Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးကျော် စစ်ပြုခံရမှုကို တုံ့ပြန်တဲ့ အခြေအနေမျိုး ထိုင်ဝမ်မှာ အကြီးအကျယ် လေ့ကျင့်

ရန်သူရဲ့ ကျူးကျော် တိုက်ခိုက်မှုကို အရေးပေါ် တုံ့ပြန်တဲ့ သရုပ်တူ လေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်မှာ ပြုလုပ်ခဲ့ပါတယ်။

Getty Images

ရန်သူရဲ့ ကျူးကျော် တိုက်ခိုက်မှုကို အရေးပေါ် တုံ့ပြန်တဲ့ သရုပ်တူ လေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်တဲ့ လေ့ကျင့်မှုဟာ အဲဒီလို အမျိုးအစားတွေထဲမှာ ထိုင်ဝမ် လုပ်ဆောင်ဖူးသမျှ ပမာဏ အကြီးမား အကျယ်ပြန့်ဆုံးဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရော၊ ပြည်သူတွေပါ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

လေကြောင်းတိုက်ခိုက်မှု အန္တရာယ် သတိပေးချက် အချက်ပေး ဥဩသံတွေဟာ ထိုင်ပေ မြို့တော်တဝိုက်မှာ မြည်ဟည်းသွားခဲ့ပြီး ဒေသခံတွေဟာ ကြိုတင် သတ်မှတ်ထားတဲ့ ခိုလှုံရေး နေရာတွေဆီ ရွှေ့ပြောင်းခဲ့ကြပါတယ်။ မနက်ပိုင်း အခြေအနေအရ လမ်းတွေပေါ်မှာ ကားအသွားအလာတွေလည်း ရပ်တန့်သွားပြီး လက်တွေ့ စစ်ဖြစ်နေတဲ့ ပုံစံကို ပြောင်းသွားပါတယ်။

ထိုင်ဝမ် အာဏာပိုင်တွေရဲ့ အဆိုအရ ပြည်သူတွေကို အုံနဲ့ကျင်းနဲ့ ကူညီ ရွှေ့ပြောင်းပေးမှု၊ အများအပြား ထိခိုက်သေဆုံးတာတွေကို ကိုင်တွယ် စီမံမှု သရုပ်တူ လေ့ကျင့်ခြင်းတွေကိုလည်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ဟာ တရုတ်ကမ်းလွန်မှာ တည်ရှိနေပြီး တရုတ်ရဲ့ အချိန်ပြည့် ရန်လို ခြိမ်းခြောက်မှုကို ခံနေရတဲ့ ကျွန်းနိုင်ငံပါ။ ဒီမိုကရေစီ ပြည့်ဝထွန်းကားတဲ့ ထိုင်ဝမ်က ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်မှုကို လိုလားနေပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အရပ်သားတွေပါ ပါဝင်တဲ့ အခုလေ့ကျင့်မှုဟာ ထိုင်ဝမ်က နှစ်စဉ် ပြုလုပ်နေကျ အကြီးမားဆုံး ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့လည်း ဆက်နွှယ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်တဲ့ စစ်အင်အားပြ လှုပ်ရှားမှုတွေကို ပိုမို လုပ်ဆောင်လာသလို ထိုင်ဝမ်ကလည်း ကာကွယ်ရေး အင်အားရော၊ နည်းပညာပိုင်းကိုပါ အပူတပြင်း မြှင့်တင်နေပါတယ်။

အရင်ကလည်း ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုတွေမှာ အရပ်သားတွေကို ကာကွယ်ပေးတဲ့ အပိုင်းတွေ ပါဝင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ကျူးကျော် တိုက်ခိုက်ခံရတဲ့ အချိန်မှာ စစ်တပ်ရော၊ အရပ်သားတွေပါ တပြိုင်တည်း လှုပ်ရှား တုံ့ပြန်ကြပုံကို အတိုင်းအတာ ကြီးကြီးမားမားနဲ့ ပေါင်းစပ် လေ့ကျင့်လာတာ ဖြစ်ပါတယ်။ အခုနှစ် ဟန်ကွမ်းစစ်ရေး လေ့ကျင့်မှုဟာ ဇူလိုင် ၁၅ ရက်နေ့မှာ စတင်ခဲ့ပြီး ၁၈ ရက်နေ့မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ်က လိုင်ချင်တေး သမ္မတ ဖြစ်လာချိန် ကတည်းက နှစ်ဖက်ဆက်ဆံရေးဟာ ပိုမိုခါးသီးလာနေခဲ့ပါတယ်။ တရုတ်က လိုင်ဟာ ခွဲထွက်ရေး ဝါဒီတစ်ယောက်လို့ စွပ်စွဲထားပြီး ရန်လို တင်းမာမှုကို အတိအလင်း ပြသထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ကျွန်းငယ်တွေမှာ ကင်းလှည့်တာဝန်ယူဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုပ်ခွေးတွေကို ထိုင်ဝမ်စစ်တပ်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ရေး မစ်ရှင်အတွင်း ထိုင်ဝမ်စစ်တပ်ရဲ့ အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။