Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်းကို ရီပတ်ဘလစ်ကန်တွေ ထောက်ခံရင် ကိုယ်ပိုင် နိုင်ငံရေးပါတီ ထောင်မယ်လို့ မတ်စ်ခ် သတိပေး

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်သွင်းတဲ့ အခွန်နဲ့ အသုံးစရိတ် အဆိုမူကြမ်းကို လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်အောင် အာဏာရ ရီပတ်ဘလစ်ကန် ပါတီက ပံ့ပိုးပေးခဲ့မယ်ဆိုရင် နိုင်ငံရေး ပါတီသစ်တစ်ခု ထူထောင်သွားမယ်လို့ အီလွန်မတ်စ်ခ်က သတိပေးခဲ့ပါတယ်။

The New York Times

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်သွင်းတဲ့ အခွန်နဲ့ အသုံးစရိတ် အဆိုမူကြမ်းကို လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်အောင် အာဏာရ ရီပတ်ဘလစ်ကန် ပါတီက ပံ့ပိုးပေးခဲ့မယ်ဆိုရင် နိုင်ငံရေး ပါတီသစ်တစ်ခု ထူထောင်သွားမယ်လို့ အီလွန်မတ်စ်ခ်က သတိပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ မတ်စ်ခ်ဟာ ထရမ့်နဲ့ လူသိရှင်ကြား ခွာပြဲမသွားခင်အထိ အရင်းနှီးဆုံး နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြသလို အစိုးရ အဖွဲ့ထဲမှာပါ ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခွန်အခတွေ လျှော့ချပြီး ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်မယ့် ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်းကို မတ်စ်ခ်က အပြင်းအထန် ဝေဖန်ရာက သူတို့နှစ်ဦးကြား ဆက်ဆံရေး ခါးသီးသွားခဲ့ပါတယ်။

ထရမ့်က သူ့ရဲ့ အခွန်မူကြမ်းကို အင်မတန် လှပခမ်းနားတယ်လို့ ညွှန်းဆိုထားပေမယ့် မတ်စ်ခ်ကတော့ စက်ဆုပ်စရာ မူမမှန်မှု တစ်ခုလို့ ပုတ်ခတ်ခဲ့ပါတယ်။ အခုအခါမှာတော့ ထရမ့်ရဲ့ ဘတ်ဂျတ် အဆိုကြမ်းကို လွှတ်တော်မှာ အတည်ပြုချက် ရရှိနိုင်ရေး ဆွေးနွေးတဲ့ အဆင့်ကို ရောက်နေပြီး မတ်စ်ခ်က ရီပတ်ဘလစ်ကန် အမတ်တွေက အဆိုအောင်မြင်အောင် ဝိုင်းဝန်းထောက်ခံ ကူညီကြမှာလား ဆိုတာကို စောင့်ကြည့်မယ်လို့ ပြောပါတယ်။

မတ်စ်ခ်ဟာ ၂၀၂၄ ရွေးကောက်ပွဲ ကာလတုန်းက ထရမ့်ကိုရော၊ ရီပတ်ဘလစ်ကန် ပါတီကိုပါ နိုင်ငံရေး ရန်ပုံငွေ အများဆုံး ကျောထောက်နောက်ခံ ထည့်ဝင်ခဲ့သူ ဖြစ်ပါတယ်။ သူက ထရမ့်ရဲ့ ဘတ်ဂျတ်အဆိုသာ အထမြောက်သွားရင် ရီပတ်ဘလစ်ကန်တွေကို ကျောခိုင်းပြီး ကိုယ်ပိုင် ပါတီသစ်တစ်ခု ထူထောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်စ်ခ်ရဲ့ စကားဟာ ထရမ့်နဲ့ သူနဲ့ကြားမှာ ရီပတ်ဘလစ်ကန် နိုင်ငံရေး အမတ်တွေကို အကြီးအကျယ် အနေကျပ်စေမယ့် ဖိအားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ထရမ့်အတွက်လည်း မတ်စ်ခ်ဆီက တိုက်ရိုက် စိန်ခေါ်မှု တစ်ခုအနေနဲ့ ရှုမြင်လာစရာ ရှိပါတယ်။

ဒီလောက် ရူးမိုက်တဲ့ ငွေကြေးသုံးစွဲမှု အဆိုမူကြမ်းမျိုးသာ ဒီနေ့မှာ လွှတ်တော် အတည်ပြုချက် ရခဲ့ရင် မနက်ဖြန်မှာ အမေရိကန် ပါတီကို သူထူထောင်ရလိမ့်မယ်လို့ မတ်စ်ခ်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ ဒီမိုကရက်တစ်တွေနဲ့ ရီပတ်ဘလစ်ကန်တွေပဲ ပြိုင်ဆိုင်နေတာမျိုး မဟုတ်ဘဲ လူထုရဲ့ အသံကို အမှန်တကယ် ဖော်ပြနိုင်မယ့် နောက်ထပ် အပြောင်းအလဲ အင်အားစုတစ်ခု လိုအပ်လာနေပြီလို့ မတ်စ်ခ်က ဆိုပါတယ်။

မတ်စ်ခ်က ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်း အဆိုကို ကန့်ကွက်နေတဲ့ ကင်တက်ကီ ပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီကို ထောက်ခံကြောင်းလည်း အတိအလင်း သဘောထား မှတ်ချက် ပေးထားပါတယ်။

တကယ်လို့ ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်းကို ဝိုင်းဝန်း ထောက်ခံကြမယ်ဆိုရင် နောက်နှစ်ကစလို့ လွှတ်တော် နှစ်ရပ်လုံးက ရီပတ်ဘလစ်ကန် အမတ်တွေဟာ သူ့ရဲ့ ထောက်ခံ အားပေးမှုကို ဆုံးရှုံးရလိမ့်မယ်လို့တောင် တစ်ကြိမ်မှာ မတ်စ်ခ်က သတိပေးခဲ့ပါတယ်။ မတ်စ်ခ်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေအတွက် ဒေါ်လာ သန်း ၃၀၀ လောက် ရက်ရက်ရောရော လှူဒါန်းထားသူပါ။

လက်ရှိ အခြေအနေတွေအရ ထရမ့်နဲ့ မတ်စ်ခ်ကြားက ဆက်ဆံရေးဟာ ပိုမို တင်းမာ ခါးသီးလာမယ့် အလားအလာ ရှိနေပြီး ထရမ့်ရဲ့ ဘတ်ဂျတ် အဆိုပြုချက် မူကြမ်းကို အဆုံးထိ ဆန့်ကျင်မယ့် သဘောထားမျိုးကို မတ်စ်ခ်က ရှင်းရှင်းလင်းလင်း ပြသလာခြင်းလည်း ဖြစ်ပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။