သေနတ်နဲ့တေ့ပြီး အနီးကပ် ပစ်ခတ်ခဲ့ပုံကို AP သတင်းဌာနက မှတ်တမ်းဓာတ်ပုံ ရရှိခဲ့ပါတယ်။

AP

ကင်ညာနိုင်ငံက ဆန္ဒပြပွဲတွေမှာ တိုက်ရိုက် ပတ်သက်မှု မရှိတဲ့ လမ်းဘေး စျေးသည် တစ်ယောက်ရဲ့ ဦးခေါင်းကို ရဲအရာရှိက သေနတ်နဲ့တေ့ပြီး အနီးကပ် ပစ်ခတ်ခဲ့ပုံကို AP သတင်းဌာနက မှတ်တမ်းဓာတ်ပုံ ရရှိခဲ့ပါတယ်။

လဆန်းပိုင်းက ရဲတွေ ဖမ်းဆီးထားတဲ့ bloggerတစ်ဦး သေဆုံးမှုကို အကြောင်းပြုပြီး ကင်ညာနိုင်ငံ အနှံ့မှာ လူထုအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ရဲတွေက အင်အားသုံး တုံ့ပြန် ဖြိုခွင်းမှုတွေ ရှိနေပါတယ်။

ဇွန်လ ၁၇ ရက်နေ့ ဖြစ်စဉ်မှာတော့ စစ်ရောင် ယူနီဖောင်း ဝတ်ထားတဲ့ ရဲတစ်ဦးဟာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းရင်း အနီးမှာ ရှိနေတဲ့ လမ်းဘေးစျေးသည်ကိုပါ ပြောင်းတိုသေနတ်နဲ့ အနီးကပ် တေ့ပစ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ရိုဘီ မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် လမ်းဘေး စျေးသည် ဘိုနီဖေ့စ် ကာရူကီဟာ အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာမျိုး ရသွားခဲ့ပါတယ်။

APသတင်းဌာနဟာ အဲဒီဖြစ်စဉ်ကို မှတ်တမ်းဓာတ်ပုံတွေ ရိုက်ယူနိုင်ခဲ့ပါတယ်။ ဓာတ်ပုံရဲ့ သဘောက သွေးပျက်ထိတ်လန့်စရာ ဖြစ်နေပေမယ့်လည်း ရဲတွေရဲ့ ကြမ်းကြုတ်ရက်စက်မှု အရှိတရားကို ဖော်ထုတ်ဖို့အတွက် ဓာတ်ပုံကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း APက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကာရူကီရဲ့ ဖခင်က သူ့သားဟာ အရေးပေါ် ကြပ်မတ်ကုသဆောင်ထဲမှာ ရှိနေဆဲလို့ ဇွန်လ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ပါတယ်။ ကင်ညာ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်ကို သတိပြုမိကြောင်းနဲ့ အပြစ်ရှိတဲ့ ရဲအရာရှိကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်တွေ အဓိက ဦးဆောင်ပါဝင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် ဇွန်လ ၁၇ ရက်နေ့တုန်းက နိုင်ရိုဘီမှာ ကာရူကီအပြင် နောက်ထပ် ၁၀ ယောက်လောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ရာနဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြသလို ဆိုင်ကယ်တွေနဲ့ ကားတွေကို မီးရှို့တာတွေ၊ တခြားဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။

ဆန္ဒပြသူတွေက သေဆုံးသူ blogger အဲလ်ဘတ် အော့ဂျ်ဝမ်ကို အသရေဖျက်မှုနဲ့ စွဲချက်တင်ခဲ့တဲ့ ရဲတပ်ဖွဲ့ ဒုတိယ စုံစမ်းရေး အရာရှိချုပ် အီလီယော့ဒ် လန်းဂတ်ကို ရာထူးက ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အော့ဂျ်ဝမ်ဟာ ဇွန်လ ၆ ရက်နေ့တုန်းက ရဲတပ်ဖွဲ့ ချုပ်နှောင်ထားစဉ် အတောအတွင်း သေဆုံးခဲ့ပြီး အကျိုးဆက်အဖြစ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။

အော့ဂျ်ဝမ်ကို ချုပ်နှောင်ထားခဲ့တဲ့ ရဲစခန်းရဲ့ စခန်းမှူးနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးကိုတော့ တစ်ပတ်အကြာမှာ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကင်ညာ ရဲတပ်ဖွဲ့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပြီး သမ္မတ ဝီလီယံ ရူတိုကတော့ ရဲတွေရဲ့ တရားလက်မဲ့ သတ်ဖြတ်မှုတွေ အပါအဝင် အဲဒီလို ဆိုးရွားတဲ့ ကိစ္စတွေကို အဆုံးသတ်စေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ကြွေးကြော်ဖူးပါတယ်။

မနှစ်တုန်းကလည်း အစိုးရရဲ့ ဘဏ္ဍာရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ကန့်ကွက်ပြီး သမ္မတ ရူတို နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တချို့ကို ရဲတွေက အဓမ္မ ဖမ်းဆီးပြီး သတ်ဖြတ်ပစ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

ကင်ညာနိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေအတွက် အီဘိုလာ quarantine စင်တာ ဖွင့်လှစ်မယ့် ကိစ္စကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

နိုင်ငံတကာ

ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် အကောင်ရေ ၂၀၀၀ ကျော်ကို မှောင်ခို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ် နိုင်ငံသား တစ်ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းမပေါ်မှာ လမ်းဘေးဈေးသည်တွေကို အာဏာသိမ်းစစ်တပ်က​ရောင်းချခွင့်မပေးတော့တာကြောင့် ရှင်းလင်းနေပါတယ်။