Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်ခြင်းက အမေရိကန်ရဲ့ ယုံကြည်စိတ်ချရမှုကို ထိခိုက်သွားစေတယ်လို့ တရုတ်ပြော

အီရန်ကို တိုက်ခိုက်ခဲ့ခြင်းက အမေရိကန်အပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ယုံကြည်စိတ်ချရမှု လျော့ကျသွားစေတယ်လို့ တရုတ်က ပြောပါတယ်။

Reuters

အီရန်ကို တိုက်ခိုက်ခဲ့ခြင်းက အမေရိကန်အပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ယုံကြည်စိတ်ချရမှု လျော့ကျသွားစေတယ်လို့ တရုတ်က ပြောပါတယ်။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ အီရန်ကို စစ်ရေးအရ ကိုယ်ထိလက်ရောက် ကျူးကျော်ပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့နောက် အမေရိကန်အပေါ် နိုင်ငံတကာ ယုံကြည်စိတ်ချမှုဟာ သေချာပေါက် ထိခိုက် ကျဆင်းသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားသွားပါတယ်။

နောက်ပြီး အမေရိကန်ရဲ့ စွက်ဖက်လိုက်မှုကြောင့် အရှေ့အလယ်ပိုင်း ဒေသထဲက ပြဿနာတွေဟာ ထိန်းမနိုင်သိမ်းမရ အဆင့်မျိုးထိ ဆိုးရွားသွားမှာ စိုးရိမ်ရတယ်လို့လည်း ဖူကောင်းက မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန်တို့ကြား အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာက ဇွန်လ ၂၂ ရက် မနက်အစောပိုင်းမှာတော့ အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကပါ အီရန်ကို ဗုံးဝင်ကြဲခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ စစ်ဆင်ရေး အပြီးမှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပြီး ရုရှား၊ တရုတ်၊ ပါကစ္စတန် နိုင်ငံတွေက အရှေ့အလယ်ပိုင်းမှာ ချက်ချင်း၊ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေး အကောင်အထည် ပေါ်လာအောင် ဝိုင်းဝန်းတောင်းဆိုကြဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

ဖူက လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခမှာ ဆက်စပ် ပါဝင်နေတဲ့ အင်အားစု အသီးသီးဟာ အခြေအနေတွေ ပိုဆိုးလာအောင် မီးစာဖြည့်ပေးတာမျိုး လုပ်ရပ်တွေကနေ ရှောင်ရှားကြဖို့ တောင်းဆိုခဲ့ပါတယ်။

အထူးသဖြင့် အစ္စရေးဟာ ချက်ချင်း အပစ်ရပ်သင့်ပြီး အခြေအနေတွေကို ပိုဆိုးမသွားအောင်၊ အလုံးစုံ စစ်ပွဲကြီးအဆင့်ထိ ရောက်မသွားအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သင့်ကြောင်း ဖူက ပြောပါတယ်။

အမေရိကန်နဲ့ အီရန်ကြားက ကိစ္စမှာတော့ အီရန်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အထိနာသွားသလို အမေရိကန်ရဲ့ ယုံကြည်စိတ်ချရမှု သမာဓိဂုဏ်ကလည်း ထိခိုက်ပျက်ယွင်းသွားတယ်လို့ ဖူက ဝေဖန်သွားပါတယ်။

တရုတ်အစိုးရပိုင် Global Times သတင်းစာကတော့ ဒေသတွင်း ပြဿနာတွေမှာ ပြင်ပ အင်အားကြီး နိုင်ငံတွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်တဲ့ အခါတိုင်း ငြိမ်းချမ်းမှုကို မရနိုင်ဘဲ အမုန်းတရားတွေ၊ ထိခိုက်ခံစားရမှုတွေသာ ပိုမို ကြီးထွားလာမယ်လို့ ဖော်ပြထားပါတယ်။

အီရန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ အီရန်မှာရှိတဲ့ တရုတ်နိုင်ငံသား အများအပြားကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းထားပြီးပြီလို့ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ ကြေညာခဲ့ပြီး ကျန်နေသေးတဲ့ သူတွေကလည်း အန္တရာယ် အများဆုံး ဇုန်နေရာတွေမှာ မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။